Cars ကာတွန်းဇာတ်လမ်းတွဲကိုအခြေခံပြီးဖန်တီးထားတဲ့ Cars Fast As Lightning






Pixar ကနေထုတ်လုပ်ပြီး Walt Disney မှဖြန့်ချီခဲ့တဲ့ Cars ကာတွန်းဇာတ်လမ်းတွဲလေးတွေကိုအခြေခံပြီး ဖန်တီးထားတဲ့ဂိမ်းလေးဖြစ်ပါတယ်။ Racing Game ဆိုပေမယ့် Asphalt, Real Racing တို့လိုမျိုးပြေး လမ်းကြောင်းပေါ်မှာထိန်းချုပ်ယှဉ်ပြိုင်ရတာမျိုးမဟုတ်ဘဲ CSR Racing ဂိမ်းလိုမျိုး အရှိန်ကိုထိန်းချုပ်ရ တာမျိုးပါ။

CSR မဆော့ဖူးတဲ့သူတွေအတွက် ရှင်းပြရရင်တော့ ကစားသူဟာကိုယ့်ရဲ့ ကားကိုဘယ်ညာ လမ်းကြောင်း ထိန်းချုပ်စရာလုံးဝမလိုပါဘူး။ လီဗာကိုသာအချိန်ကိုက် Tap လုပ်ပေးရုံနဲ့ ကားကအလိုလျောက်မောင်း နင်ပေးမှာဖြစ်ပါတယ်။ CSR ထက်ပိုလာတာကတော့ သူကလမ်းပေါ်မှာအလှအပစတန့်ပြဖို့ နေရာတွေ ဖန်တီးလို့ရပြီး Screen မှာပေါ်လာတဲ့ Arrow sign အတိုင်း Swipe လုပ်ပေးလိုက်ရင် စတန့်ပြကွက်တွေ ထွက်လာပြီး အမှတ်ပိုရမှာပါ။ 

တာစထွက်တဲ့အချိန်ထဲမှာက Go ဆိုတဲ့အချက်ပေးမှုနဲ့အတူ Tap လုပ်နိုင်ဖို့ ချိန်ကိုက်ကြိုးစားရမှာဖြစ်ပြီး ကွက်တိကျခဲ့ရင်တော့ Turbo boost ရရှိမှာပါ။ ပြေးလမ်းတစ်လျှောက်မှာလည်း အပြာရောင်ကွင်လေးတွေ ကိုတွေ့ရမှာ ဖြစ်ပြီးတော့ Perfect ဖြစ်အောင် Tap နှိပ်နိုင်ခဲ့ရင်လည်း Turbo နဲ့ အရှိန်ပိုမြန်မှာဖြစ်တယ်။ Great ဆိုရင်တော့ သာမန် Combo တက်ပြီး အမှတ်ပိုရရုံလောက်ပါပဲ။ သူ့ရဲ့ Racing Control နဲ့ပတ်သက်သမျှက ဒါအကုန်ပါပဲ။ 

Car fast as Lightning ဟာ ဒီနေရာမှာတင်ပြီသွားရင်တော့ ဘယ်လောက်နာမည်ကြီး ကားကိုမှီးထား တာဖြစ်ဖြစ်၊ ဘယ်လောက်ပဲရုပ်ထွက်ကချစ်စရာကောင်းပေမယ့် မအောင်မြင်နိုင်ပါဘူး။ Gameplay ကအရမ်းကိုရိုးစင်းပြီး Control ကလည်း ၁၀နှစ်အောက်ကလေးတွေတောင် မိနစ်ပိုင်းအတွင်း အကုန် အစင်ကျွမ်းကျင်သွားမှာပါ။ ဒါပေမဲ့ Gameloft က သူ့ရဲ့ Building Sim ပုံစံကို ဒီဂိမ်းထဲမှာယူဆောင်လာပါတယ်။ 

ကစားသူဟာ ပြိုင်ပွဲတွေကိုအနိုင်ရရင် ကားအသစ်လေးတွေ တစ်စီးပြီးတစ်စီးကို ကိုယ့်ရဲ့မြို့လေးဆီခေါ်ယူလာနိုင်မှာဖြစ်ပါတယ်။ အနိုင်ရတဲ့ကားတွေရဲ့ပြိုင်ပွဲတွေကို နောက်တစ်ခါယှဉ်ပြိုင်ရင်းနဲ့ နောက်ထပ်ကားအသစ်တွေကို ထပ်ထပ်ပြီးရယူသွားရမှပါ။ နောက်ဆုံး Boss ကတော့ Cars ဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ကောင် Lighting Macqueen ပဲဖြစ်ပါတယ်။ 

