BLADES BRIM










SYBO ဆိုရင် လူတော်တော်များများက သတိထားမိမယ်မထင်ပါဘူး။ သူတို့ဟာ တခြားမိုဘိုင်းဂိမ်း ထုတ်လုပ်သူတွေလို မကြာခဏဂိမ်းအသစ်တွေစက်နဲ့ လှည့်ထုတ်သလို ထွက်နေတာမဟုတ်ပါဘူး။ ဒါပေမဲ့ Subway Surfer ဆိုတဲ့ သူတို့ရဲ့လက်ရာဂိမ်းကတော့  မိုဘိုင်းဂိမ်းကစားသူတွေအားလုံးနီးပါး မြင်ဖူးဆော့ဖူးတဲ့ Runner ဂိမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ အခုအခါ SYBO ဟာနောက်ထပ် Runner  ဂိမ်းတစ်ခုကို iOS ပလက်ဖောင်းအတွက် ထုတ်လုပ်လိုက်ပြီး ၄င်းဟာ သမာရိုးကျ Runner  ဂိမ်းတွေနဲ့ကွဲပြားပြီး သူတို့ရဲ့ နှစ်လိုစရာ Animation လက်ရာကိုလည်း မတူညီတဲ့ နောက်ခံကမ္ဘာမှာ ပြန်လည်တွေ့ရှိရမှာဖြစ်ပါတယ်။

Blade of Brim နဲ့ တခြား Runner  ဂိမ်းအများစုနဲ့ ကွာခြားချက်ကတော့ ကစားသူဟာ အန္တရာယ်အတား အဆီးတွေကိုပဲ ရှောင်တိမ်းနေရမှာမဟုတ်ဘဲ မိစ္ဆာ Goon တွေကိုပါတိုက်ခိုက်သွားရမှာပါ။ Brim ရဲ့ သူရဲကောင်းတွေဟာ ကျူးကျော်လာတဲ့ Goon စစ်တပ်ကိုတိုက်ခိုက်ရင်း Goon တွေရဲ့ခေါင်းဆောင်နောက်ကို လိုက်ရမယ့်ပုံစံနဲ့ ကစားရမှာပါ။ သူရဲကောင်းတွေဆိုတဲ့အတိုင်း သူတို့ဟာ Goon တွေကို အလွယ်တကူ အနိုင်ယူနိုင်တယ်။ ပတ်ဝန်းကျင်ရဲ့ အားသာချက်တွေကိုယူပြီး ရှေ့ကိုဆက်သွားနိုင်တယ်။ ဒါ့အပြင် မှော်ပညာနဲ့ လက်နက်တွေ၊ Power-ups တွေစီးနင်းနိုင်တဲ့ သတ္တ၀ါတွေနဲ့ ကိုယ့်ကိုစွမ်းအင်တင်ပေးနိုင်တဲ့ ၀တ်စုံတွေကို လည်းပိုင်ဆိုင်ပါသေးတယ်။ 

ဒီနေရာမှာ စီးနင်းနိုင်တဲ့ Pet တွေက Subway Surfer  တုန်းက Surf Board တွေနဲ့တူညီပါတယ်။ သူတို့ကိုစီးထားတုန်းသေသွားရင် တစ်သက်ပြန်ကယ်တင်ပေးမယ်။ Special range attack တစ်မျိုးပါမယ်။ စသဖြင့်ပေါ့။ Pet attack တွေကလည်း Fire, Ice, Lighting  နဲ့ Arcane ဆိုပြီး ၄ မျိုး ရွေးချယ်နိုင်တယ်။ တစ်ခုချင်းစီမှာ သူ့အားသာချက်နဲ့သူရှိပါတယ်။ စာရေးသူကတော့ Fire နဲ့ Lighting attack တွေကိုပိုကြိုက်တယ်။ Pet တွေသာမက လက်နက်တွေမှာလည်း Elemental attack တွေရှိတတ်တယ်။ Pet နဲ့ Weapon တွေကို Level အဆုံးထိတင်ထားရင်  Score Multiplier စတဲ့ အကျိုးတွေပါရရှိမှာဖြစ်တယ်။

