ရှုတင်မသွားခင်အချိန်တွေမှာ သူတို့ကိုအစားလိုက်ကျွေးရတာလည်း ပျော်စရာကောင်းသလို စိတ်ထဲမှာကြည်းနူးမိပါတယ်ဆိုတဲ့အေးမြတ်သူ


အေးမြတ်သူ မွေးနေ့အလှူအဖြစ် အလုံမြို့နယ်က ဗဟိုအမျိုးသမီးဆေးရုံမှာ အာဟာရအလှူဒါန လုပ်ခဲ့ပါတယ်။ ဒီအလှူက အေးမြတ်သူရဲ့မွေးနေ့အလှူဆိုပေမယ့် အေးမြတ်သူကိုချစ်တဲ့ပရိသတ်တွေရဲ့အလှူပါပဲ။ လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ပြီးခဲ့ရက်ပိုင်းကပဲ ပုပ္ပါးမှာ နေခြည်မှာရွှေရည်လောင်း ဇာတ်ကားရိုက်ကူးခဲ့ပါတယ်။ အဲဒီဇာတ်ကားမှာ ဘိုမ ဆိုတဲ့ဇာတ်ကောင်နေရာက သရုပ်ဆောင်ထားပါတယ်။ ပုပ္ပါးမှာ မျောက်ကလေးတွေကိုအစာကျွေးဖြစ်တာကတော့ အေးမြတ်သူမွေးနေ့ကအပြန်မှာ သူတို့အတွက်အစာတွေ ကြိုဝယ်သွားပါတယ်။ သူတို့လေးတွေက အခုလိုမိုးရာသီမှာ ခရီးသွားနည်းတော့ အစာရှားတယ်လေ။ အစာတွေလိုက်တောင်းနေတဲ့မျောက်ကလေးကိုမြင်တော့ သနားမိပါတယ်။ အေးမြတ်သူက တိရစ္ဆာန်လေးတွေကိုချစ်တတ်ပါတယ်။ ရှုတင်မသွားခင်အချိန်တွေမှာ သူတို့ကိုအစားလိုက်ကျွေးရတာလည်း ပျော်စရာကောင်းသလို စိတ်ထဲမှာကြည်နူးမိပါတယ်။ ပြီးတော့ မွေးနေ့နဲ့ပတ်သက်ပြီး အေးမြတ်သူကို ဖေ့စ်ဘွတ်ခ်ကနေ ဆုတောင်းပေးကြတဲ့ပရိသတ်တွေ မွေးနေ့လက်ဆောင်ပေးကြတဲ့ ချစ်ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း မိတ်ဆွေတွေအားလုံးကိုလည်း ကျေးဇူးအထူးတင်တယ်။ အေးမြတ်သူရဲ့ချစ်ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကြိုးစားလုပ်ကိုင်နေပါတယ်လို့ ပြောချင်ပါတယ်။
Share on Google Plus

0 comments:

Post a Comment