နတ်မျက်စိ Chan ရဲ့ ခုနှစ်ရက်သားသမီး များအတွက် တစ်ပတ်စာ 25-Aug to 01-Sep-2017




တနင်္ဂနွေနေ့ဖွားသားသမီးများ
----------------------------------

လက်ရှိကာလဟာ အမှန်တရားကိုရှာဖွေနေသောကာလ၊ မိမိရဲ့ ဆုံးဖြတ်ချက်များကို အလေးပေးသောကာလဖြစ်ပါတယ်။ဘာဘဲဖြစ်ဖြစ် အလုပ်အတွက်ကော၊ ငွေအတွက် အချိန်များနေသလို၊ ဆက်တိုက်အလုပ်ကိစ္စများဖြစ်ပေါ်လာတတ်တယ်၊ ခင်မင်မှုကောင်းသော၊မိမိစိတ်ထဲမှာ ရှိနေသောသူများနဲ့ ရင်းနှီးခွင့်ရမယ်၊လုပ်စရာရှိရင် ချက်ခြင်းအကောင်အထည်ဖော်ပြီး ဆောင်ရွက်နေသောကာလဖြစ်တယ်၊ လူပင်ပန်းမယ် ကိုယ်ပိုင်ဘဝနဲ့ တက်လှမ်းချင်သောစိတ်များနေမယ်။ငွေတွေရှိနေရာကနေ…လုံးဝပြတ်တောက်သွားသလိုဖြစ်တတ်တယ်၊ မိမိရင်းနှီးထားတာတွေ အမြတ်နည်းမယ်၊ လူပင်ပန်းမယ်၊ အချိန်ကုန်နေပေမယ် အကျိုးနည်းပြီး လိုချင်တာတွေဟာ ရှားပါနေမည်။ ဘာဘဲသုံးသုံးဈေးကြီးတာတွေဖြစ်နေမယ်၊ အထူးသဖြင့် လောင်းကစားများ၊ ဥပဒေ မဲ့တာတွေ အထူးရှောင်ကြည့်ပေးပါ။ လုပ်လက်စများဟာ လုပ်ခန့်နီးမှ ဘယ်လို့လုပ်ကိုင်ရမလဲဆိုတာ သေချာစဉ်းစားနေရတတ်တယ်။ တစ်ခုသတိထားပေးရမှာက မိမိရဲ့ အတွင်းရေးပါ…ဘယ်သူမှမပြောနဲ့ တစ်ခုခုဆိုပေါက်ကြားနိုင်တယ်။အချစ်ရေးဗျာများနေတတ်သလို၊ချစ်သူနဲ့ မိမိကြားမှာ အထူးတလည်ဆွေးနွေးမှုတွေများနေလို့ ပိုပြီးချစ်ခင်မယ်,ပိုပြီးရန်ဖြစ်မယ်၊ မိမိဆုံးဖြတ်စရာကိစ္စများဟာ ချစ်သူဆီကနေ အကြံကောင်း၊အဥာဏ်ကောင်းများရနိုင်တယ်။ ချစ်သူကြားမှာပျော်နေရပေမယ်, ရှေ့ဆက်မယ် အလားအလာကောင်းမလားဆိုပြီးတွေဝေနေတတ်တယ်၊ အိမ်ထောင်ရေး မှာမိမိအတွက်သာ မဟုတ်၊ တခြားသော အလုပ်တွေပိနေတာကြောင့် အိမ်ထောင့်တာဝန်ကို သေချာထမ်းဆောင်နေရတာကြောင် စိတ်တိုမယ်၊ မိမိကြင်သူကို ရှင်းပြမနေတော့ဘဲ, လုပ်သင့်တာတွေ လုပ်ကိုင်နေရသော ကာလဖြစ်ပါတယ်၊ ပညာရေးအနေနဲ့လက်ရှိသင်ကြားနေအတတ်ပညာများကို ဆက်လက်ဆည့်ပူးပါ,ကောင်းမွန်သောတိုးတက်မှုများ ခံစားရမည်။မိမိက တိုးတက်မှုရှိသော ပညာရေးကို စိတ်ဝင်စားနေသလို၊ တစ်ခါတစ်လေ ပညာရှာရင်း မိမိတစ်ဖက်မှာ ဝါသနာပါသော အလုပ်လုပ်စိတ်ဖြစ်မည်(အနုပညာ နဲ့ပတ်သတ်သော) ပညာများတတ်နေပေမယ် လက်တွေ့ အသုံးချဖို့ သူများကိုအားကိုလိုခြင်း၊ယုံကြည်မှုမရှိခြင်းများ ရှိနေတတ်ပါတယ်။ မိမိပညာကို ထိန်းသိမ်းထားပြီး တစ်ပါးသူက တတ်သမျှကို သင်ယူလိုသောစိတ်များဖြစ်ပေါ်နေမည်။ပညာအနေနဲ့ကောင်းမွန်တယ်၊ စာမေးပွဲ ဖြေဖို့တော့ ထင်သလောက်မလွယ်ဘူးထင်ပေမယ်၊ ဖြေဆိုအောင်မြင်နိုင်ပါတယ်။လက်ရှိကာလကျန်းမာရေးကတော့ ကောင်းမွန်ပေမယ်၊ စိတ်များခြင်း၊ လက်ကိုက်ခဲခြင်း၊အစားစာနေရာကနေ အိမ်သာတက်ချင်စိတ်၊ အန်ချင်စိတ်များဖြစ်တတ်ပါတယ်။ ဆေးကောင်းဝါးကောင်းများ သုံးစွဲရတတ်သလို၊ တစ်ခုခုဆို အဖြစ်သည်းနေတတ်ပါတယ်၊

