အနက်ရောင်ဝတ်စုံနဲ့ ဘယ်လိုတွဲဖက်ကြမလဲ














အနက်ရောင်ဝတ်စုံ…၀တ်စုံတွေအားလုံးရဲ့ဘုရင်မ။ မိန်းကလေးတိုင်း မရှိမဖြစ်ရှိသင့်တဲ့ဝတ်စုံဆိုရင်လည်း မမှားပါဘူး။ အားလုံးထဲမှာ ထင်ရှားပေါ်လွင်နေစေတယ်။ အချိန်မရွေးဘူး။ နေရာမရွေးဘူး။ လူမရွေးဘူး။ ကောင်းပြီ…ဒီအနက်ရောင်ဝတ်စုံရဲ့အလှ ပိုပြီးထင်ရှားပေါ်လွင်နေစေဖို့ ဘယ်လိုဝတ်ဆင်ကြမလဲ…

ဂန္တ၀င်ဆန်
အနက်ရောင်ဝတ်စုံနဲ့ အလို-က်ဖက်ဆုံးဆိုရင် Audrey လို့ပြောနိုင်ပါတယ်။ အနက်ရောင်ဝတ်စုံလေးကို လည်ဆွဲ၊ နားကပ်လိုမျိုးနဲ့တွဲဖက်လိုက်ပါ။ ဘယ်နေရာရောက်ရောက် ပွဲတင့်နေမယ့်အပြင်အဆင်လေးဖြစ်ပါတယ်။

အနီရောင်နှုတ်ခမ်းနီ
အနက်ရောင်ဝတ်စုံနဲ့ အလိုက်ဖက်ဆုံးကတော့ တောက်ပပြီးရဲရင့်တဲ့အသွင်ဆောင်တဲ့ အနီရောင်နှုတ်ခမ်းဆိုးဆေးပါ။ ၀တ်ဆင်သူကိုရင့်ကျက်စေပြီး ထင်ရှားပေါ်လွင်နေစေပါလိမ့်မယ်။

ယောက်ျားဆန်ဆန်ဝတ်
တကယ်လို့အနက်ရောင်ဝတ်စုံလေးဝတ်ပြီး ကြွကြွလေးနဲ့ မိန်းကလေးဆန်ရတာ အနေရခက်နေရင် ဘောင်းဘီ၊ လည်ရှည် ဒေါက်ဖိနပ်လိုမျိုးနဲ့တွဲဖက်ပြီး ယောက်ျားလေးဆန်တဲ့အသွင်ဖန်တီးကြည့်ပါ။

အလွှာအထပ်
အနက်ရောင်ဝတ်စုံလေးရဲ့အပေါ်ကနေ သူနဲ့လိုက်ဖက်တဲ့ ဂျင်းအင်္ကျီ၊ သားရေဂျာကင်လေးနဲ့တွဲဖက်လိုက်မယ်ဆိုရင် အမြင်တစ်မျိုးဆန်းသစ်သွားစေပါလိမ့်မယ်။

အသားရောင်ဒေါက်ဖိနပ်
အနက်ရောင်ဝတ်စုံနဲ့ အလိုက်ဖက်ဆုံးက အသားရောင်ဒေါက်ဖိနပ်ပါ။ အရပ်ကိုပိုပြီးရှည်သွယ်သွားသယောင်ထင်ရစေပါတယ်။

လက်ကိုင်အိတ်
လက်ကိုင်အိတ်တစ်လုံးရဲ့အလှကလည်း အနက်ရောင်ဝတ်ဆင်ထားတဲ့မိန်းကလေးတစ်ယောက်အတွက် အရေးကြီးပါတယ်။ ပခုံးကြိုးနဲ့လွယ်ရတဲ့အိတ်တွေက ၀တ်စုံအလှကိုပျက်စီးစေပါလိမ့်မယ်။

ဘောင်းဘီ
အသားကပ်ဘောင်းဘီ၊ ဘောင်းဘီအကျပ်လိုမျိုး လိုက်ဖက်ရာဝတ်ဆင်နိုင်ပါတယ်။

အနက်ရောင်ဆင
ဝတ်စုံလည်းအနက်၊ လည်ဆွဲ၊ နားကပ်၊ ကျန်တဲ့ Accessories တွေအားလုံးအနက်တွဲဖက်ကြည့်ပါ။ တမူထူးခြားလှပသွားပါလိမ့်မယ်။

Crytstal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်







Share on Google Plus

0 comments:

Post a Comment