ဘယ်လိုအစားအစာတွေက ကင်ဆာဖြစ်စေသလဲ…




ကင်ဆာရောဂါက နှစ်စဉ်လူ သန်းပေါင်းများစွာကို သေစေပါ တယ်။ လူပေါင်းများစွာကလည်း ကင်ဆာအမျိုးပေါင်းများစွာကို ခံစားနေကြရပါတယ်။ ရင်သားကင် ဆာ၊ အရေပြားကင်ဆာ၊ ခံတွင်း ကင်ဆာ၊ သားအိမ်ကင်ဆာ၊ စသည်ဖြင့်မရေတွက်နိုင်အောင် မျိုးစုံပါပဲ။ ကင်ဆာက အမျိုးအစား ပေါင်း (၂၀၀)ကျော်ရှိပါတယ်။ ကင်ဆာရဲ့လက္ခဏာအများစုအနေ နဲ့ ပုံမှန်မဟုတ်ဘဲ သွေးယိုတယ်။ ခန္ဓာကိုယ်အလေးချိန်ကျဆင်းလာ မယ်။ မကြာခဏဖျားနာမယ်။ ကူး စက်ရောဂါတွေဝင်လာမယ်။ အစာ စားချင်စိတ်လျော့နည်းလာမယ်။ အသက်ရှူပုံစံတွေ ပြောင်းလဲလာ မယ်။ ဒီလက္ခဏာတွေက ကင်ဆာ ဖြစ်နိုင်တယ်လို့ ရည်ညွန်းပေမယ့် တခြားသောရောဂါတွေကြောင့် လည်းဖြစ်နိုင်ပါတယ်။ ဒီတစ်ပတ်ရဲ့ ကျန်းမာရေး ကဏ္ဍလေးကနေ ကင်ဆာဖြစ်စေနိုင်တဲ့ အစားအစာ လေးတွေအကြောင်း တင်ပြပေး လိုက်ရပါတယ်။

ပြောင်းဖူးပေါက်ပေါက်

ရုပ်ရှင်ရုံလိုနေရာမျိုးမှာ ထောပတ်နံ့သင်းနေတဲ့ ပြောင်းဖူးပေါက် ပေါက်လေးတွေက ကင်ဆာရောဂါ ရဲ့ တရားခံတွေထဲကတစ်ခုပါ။ Microwave ထဲမှာ အပူပေးထားတဲ့ ပြောင်းဖူးပေါက်ပေါက်ထုတ်ပိုး ထားတဲ့အိတ်လေးတွေမှာ Perfluorooctanaic acid (PFOA) ဆိုတဲ့ ဓာတုဗေဒဓာတ် တစ်မျိုးပါ ၀င်ပါတယ်။ PFOA က အဆိပ်ပြင်းထန်ပြီးထိတွေ့တာများတဲ့အခါဆီး၊ ကျောက်ကပ်ဆိုင်ရာကင် ဆာတွေဖြစ်လာပါတော့တယ်။ အဲဒီဓာတ်က အမျိုးသမီးများမှာ သန္ဓေသားကိုများစွာဆိုးကျိုးသက် ရောက်စေပါတယ်။

စည်သွတ်ဘူးအစားအစာ

စည်သွတ်ဘူးထဲက အစား အစာတွေက အလွယ်တကူယူ ဆောင်သွားနိုင်ပေမယ့် အသင့်စားသုံးနိုင်ပေမယ့် အကြီးမားဆုံးဆိုး ကျိုးကတော့ ကင်ဆာဝေဒနာကို လက်ယပ်ခေါ်နေတာပါပဲ။ အစား အသောက်ကို ထုတ်ပိုးထားတဲ့ သတ္တုဘူးတွေက Bisphenol A (BPA) လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်း ဟိုမုန်းတွေကို အနှောင့်အယှက်ပေးနိုင်ပြီး ရင်သားကင်ဆာ၊ ဆီးကျိတ် ကင်ဆာ၊ သန္ဓေသားမအောင်ခြင်း စတာတွေကိုဖြစ်စေနိုင်တဲ့ ဓာတ်တစ်မျိုးပါဝင်နေပါတယ်။ စည်သွတ်ဘူးအစားအစာထဲမှာဆိုရင် BPA က အက်ဆစ်ဓာတ်ကြွယ်ဝတဲ့ ခရမ်းချဉ်သီးအနှစ်ထဲမှာ အလွယ် တကူပျော်ဝင်စေနိုင်ပါတယ်။
ဆီ
သဘာဝအလျောက်မဟုတ်ပဲ ဓာတုဗေဒနည်းပညာအရ ဖော်ထုတ်ထားတဲ့ ဆီတွေကလည်း ကင်ဆာရောဂါရဲ့အကြောင်းရင်း တစ်ခုပါပဲ။ ဟင်းသီးဟင်းရွက်မှ ဓာတုဗေဒနည်းပညာနဲ့ ထုတ်ယူထားပြီး ဓာတုနည်းပညာမသုံးထားတဲ့ဆီတွေက ကင်ဆာဖြစ်နိုင်ပါတယ်။ Omeag 6 Fatty Acid က ကျန်းမာရေးအတွက်ကောင်းပါတယ်။ ဒါပေမဲ့ ဓာတုနည်းပညာနဲ့ပြောင်းလဲထားတဲ့ ဆီမှာပါဝင်တဲ့ Omega 6 Fatty Acid ကတော့ ရင်သား ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာတွေက ဆီကနေဖြစ် လာနိုင်ပါတယ်။ 