ယတြာ
--------
မနက်မိုးလင်းတာနဲ့ ”နမော အရဟံ "လို့ တစ်နေ့ကိုးခေါက်ရွတ်ဆိုပြီး လိုရာဆုတောင်းပေးပါ။

#နတ်မျက်စိ Chan#


တနင်္လာနေ့ဖွားသားသမီးများ
🐯🐯🐯🐯🐯🐯🐯🐯🐯🐯

လက်ရှိကာလဟာ လတ်တလော ဆုံးဖြတ်စရာများတွေဝေနေတတ်သလို၊မာနကြီးခြင်း၊ စိတ်တိုစရာများ၊ စိတ်အနှောက်အယှက်များ တစ်ခုပြီးတစ်ခုဖြစ်နေတတ်သလို၊ မလုပ်ဘဲနေရင်တောင့် စွတ်ဆွဲပြီး အပြစ်တင်နေတတ်ပါတယ်။ လူတိုင်းကိုယ်အပြုံးနဲ့သာ ဆက်ဆံနေပေမယ်,ခံစားမှုများကို ရင်ထဲသိမ်းဆည်းထားနေတတ်ပါတယ်။ အခုလိုအချိန်မှာဘာလုပ်လုပ် ဒေါသဖြစ်ခြင်းများ၊ (မဆုံးဖြတ်ဘဲ ကတိပေးခြင်းများကို အလွယ်တကူမလုပ်မိစေဖို့အရေးကြီးပါတယ်။) လက်ရှိကာလဟာ စိတ်ကူးများနေသလို၊ အိပ်ရေးပျက်, အမှားမခံလိုသော စိတ်များဖြစ်ပေါ်နေတတ်ပါတယ်။စီးပွားရေးအနေနဲ့ လက်ထဲရှိသုံးချင်စွဲချင်စိတ်များဖြစ်ပေါ်နေပါတယ်၊ မလိုသူက မြှောက်ပေးမည်၊ ရှိတာကုန်မည်၊ မြောက်ပင့်ကာ ငွေချေးယူတတ်တယ်၊ မည့်သူအလုပ်မျှစွဲစွဲမလုပ်ဘဲ တစ်ဝက်တစ်ပျက်ဖြစ်နေတတ်တယ်၊ အပျင်းကြီးပြီး စိတ်များဟာငွေကို လက်ထဲမထားဘဲ ဝယ်စရာများ သုံးစရာရှိနေပါလိမ်မည်၊ အလှအပ ပစ္စည်းများနဲ့အချိန်ကုန်နေတတ်ပါတယ်။ ဟိုးအရင်က ကောင်းစားခဲ့သော အလုပ်ကို ပြန်လုပ်ချင်စိတ်၊ ပြန်ရချင်စိတ်များဖြစ်နေကာ မလိုသူများ စိုးမိုးနေတတ်ပါတယ်။ ခရီးထွက်နေတုန်း သွားသောနေရာကနေ နောက်ပိုင်းအလုပ်များအတွက် စိတ်ပူစရာများနေတတ်ပါတယ်။ အချစ်ရေးအနေနဲ့ မျှတသော အချစ်ရေးများကိုလိုအပ်နေတတ်သလို့,အနားမှာ ရှိရင်ပိုပြီးဂရုစိုက်မည့်သူများလိုလားနေပါတယ်။ အချစ်ရေးမှာ ဖြစ်နိုင်တာကို ပိုပြီး ဦးစားပေးနေသလို၊ တစ်ခုခုဆို အနိုင်ရမှကျေနပ်နေတတ်ပါတယ်။အဝေးရောက်သော ချစ်သူကို သတိရနေတတ်ပါတယ်။ အိမ်ထောင်ရေး အနေနဲ့ ခိုင်မာသော အိမ်ထောင်ရေး ဖြစ်ပေါ်စေရန် မိမိကော၊ အိမ်ထောင်ရှင်ကော ကြိုးစား အကောင်အထည်ဖော်ပေးမှ သင့်တော်ပါတယ်။ အိမ်ထောင်ရှင်နဲ့ အကြံအဥာဏ် ကွဲလွဲနေတတ်ပါတယ်။ပညာရေးနဲ့ ပတ်သတ်ပြီး ကျက်သမျှတွေကို ပြန်လည်ရွတ်ဆိုနေပေမယ်၊ ရသလိုလိုနဲ့ ပြန်လည်လေ့လာနေရသော ကာလဖြစ်ပါတယ်။ ပညာရေးမှာ မိမိရဲ့လိုအပ်သော ပညာများနဲ့ ခေါင်းမာနေတတ်ပါတယ်။စာမေးပွဲဖြေခန်နီးမှ မလိုအပ်သော စိတ်အနှောက်အယှက်များရှိနေတတ်ပါတယ်။တစ်ခုရှိတာက မိမိသင်ကြားပေးထားသော တပည်များက လာပြီးပညာစမ်းသပ်မည်သဘောရှိတယ်။ ရပ်ဝေးမှ ပညာသင်ကြားသူများက ကောင်းမွန်သော အထောက်အပံ့များ ရရှိနိုင်သလို၊ ပညာအတွက်သင်ထောက်ကူပစ္စည်းများ လိုအပ်နေတတ်တယ်၊ စာပေ ပညာအပြင် မိမိအတွက်လိုအပ်ချက်များနဲ့ ဆုံးဖြတ်ချက်များကို ခိုင်မာစွာသင်ကြားနေတတ်ပါတယ်။လက်ရှိကျန်းမာရေးကတော့ အစားမှာခြင်းများ၊ဗိုက်အောင်ဗိုက်နာဖြစ်တတ်တယ်။တစ်ခုခုဆိုမောပန်းနေတတ်သလို၊ တွင်းအောင်သတ္တဝါများ စားသောက်ခြင်းများ မပြုလုပ်သင့်ပါ။

ယတြာ
---–---
ယပ်ငါးချောင်းကို မိမိမွေးနာမ်ထောင့်မှာ လှူတန်းပေးပါ၊
# နတ်မျက်စိ Chan #

