မိဘဖြစ်စေချင်တဲ့ ပညာတက်တစ်ယောက်ဖြစ်မလာပေမယ့် ကျွန်တော်ယုံကြည်ချက်နဲ့လျှောက်လှမ်းခဲ့တဲ့ အနုပညာခရီးလမ်းမှာအောင်မြင်မှုရအောင်ကြိုးစားသွားမှာပါဆိုတဲ့မင်းသာကီ


အနုပညာအလုပ်တွေကို ကျွန်တော်အရမ်းလုပ်ချင်တော့ အိမ်ကမိဘကခွင့်မပြုပါဘူး။ ခွင့်မပြုလည်း ကျွန်တော်ယုံကြည်ရာဆက်လျှောက်ခဲ့တယ်။ တကယ်တော့ ကျွန်တော့်အဖေနဲ့အမေဖြစ်စေချင်တာက ပညာတတ်တစ်ယောက်ဖြစ်စေချင်ခဲ့တာပါ။ ကျွန်တော်ဖြစ်လာတဲ့ အနုပညာသမားတစ်ယောက်ပေါ့။ အမေတို့ဖြစ်စေချင်တဲ့ ဆန္ဒကိုလိုက်လျောမပေးနိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ်တာဝန်မကျေတဲ့သားတစ်ယောက်လို ခံစားနေရပေမယ့် ကျွန်တော်ချစ်တဲ့ အနုပညာအလုပ်တွေဆက်လုပ်သွားမှာပါ။ ဒါကြောင့် ကျွန်တော့်ယုံကြည်ချက်အတိုင်း သရုပ်ဆောင်အလုပ်တွေကိုလုပ်ရင်း တစ်ဖက်မှာလည်း ဂီတဘက်ကိုကြိုးစားခဲ့ပါတယ်။ အခုတော့ ကျွန်တော့်ကြိုးစားမှုတွေအရာထင်လာပြီလို့ပြောရမှာပါပဲ။ ဒီသီချင်းခွေလေးက ကျွန်တော့်ရဲ့ ပထမဆုံးသီချင်းခွေဖြစ်သလို ဂီတလောကရဲ့ ပထမခြေလှမ်းပဲဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ “My Better Half” တေးစီးရီးသီချင်းခွေမှာ သီချင်းအားလုံး ၁၃ ပုဒ်ပါပါတယ်။ သီချင်းပုံစံကတော့အချစ်သီချင်းတွေအပြင် ရသမျိုးစုံပါပဲ ဒီအခွေမှာအောင်မြင့်မြတ်၊ လင်းသူ၊ ပိုပိုတို့ကစုံတွဲအနေနဲ့ပါဝင်သီဆိုထားပါတယ်။ ကျွန်တော့်အနေနဲ့ မိဘဖြစ်စေချင်တဲ့ ပညာတက်တစ်ယောက်ဖြစ်မလာပေမယ့် ကျွန်တော်ယုံကြည်ချက်နဲ့လျှောက်လှမ်းခဲ့တဲ့ အနုပညာခရီးလမ်းမှာအောင်မြင်မှုရအောင်ကြိုးစားသွားမှာပါ။ သရုပ်ဆောင်နဲ့ ဂီတအလုပ်နှစ်ခုကိုမျှပြီး အနုပညာအလုပ်တွေကို ဒီထက်မကကြိုးစားသွားမှာမို့ ကျွန်တော့်ကိုချစ်တဲ့ပရိသတ်တွေ အားပေးကြပါဦးလို့ ပြောချင်ပါတယ်။
Share on Google Plus

0 comments:

Post a Comment