Castlestorm









ဂရပ်ဖစ်အပိုင်းမှာဆိုရင် ဒီဂိမ်းဟာ Console Quality ရှိတာမို့ အတော်ကြီးကိုကောင်းပါတယ်။ ဇာတ်လမ်းဇာတ်ကွက်ကလည်း အတော်လေးကောင်းတယ်…


ဒီဂိမ်းဟာ နာမည်ကြီး Zen Pinball ကို ထုတ်လုပ်ခဲ့တဲ့ ZEN Studios Ltd. ကနေ ထုတ်လုပ်ထားပြီး App Store နဲ့ Play Store တွေအပေါ်မှာ အခမဲ့ရယူကစားနိုင်ပါတယ်။ Castlestorm ဟာဆိုရင်Tower defense ဂိမ်းကိုပဲ Angery Birds ပုံစံ ဖျက်ဆီးမှုနဲ့ ပေါင်းစပ်ထားတာပါ။ ကိုယ်က ကိုယ့်ဆီကို လာကျူးကျော်သူတွေကို Tower defense ဂိမ်းလိုပဲ Angry Birds ပုံစံဖျက်ဆီးမှုနဲ့ ပေါင်းစပ်ထားတာပါ။ ကိုယ်က ကိုယ့်ဆီကို လာကျူးကျော်သူတွေကို Tower Defense ပိုင်းကနေ တိုက်ခိုက်ရမယ်။ တစ်ချိန်တည်းမှာပဲ ရန်သူရဲ့ ရဲတိုက်ကြီးကိုသွားပြီးဖြိုခွဲရမယ်။ ဂရပ်ဖစ်အပိုင်းမှာဆိုရင် ဒီဂိမ်းဟာ Console Quality ရှိတာမို့ အတော်ကြီးကိုကောင်းပါတယ်။ 

ဇာတ်လမ်းဇာတ်ကွက်ကလည်းအတော်လေးကောင်းတယ်။ Control ပိုင်းမှာလည်း Touch Screen တွေအတွက် အသေအချာဒီဇိုင်းဆွဲထားတာမို့ ထိန်းချုပ်ရတာမှာ ခဲရာခဲဆစ်ဖြစ်မနေဘူး။ ဂိမ်းထဲမှာ Upgrate လုပ်နိုင်မယ့်လက်နက်တွေ၊ Spell တွေနဲ့ ဇာတ်ကောင်တွေလည်း ပါဝင်လာမှာဖြစ်သလို ဟီးရိုးအမျိုးအစားရှစ်ခုထဲက ကိုယ်ကြိုက်တာကို ရွေးပြီးတော့လည်း ဆော့ကစားနိုင်ပါတယ်။
Tower Defense ပိုင်းမှာတော့ ကိုယ့်ရဲတိုက်ကြီးကို ကိုယ်တိုင်ဆောက်ရမှာပါ။ 

အဲဒီရဲတိုက်ကိုပဲ တိုက်ပွဲတွေထဲမှာ အသုံးပြုရမှာလည်းဖြစ်ပါတယ်။ Campaigns စုစုပေါင်း လေးခုပါဝင်ပြီး Kaingdom Quest Campaign မှာဆိုရင် တိုက်ပွဲပေါင်း ၅၀၊ Welcome to Vilkinglad ဆိုတဲ့ အခန်းမှာ ဆိုရင် တိုက်ပွဲပေါင်း ၄၀၊ From Outcast to Savior  မှာ ၃၀ နဲ့ The Warrior Queen မှာ ၃၀ ဆိုပြီး စုစုပေါင်းတိုက်ပွဲပေါင်း ၁၅၀ တောင်မှပဲ ပါဝင်ပါတယ်။ ဒီဂိမ်းတစ်ခုလုံးမှာ ကစားနိုင်တဲ့ တပ်ဖွဲ့အမျိုး အစားတွေက Kingdom, Norse Royal, Guard နဲ့ Viking Elites ဆိုပြီး ၄ မျိုးရှိပါတယ်။ တစ်မျိုးစီတိုင်းဟာ သူ့တပ်ဖွဲ့တွေနဲ့၊ သူ့လက်နက်တွေ၊ spell တွေ၊ Bonus room တွေ သီးခြားစီရှိပါတယ်။ GamePlay ကြီးတစ်ခုလုံးရဲ့ အဓိကအချက်ဟာ ရဲတိုက်ကိုတည်ဆောက်ခြင်းနဲ့ စစ်သည်တွေဝယ်ယူမှု Upgrade လုပ်မှုအပေါ်မှာ မှီတည်ထားတာပါ။ အဲဒီအတွက်လည်း in-app purchases တွေ ထည့်သွင်းပေးထားပါတယ်။

ကစားသူတချို့ကတော့ ဂိမ်းထဲက item တွေဟာ ဈေးကြီးလွန်းတယ်လို့ ငြီးငြူကြပေမယ့် in app purchase တွေမ၀ယ်ဘဲ ဒီအတိုင်းအချိန်ပေးပြီးတော့ သွားမယ်ဆိုလည်း ဆော့နိုင်ပါတယ်။ Apple ရဲ့ App Store မှာရော၊ Google ရဲ့ Play Store မှာရော အခမဲ့ရယူနိုင်တဲ့ ဒီဂိမ်းဟာ 367MBတောင်ရှိတာမို့ အရွယ်အစား အတော်ကြီးတဲ့ဂိမ်းလို့ပြောနိုင်ပါတယ်။ iOS သမားတွေအတွက်ဆိုရင် iOS 5.0 နဲ့အထက်ရှိဖို့လိုအပ်ပြီး iPhone, iPad နဲ့ iPad Touch အားလုံးမှာ ကစားနိုင်ပါတယ်။ Android သမားတွေ အတွက်ကတော့ Android 4.0 နဲ့ အထက်ရှိသူတွေကစားနိုင်မှာဖြစ်ပါတယ်။

Banruka
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 

Share on Google Plus

0 comments:

Post a Comment