အင်္ဂါနေ့ဖွားသားသမီးများ
---------------------------

လက်ရှိကာလမှာ မိမိစိတ်ရဲ့လိုအပ်ချက်များကို မြိုသိပ်ထားရသောကာလ၊ အခက်အခဲဖြစ်တိုင်းမှာ ကိုယ်တိုင်တာဝန်ယူကာ ထိပ်တိုက်ဖြေရှင်းပေးနေရသော ကာလဖြစ်တယ်၊ လက်ရှိမှာ ဘာဘဲလုပ်လုပ်ရပ်တန့်နေပေမယ်,အမှားမရှိအောင် စေစပ်နေသောကာလဖြစ်ပါတယ်။ ချစ်ခင်ရသူများနဲ့ဝေးကွာနေရတယ်၊ တစ်ယောက်တည်းဖြစ်နေတတ်တယ်။စီးပွားရေး အနေနဲ့ တကယ်ကို ငွေကုန်များနေပြီး၊ ငွေတွေက အကြောင်းမရှိ ထွက်လိုက်၊ ဝင်ငွေတွေက အရင်ကထက်တောင် လျှော့နည်းနေမည်၊ အလုပ်အတွက် တွက်ခက်သော အရာများ၊ စဉ်းစားစရာများဖြစ်ပေါ်လာတတ်ပါတယ်၊ သတိထားပေးရမှာက မိမိအကြောင့်းသိသူများက အတင်းတုတ်ခံရတတ်တယ်။အခက်တစ်စုံတစ်ရာကို ဖြစ်သလိုဖြေရှင်းနေရတတ်တယ်၊ ငွေတွေကတော့ ရှာသမျှကုန်နေတတ်ပြီး စုဆောင်းထားတာတဲ့ငွေတောင် ထုတ်သုံးစွဲနေရတတ်ပါတယ်။အချစ်ရေးအနေနဲ့ မိမိက ချစ်သူဝိုင်းနေပေမယ်၊ မိမိဘေးနားက fri များက ချစ်သူရသွားတတ်တယ်။ အချစ်ရေးမှာ မိမိချစ်သူကို ယုံစားလို့မရဘဲ၊ စိတ်ပူတာတွေများနေတာကြောင့် ရန်ဖြစ်နေမယ်၊ စိတ်ပူတာကနေစပြီး… အမှန်းတရားများစေသော စကားတွေပြောနေကြလိမ်မည်။လက်ရှိချစ်သူနဲ့ ဝေးကွာနေပေမယ်…စိတ်က သူဆီကို လုံးဝလွှမ်းမိုးထားသည်။ ကိုယ်တိုင်ထုထွင်းပြီး အချစ်ကို ဖန်ဆင်းခြင်နေတယ်၊ မိမိကတစ်ယောက်တည်းနေပေမယ်, နာမည်ကြီး ထမင်းငတ်ဖြစ်တတ်တယ်။ အိမ်ထောင်ရေး အနေနဲ့ လက်ရှိဖြစ်သော ကိစ္စများကို အမြန်ဆုံးပြီးစီးစေချင်တယ်၊ အိမ်ထောင်ရေး စိတ်ပူမယ်၊ မိမိအိမ်ကို ပြင်ဆင်ခြင်တယ်။ အမှားနည်းအောင် လုပ်နေပေမယ်၊ အမှားတွေရှိတယ်,ချက်ခြင်းပြင်ဆင်ပေးပါ။ပညာရေးနဲ့ ပတ်သတ်ပြီးကောင်းမွန်တတ်တယ်၊စာပေပိုင်းဆိုင်ရာ၊ ဝါသနာပညာရပ်တွေ တိုးတက်ကိန်းရှိတယ်။ မိမိကို ပညာရေးမှာ ဆရာလိုမြောက်စားမည်သူများတွေ့နေရတတ်ပါတယ်။ကျန်းမာရေး အနေနဲ့ အညံပိုင်းမှာရှိနေပါတယ်၊ ခြေထောက်ကိုက်ခဲခြင်း၊ ကိုယ်မအီမသာဖြစ်ခြင်းများဖြစ်မည်။ အားနည်းနေတတ်ပြီး၊ အိမ်မက်မကောင်းတာတွေမြင်မက်နေရတတ်တယ်။

ယတြာ
--------
ဆင်ရုပ်ကလေးကို ဆော့ကစားသော ကလေးအားလက်ဆောင်ပေးလိုက်ပါ။
# နတ်မျက်စိ Chan #