ကားအသစ်တစ်စီးတိုးလာတာနဲ့ ကိုယ့်ရဲ့မြို့အတွက် Building, Decorations အသစ်တွေရလာမှာပါ။ Building Sim တွေရဲ့ထုံးစံအတိုင်း ဟိုဟာဆောက်ပေးပါ။ ဒီဟာကနေ Collect လုပ်ပေးပါဆိုတဲ့ Mission လေးတွေလည်းပါဝင်ပါတယ်။ Mission က သုံးမျိုးရှိပြီး Race, Town, Special ပါ။ Race ကို ဘယ်ဘက်အပေါ်က Lighting ရဲ့ ပုံလေးကိုနှိပ်ပြီးကြည့်နိုင်သလို Mater ကတော့ ကိုယ့်ရဲ့ Town Mission တွေကို ပြောပြမှာပါ။ Special Mission တွေကတော့ တစ်ခါတလေမှပေ:လာတတ်ပြီး တစ်ခုလုပ်ပြီးတာနဲ့ ပျောက်သွားတတ်ပါတယ်။ ထုံးစံအတိုင်း Energy Bar ပါဝင်တဲ့အတွက် ကစားသူတွေကပြိုင်ပွဲတွေကို အချိန်မရွေးစိတ်ရှိတိုင်းနာရီနဲ့ချီပြီးကစားလို့မရပါဘူး။ Racing Gameplay က ဒီလောက်ကြီးဆွဲဆောင်မှုမှမရှိတာ အရေးမပါပါဘူးလို့မထင်ပါနဲ့။ 

ကိုယ်အနိုင်ရထားတဲ့ကားလေးတွေရဲ့ဒီဇိုင်းကိုပြောင်းလဲဖို့အတွက Sticker လေးတွေကို သက်ဆိုင်တဲ့ Race ပြေးလမ်းမှာ မောင်းနှင်နေတဲ့ကားလေးတွေကို Friendly စိန်ခေါ်အနိုင်ယူခြင်းဖြင့် စုဆောင်းရယူနိုင်တယ်။ Sticker အားလုံးရရှိမှ ဒီဇိုင်းအသစ်ကိုပြောင်းနိုင်မှာပါ။

ဒီဂိမ်းမှာ Event ပါဝင်ပေမယ့် Building လေးတွေ Bonus ရတာလောက်ကလွဲလို့ သိပ်ထူးထူးခြားခြားမရှိလှဘူး။ Gameplay ကလည်း Sim သာမပါရင် အတော်ပျင်းဖို့ကောင်းမှာပါ။ Building တွေကလည်း တူညီတဲ့အဆောက်အဦကိုနှစ်ခါပြန်ဆောက်လို့မရဘူး။ ဒါ့အပြင် Garage ထဲမှာ ကိုယ့်ရဲ့ကားကို Speed မြန်အောင် Upgrade မြှင့်ရတာကလွဲရင်လည်း Gold တွေဟာ သုံးစရာမရှိပါဘူး။ ဒါကြောင့် Gold များလာရင် ကိုယ့်ရဲ့မြို့နယ်ပယ်ကိုထပ်ချဲ့ပေမယ့်လည်း ဆောက်စရာ Building က မရှိတဲ့ပြဿနာကိုရင်ဆိုင်ရပါတယ်။

Cars fast as Lightning ဟာ စကစားကာစမှာတော့ စိတ်ကိုအတော်ဆွဲဆောင်နိုင်တဲ့ဂိမ်းဖြစ်ပါတယ်။ မူရင်းဇာတ်ကားရဲ့အငွေ့အသက်တွေအပြည့်အ၀ပါဝင်ပြီး လွယ်ကူတဲ့ Gameplay ဟာ ကစားသူရဲ့စိတ်ကိုဖမ်းစားနိုင်တယ်။ အချိန်ကြာလာရင်တော့ ရိုးအီလာမယ့်အဖြစ်ကိုရှောင်လွှဲဖို့ Sticker တွေ စုရတာကလွဲပြီး သိပ်မရှိဘူး။ Builing Sim ဂိမ်းတွေကို မပျင်းမရိကစားတတ်တဲ့လူတွေအတွက်တော့ Ice Age လိုမျိုး Animated Sim မိုဘိုင်းဂိမ်းကောင်းတစ်ခုဖြစ်တယ်လို့ လက်တို့လိုက်ပါတယ်။

Banruka
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 


Share on Google Plus

0 comments:

Post a Comment