အာလူးချောင်းကြော်
 ဘယ်သူမဆိုအာလူးချောင်း ကြော်လေးတွေကြိုက်ကြပါတယ်။ အဲဒီအာလူးချောင်းကြော်တွေက အပူချိန် ၁၂၀ ဒီဂရီစင်တီဂရိတ် အထက်နဲ့ ကြော်ထားခြင်းဖြစ်ပါတယ်။ ဒါက အာလူးချောင်းကြော်တွေကို ဆေးလိပ်အတွင်းမှာတွေ့ရတဲ့ Carcinngen ဆိုတဲ့ ပစ္စည်း တစ်မျိုးအဖြစ်ပြောင်းလဲသွားစေပါတယ်။ ဒါ့အပြင် အာလူးချောင်း ကြော်တွေက အဆီနဲ့ ကယ်လိုရီများစွာပါဝင်နေပြီး သွေးတွင်းကိုလက်စ်ထရောများပြားခြင်း၊ အ၀လွန်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုး တွေအထိဖြစ်လာစေပါတယ်။

ပြန်လည်ပြုပြင်ထားသော အချိုများ

ပြန်လည်ပြုပြင်ထားတဲ့အချိုတွေက ခန္ဓာကိုယ်အတွင်းအင်ဘူလင်ကို အလျင်အမြန်မြင့်တက်စေပြီး ကင်ဆာဆဲလ်တွေရဲ့ ပွားများခြင်းကို အထောက်အကူဖြစ်စေပါတယ်။ ဓာတုဗေဒနည်းအရပြန် လည်ပြုပြင်ထားတဲ့ ပျားရည်၊ နို့ဆီတို့လို အချိုတွေကပန်ပရိယပ်(စ်) ကင်ဆာဖြစ်စေနိုင်ပါတယ်။

အနီရောင်အသား

ဆိတ်သားခြောက်၊ အမဲခြောက်၊ ၀က်ဆားနယ်တို့လို နီရဲနေတဲ့ အစားအစာတွေကစားချင် စဖွယ်ကောင်းလှပေမယ့် ကင်ဆာရောဂါရဲ့ တရားခံတစ်ခုဖြစ်ပါတယ်။ ဒီလိုအစားအစာတွေမှာ ကျန်းမာ ရေးထိခိုက်စေတဲ့ အငံဓာတ်လွန်ကဲ စွာပါဝင်ပါတယ်။ ဒီလိုအနီရောင်အသားတွေ စားတာများတဲ့အခါ အူ မကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာတို့ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် အကောင်းဆုံးကတော့ လတ်ဆတ် သန့်ရှင်းတဲ့ အသားကို ကိုယ်တိုင်ချက်ပြုတ်စားသောက်တာ အကောင်းဆုံးပါပဲ။

အခြောက်လှန်းထားသော အစားအစာများ

ငါးခြောက်တွေလိုတာရှည်ခံ စေတဲ့အစားအစာတွေကလည်း ကင်ဆာဖြစ်စေပါတယ်။ ဒါတင် မကပါဘူး။ ကျပ်တိုက်ထားတဲ့ အစားအစာတွေမှာ ကင်ဆာဆဲလ်တွေကို ပိုပိုပျံ့ပွားစေနိုင်စွမ်းရှိတဲ့ နိုက်ထရိတ်ပါဝင်နေပါတယ်။ အဲဒါကြောင့် အခြောက်လှန်းထားတဲ့ အစားအစာတွေ၊ မီးခိုးငွေ့နဲ့ကျပ် တိုက်ထားတဲ့အစားအစာတွေကို အတတ်နိုင်ဆုံးရှောင်ရှားတာက ကင်ဆာသာမက အခြားသော ရောဂါများမှပါ ကင်းဝေးစေပါလိမ့်မယ်။

 #ရန်နိုင်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်



 
Share on Google Plus

0 comments:

Post a Comment