ဗုဒ္ဓဟူး/ရာဟုနေ့ဖွားသားသမီးများ
🐘🐘🐘🐘🐘🐘🐘🐘🐘🐘🐘

လက်ရှိကာလမှာ အရေးကြီးသော ကိစ္စရပ်များ၊ မိမိမဟုတ်ဘဲ တစ်ပါးသူက စိုးမိုးခြယ်လှယ်ခြင်းများဖြစ်ပေါ်နေတတ်တယ်၊ သတိထားပေးရမှာက လူကြီးများ မသိအောင်ခိုးလုပ်ခြင်းများကို ရှောင်ကြည်၍နေပေးပါ။ ပြသနာများကို ဖြေရှင်းဖို့်အဖြေရှာနေရတတ်သလို၊ တွေဝေခြင်းများ၊ စိတ်ပြောင်းလဲမြန်ပြီး၊ ကတိပေးလွယ်ကူခြင်းများကြောင့် စိတ်ပူပင်နေရတတ်ပါတယ်။ အလင်းရောင်မရှိဘဲ အမှောင်ထဲသွားလာခြင်းများမလုပ်သင့်ပါ။ စီးပွားရေး အနေနဲ့ ရည်ရွယ်ထားသော ကိစ္စများ ၊ မိမိအတွက်လိုအပ်သော ကိစ္စများရှိနေတတ်ပါတယ်။ မလိုအပ်ဘဲ ဝယ်သုံးမိလို့ အဆူခံနေရတတ်ပါတယ်။အလုပ်မှာ လူဟောင်းထွက်သွားလည်း လူဟောင်းနေရာမှာ တာဝန်ယူကာပိုပြီး လုပ်ကိုင်ရတတ်ပါတယ်။ အလုပ်ပိနေတတ်သလို မိမိတပည်များပေါများခြင်း၊ တာဝန်ခံရကိစ္စများဖြစ်ပေါ်လာတတ်ပါတယ်။ ငွေအတွက် တစ်ပါးသူကို ကူညီပေးရင်ငွေရတတ်သလို၊ ပွဲစားလုပ်ပေးရင် အကျေိုးပေးနေတတ်ပါတယ်။ အချစ်ရေးမှာ အနားမှာရှိနေထက် …အရင်ကပိုချစ်ခဲ့ရသောသူကို ex သတိရနေတတ်ပါတယ်။ အချစ်ရေးမှာ စိတ်တည်ငြိမ်အောင်နေချင်ပေမယ်၊ အချစ်အတွက် အရင်က ကြုံဘူးသော ကိစ္စများကို တစ်ဖန်ပြန်တွေးရင်းဆွေးနေရတတ်တယ်။ အသစ်ကိုမေ့ပြီး အဟောင်းကိုတမ်းတနေတတ်ပါတယ်။ မကြုံဘူးသော ခံစားချက်အသစ်များ ထပ်မံပေါက်ဖွားကိန်းရှိပါတယ်။ လက်ရှိအိမ်ထောင်ရေးမှာ တော့ ငွေကုန်များနေသလို၊ အိမ်ထောင်ရှင်ရဲ့ ကြင်နာမှု ကိုရယူနေရတတ်တယ်။ အိမ်ထောင်ရေးမှာ လိုအပ်မှုများတစ်ခုပြီးတစ်ခု လိုအပ်ချက်များပေါ်ပေါက်လာတတ်ပါတယ်။ သာယာမှု နဲ့ပျော်ရွှင်မှုများကို မက်မောနေတတ်ပါတယ်။ ပညာရေးမှာ လတ်တလောစိတ်များရှုပ်ထွေးနေတတ်ပါတယ်၊ လက်ရှိပညာရေး ကိုအားလို အားမရဖြစ်နေတတ်တယ်။ ကျက်မှတ်ထားသော စာများကိုကြိုးစားသင်ယူနေတတ်တယ်။ မိမိက ပညာသင်ကြားနေရင်းနဲ့ ထပ်မံသင်တန်းတက်ချင်စိတ်များ ဖြစ်နေတတ်ပါတယ်။ ယှဉ်ပြိုင်စရာများတွေ့နေရသလို့၊ အခုကစ တစ်လှမ်းချင်စီတက်လှမ်းရင်တော့ မိမိဖြစ်ချင်သော လိုအပ်များပြည်စုံမည်။ကျန်းမာရေးနဲ့ပတ်သတ်ပြီး ကိုယ်တစ်ခြမ်းကိုက်ခဲခြင်းများ၊ခြေထောက်နာတတ်ပါတယ်၊ လက်ရှိမှာ ထုံချင်နာကျင်နေတတ်သလို၊ တစ်ခုခုဖြစ်ရင် အကဲပိုနေမည်၊

ယတြာ
--------
အချိုရည် တစ်ဘူးကို ပညာသင်ကြားနေသော ခလေးကို လှူတန်းပြီးလိုရာဆုကိုတောင်းပါ။
# နတ်မျက်စိ Chan #