Subway Surfer က ထည့်သွင်းထားတဲ့ element တွေကို ဆင်တူရိုးမှားတွေ ပြန်လည်အသုံးပြု ထားတာကို မြင်တွေ့ရမှာပါ။ ဒါပေမဲ့ ဆန်းသစ်ပြီးအရသာအသစ်နဲ့ ပျော်ပျော်ကြီးကစားနိုင်မယ်ဆိုတာကိုတော့ အာမခံနိုင်ပါတယ်။ Brim ရဲ့ သူရဲကောင်းတွေက လောလောဆယ် ငါးယောက်ရှိပြီး သူပေးထားတဲ့ Ques တွေလုပ်ရင်းနဲ့ Level တက်တဲ့အခါမှ Hero အသစ်တွေကို ၀ယ်သွားနိုင်မှာပါ။ Gold နဲ့ Essence ဆိုပြီး Currency နှစ်ခုရှိပြီး Gold နဲ့ Common, Rare ရတနာသေတ္တာတွေ ၀ယ်ယူနိုင်ပြီးတော့ Epic ရတနာတွေ ကိုတော့ Essence နဲ့သာဝယ်ယူနိုင်တယ်။ SS ဆော့ဖူးတဲ့ လူတွေအတွက်တော့ Essence ဆိုတာ Key နဲ့ အတူတူပါပဲဆို သဘောပေါက်မှာပါ။

Action RPG လို့ဆိုရတာ ကစားသူဟာ လမ်းတစ်လျှောက်လုံးမှာရှိတဲ့ Goon တွေကို တိုက်ခိုက်သွားရမှာက ဒီဂိမ်းရဲ့ အဓိကအပြောင်းလဲဖြစ်နေလို့ပါ။ ဒါပေမဲ့ ကစားချိန်နဲ့မဆိုင်ဘဲ Quest တွေကို လုပ်နိုင်မှ Level တက်ပြီး Reward တွေလည်းရရှိနိုင်မှာဖြစ်ပါတယ်။ သတိထားရမှာက ပြေးလွှားရင်း လမ်းတစ်လျှောက်မှာရလာတဲ့ Gold, Chest  နဲ့ Essence တွေဟာ Stash Point လို့ခေါ်တဲ့ နေရာကိုရောက်မှ ကိုယ်တကယ်ရမှာဖြစ်ပါတယ်။ Stash Point ကိုရောက်တော့မှ Loot လုပ်လာတဲ့ ရတနာတွေကို ကစားသူမှ ရရှိသွားတာဖြစ်ပြီး မရောက်ခင်သေသွားရင်တော့ မရနိုင်ပါဘူး။ Stash Point ဆီသွားတဲ့ လမ်းတစ်ဝက်မှာ Dungeon တွေရှိပြီး Treasure Chest တွေကိုရရှိဖို့ Dungeon Quest Complete ဖြစ်ဖို့လိုပါတယ်။ 

Unlimited မှာလည်းတွေ့ရှိနိုင်ပေမယ့် SYBO ရဲ့ Art လက်ရာဟာ တမူထူးခြားကွဲပြားတဲ့စတိုင်ရှိပြီး Console RPG ဂိမ်းတစ်ခုကို ဆော့နေရတဲ့ ခံစားချက်ကိုလည်း ရရှိနိုင်မှာဖြစ်တယ်။ အခမဲ့ပေးထားတဲ့အပြင် Quest တွေအောင်မြင်ဖို့၊ Item တွေစုံလင်ဖို့ စိတ်ရှည်ရှည်နဲ့ ကစားရင်လည်းရရှိနိုင်တဲ့အတွက် COC စတဲ့ ဂိမ်းတွေလိုမျိုး မကုန်မဖြစ်ပိုက်ဆံထွက်မယ့် အပေါက်မျိုးလည်းမရှိပါဘူး။ Runner ဂိမ်းပရိသတ်တွေ သာမကဘဲ၊ စိတ်လန်းဆန်းစေတဲ့ old-Schook Animation လက်ရာနဲ့ ဂိမ်းတွေ နှစ်သက် ရင်လည်း ဒီဂိမ်းကို မရှိမဖြစ် သင့်ရဲ့ဖုန်းထဲထည့် ထားသင့်တယ်လို့အကြံပေးလိုက်ပါရစေ။
Banruka

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

Share on Google Plus

0 comments:

Post a Comment