ကြာသပတေးနေ့ဖွားသားသမီးများ
🐁🐁🐁🐁🐁🐁🐁🐁🐁🐁🐁🐁

လက်ရှိကာလမှာ အပြောင်းလဲများနေသလို၊ လုပ်လက်စအလုပ်များ၊ အကြွေးတင်စရာများနေသော ကာလဖြစ်ပါတယ်။ အလှအပနဲ့ ဝယ်ချင်စရာများနေသော ကာလဖြစ်သလို့၊ တစ်ခုခုဆိုဝယ်ချင်ပေမယ် သုံးစွဲဖို့ကပ်စေးနည်းနေတတ်တယ်။ ခြေလှမ်းသစ်များ၊ အလုပ်ပြောင်းလဲလုပ်ကိုင်လိုခြင်း၊ စေတနာထားကာ ပြောဆိုနေထိုင်ခြင်းများကြောင့် လူချစ်လူခင်များနေတတ်ပါတယ်။အတိတ်က ဘယ်လိုဘဲခံစားခဲ့ မေ့ပျောက်အောင်နေပါတယ်။ စီးပွားရေး အနေနဲ့ မိမိလုပ်ကိုင်ဖူးသော အလုပ်များ၊ တစ်ပါးသူအတွက်စိတ်ပူနေရသလို၊ အထီးကျန်စရာများ တစ်ယောက်တည်းဖြစ်နေတတ်ပါတယ်။ လက်ရှိစီးပွားရေးမှာမိမိနဲ့တော်စပ်သော ဆွေမျိုးတွေနဲ့ အပြိုင်အဆိုင်လုပ်ကိုင်နေရတတ်တယ်၊ လက်ထဲငွေရောက်တာနဲ့ လိုအပ်တာတွေ တစ်ခုချင်းစီ ဝယ်ယူနေတတ်ပါတယ်။မဖြစ်နိုင်သော ကိစ္စများလုပ်ကိုင်ပြီး စိတ်ပူနေရသလို့၊ အောက်လက်ငယ်သားတွေကို စိတ်ချ၍နေလို့မရ ဖြစ်နေတတ်ပါတယ်။အရာရာအတွေးများအတွက် အထီးကျန်ဆန်နေသလို၊ အပြင်ပန်းပြုံးနေပေမယ်၊ အတွင်းပိုင်းမှာ စိတ်ခံစားချက်များပြားနေတတ်ပါတယ်။မေတ္တာရေး ကံကောင်းနေတတ်သလို၊ချစ်သူအပေါ်မှာ ခလေးတစ်ယောက်လိုဆိုးချင်နေတယ်၊ လက်ရှိမှာ ချစ်သူနဲ့ပတ်သတ်ပြီး အချိန်ယူနေသော ကာလဖြစ်သလို့၊ ချစ်သူနဲ့ မိမိကြားမှာ ရန်သူများဝန်းရံနေတတ်ပါတယ်။ အိမ်ထောင်ရေး မှာ ခလေးရတတ်တယ်၊ မိမိအိမ်ထောင်ရှင်ရဲ့ သဝန်တိုခြင်းများ၊ ရန်တွေ့ခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။ ပညာရေးနဲ့ပတ်သတ်ပြီး ပါးစပ်ကပြောနေပေမယ်၊ လက်တွေ့မှာ အကောင်အထည်ဖော်ရန်ခက်ခဲ့နေတတ်တယ်၊ ပညာသင်ချင်ပေမယ် သင်ယူဖို့ မဝင့်မရဲဖြစ်နေတတ်ပါတယ်။ စာမေးပွဲ ဖြေခန်းနီးလေ စိတ်တွေများများလေလေပါဘဲ။ စာတွေကိုကြိုးစားသင်ယူရပေမယ်၊ ပျော်ပျော်နေပြီး စနောက်နေတတ်ပါတယ်။ ပညာသင်ကြားရင်း မျှော်မှန်းတာတွေက လိုအပ်တာထက်ပိုနေမိလိမ်မည်။ကျန်းမာရေး အနေနဲ့ ခေါင်းမူး၊ခေါင်းကိုက်၊ အသက်ရှုမဝ ဖြစ်တတ်တယ်၊ အထိုင်အထများခြင်းကြောင့် အကြောထုံကျင်နေတတ်ပါတယ်။

ယတြာ
--------
ညောင်ရွက် မှာ မိမိနာမည်ရေးပြီး ဆောင်ထားပါ။
#နတ်မျက်စိ Chan #


သောကြာနေ့ဖွားသားသမီးများ
----------------------------------
လက်ရှိကာလမှာ အုပ်စိုးမှုများ၊ စိတ်က တစ်နေရာ လူကတစ်နေရာဖြစ်နေတတ်သလို၊ ကိုယ်တိုင် ခင်မင်သူများနဲ့တိုင်ပင်ကာ၊ ကောင်းသောအကျိုးများ လုပ်ကိုင်ချင်သောစိတ်များဖြစ်ပေါ်နေတတ်ပါတယ်။ သူများရဲ့ အခက်အခဲများကို ကူညီဖြေရှင်းပေးနေရတတ်တယ်၊ လက်ရှိမှာ လုပ်စရာ ကိစ္စတွေကို လုပ်ဖို့ရာ မဝံ့မရဲဖြစ်နေတတ်ပါတယ်။ လျှပ်စစ်နဲ့ပတ်သတ်သော အသုံးဆောင်ကောင်းများသုံးစွဲချင်သလို၊ Online များကြောင့် ငွေကုန်နေတတ်သလို၊ အကျိုးမရှိတာတွေ လုပ်တာများနေမယ်။ မျက်စိနောက်သောသူများနဲ့ နီးနီးကပ်ကပ်နေရတတ်တယ်။လက်ရှိလုပ်ကိုင်နေသော စီးပွားရေးတိုးချဲ့လိုသော်လည်း ငွေဝင်အထွက်များ စောင့်ကြည့်နေရတတ်ပါ။ ငွေက တစ်ဖက်ကဝင်၊ တစ်ဖက်က မိမိအတွက်ကော တစ်ပါသူများရဲ့ ကျန်းမာရေး ကြောင့်ငွေထွက်နေရတတ်ပါတယ်။ မိမိမှာ အလုပ်ထဲမှာကြည့်မရသူများတိုးပွားလာသလို၊ စိတ်မပါဘဲ လုပ်နေရတာကြောင့် အလုပ်ပြောင်းလဲများဖြစ်ပေါ်နေတတ်တယ်။ လက်ရှိ အထက်လူကြီးက တာဝန်သစ်၊ ရာထူးသစ်များ ရရှိမယ်၊ ထိပ်တိုက် မဟုတ်ရင်တောင် မကျေနပ်သူက တစ်ပါးသူများနဲ့ ရန်တိုက်ခြင်းများ ခံစားနေရတတ်ပါတယ်။အချစ်ရေးအနေနဲ့ ပြေလည်ရာကနေ စကားများရန်ဖြစ်တတ်တယ်၊ ချစ်သူနဲ့ သဘောထားခြင်းကွဲလွှဲနေသလို၊ စိတ်ကလဲ သူအပေါ်ယုံကြည်ချက်များ ကင်းမဲ့နေတတ်ပါတယ်။ မိမိကိုယ် အသည်းခွဲသူများက ပြန်လာတတ်တယ်။ စိတ်ညစ်နေရင်းနဲ့ ချစ်သူက ရန်တွေ့ခံရတတ်တယ်။ အိမ်ထောင်ရေး မှာ ပျော်ရွှင်သော ကိစ္စတွေဘေးမှာ ထားကာ၊ အလုပ်အတွက်ကော အားလုံးကောင်းအောင် လုပ်ဆောင်နေရတတ်ပါတယ်။ မိမိကြင်နာသူရဲ့ အမေ နေထိုင်မကောင်းဖြစ်တတ်တယ်။ ပညာရေးမှာ လေ့လာလိုက်စားမှု ကောင်းတယ်၊ ဝါသနာမပါသော ပညာများကိုတောင်သင်ယူနေတတ်တယ်၊ ပညာကို တစ်ပါးသူသင်ကြားပေးရန် ဖြစ်နေတတ်တယ်။စာသင်ကြားနေရင်း ပညာထပ်ဆင့်ပိုကာ ၊ သင်တန်းများတက်နေရသော ကာလဖြစ်ပါတယ်။စာအုပ်ဘေးချ အိပ်ချင်စိတ်များဖြစ်ပေါ်နေတတ်ပါတယ်။အေးဆေးမှသာ စာကျက်ပြီး၊သားရေစာများ, မုန့်တွေဝယ်စားနေတတ်ပါတယ်။ခေါင်းကိုက်၊ မူးဝေပြီး ၊ ထိုင်နေရာက မထချင်ဘဲဖြစ်နေတတ်တယ်၊ အသွားအလာ အဆင်းအတက်များ သတိထားပေးရမည်,ခြေချော်လဲတတ်တယ်။

ယတြာ
--------
နေကြာစေ့ကို မိမိမွေးနေ့ မှာကပ်ပြီးလိုရာဆုတောင်းပေးပါ။
# နတ်မျက်စိ Chan #

စနေနေ့ဖွားသားသမီးများ
🐉🐉🐉🐉🐉🐉🐉🐉
အခုလက်ရှိမှာ စိတ်ပူစရာများ၊ အလုပ်ကိုပြီးအောင်လုပ်ပြီး အတိုးချ အိပ်ချင်စိတ်များ ဖြစ်နေတတ်သလို့၊ မိမိကိုယ်ဝန်းရံသောသူများပေါများနေတတ်ပါတယ်၊ စိတ်မှာ အတွေးများနေသလို, ဘာလုပ်လုပ် သတိတရားများနဲ့ လုပ်ကိုင်နေရတတ်ပါတယ်။ ကိုယ်ပိုင်ဘဝနဲ့ရပ်တည်ချင်စိတ်၊ တာဝန်သစ်များ၊ အလုပ်ကနေ အတတ်ပညာတစ်ခုခုကိုလေ့လာနေရတတ်ပါတယ်။စီးပွားရေး အနေနဲ့ အခက်အခဲများရှိနေတတ်ပြီး၊ မိမိရှာထားတွေ စုဆောင်းရ ခက်နေတတ်ပါတယ်။ အခုလိုအချိန်မှာ သမ္မာအာဇီဝ မဟုတ်သော နည်းလမ်းဖြင့်ငွေမရှာသင့်ပါ။ အလုပ်မှာ အတိုက်အခံ များခြင်း၊ တစ်ခါတည်းပြီးရမည့်အလုပ်ကို ထပ်ခါလုပ်နေရခြင်းများရှိနေပါတယ်၊ မိမိအပေါ် ကောင်းသလိုလိုနဲ့ ကွယ်ရာမှာ မနာလိုသောသူများရှိနေတတ်ပါတယ်။ ဘယ်လို့အကြံအစည်ဖြစ်ဖြစ် သေချာလေးအကောင်အထည်ဖော်ပေးပါ။အချစ်ရေးမှာ ဝန်းရံနေကြသလို့ စန်းထနေသော အချိန်ဖြစ်ပါတယ်။ဟိုးအရင်က ချစ်သူကိုသတိရနေတတ်သလို၊ အချစ်ရေးမှာ စိတ်ကစားချင်နေတတ်သလို၊ တစ်ယောက်ယောက်ကို အပျော်သဘောထားချင်နေတယ်၊ မိမိတကယ်ချစ်ရသူကိုဘေးမှာထားပြီး မျက်နှာများချင်နေတယ်။ လက်ရှိချစ်သူနဲ့ တော့ရန်ဖြစ်ကာ စိတ်ထင်ရာပြောဆို စွတ်ဆွဲနေတတ်ပါတယ်။ အိမ်ထောင်ရေး မှာ ဗျာများနေပါတယ်။ လုပ်လက်စများကို ပြီးစီးအောင်လုပ်နေတတ်ပါတယ်၊ မိမိကြင်နာသူက တောင်းဆိုမှုများနေသောကာလဖြစ်ပါတယ်။ စာမေးပွဲ အတွက် မရောက်ခင်ကတည်းက ဂယက်များနေပြီး, စိတ်ပူကာ စာတွေကျက်ပေမယ် မရနိုင်ဘဲဖြစ်နေတတ်တယ်၊ လွန်စွာစိတ်ပူနေတတ်တယ်။ ပညာရေးနှင့် အချစ်ရေးရောယှက်နေတတ်တယ်။ လက်ရှိတက်ရောက်နေသော ပညာကို စိတ်ဝင်စားမှုမရှိဘဲဖြစ်နေတတ်တယ်။သင်တန်းတက်နေရင်း ရပ်နားခြင်းများဖြစ်ပေါ်နေတတ်ပါတယ်။ ပညာရေး အတွက်ပိုပြီးကြိုးစားသင့်သော ကာလဖြစ်ပါတယ်။ကျန်းမာရေး အညံ့ရှိတယ်၊ မျက်စိနဲ့ခြေထောက်ဖြစ်တတ်ပါတယ်။ အစားမှားတတ်တယ်၊ အခန့်မသင့်ဘဲဖျားနာတတ်ပါတယ်။ အိပ်နေရင်းလန့်နိုးတတ်ပါတယ်။

ယတြာ
--------

ကံကော်ညွှန်ကိုးခက်ကို ဘုရားမှာကပ်ပြီးလိုရာဆုတောင်းပါ။

#နတ်မျက်စိChan Ph-09793894085,09420150725

👼👼👼👼👼👼👼👼👼👼👼👼👼👼

#Shape #Shape_Horoscope
Share on Google Plus

0 comments:

Post a Comment