ပါးဖောင်းလွန်းတာပြဿနာ…





ခန္ဓာကိုယ်အတွက် ၀ိတ်ချရတာလွယ်ကူပေမယ့် ဖက်ရှင်ပိုင်း ဆိုင်ရာနဲ့ ခန္ဓာကိုယ်အားနည်းချက်တွေကို ဖုံးကွယ်ထားနိုင်ပေမယ့် ဖုံးကွယ်လို့မရတဲ့နေရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ပါးဖောင်း ဖောင်းပြဿနာပါပဲ။ မိတ်ကပ်ပညာနဲ့ဖုံးကွယ်လို့ရနိုင်ပေမယ့် မိတ်ကပ် မလိမ်းတတ်သူတွေအတွက်တော့ ပါးဖောင်းတဲ့ပြဿနာက ပြဿနာပါ။ အဲဒီတော့ ပါးဖောင်းတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

အစားဆင်ခြင်ပါ
ပါးပေါ်က ဖောင်းအစ်နေတဲ့ အဆီတွေလျှော့ချဖို့ ပထမဆုံးလုပ် ကိုလုပ်ရမယ့် နည်းလမ်းကတော့ အချို၊ အငံနဲ့ အရက်သောက်သုံး ခြင်းတွေကို လျှော့ချဖို့ပါပဲ။ ဒီအစား အသောက်တွေက ခန္ဓာကိုယ်သာမက မျက်နှာအရေပြားကြွက်သားအတွင်း ရေတွေကိုများစွာသို လှောင်ထားပြီး ပါးကိုဖောင်းအစ်စေပါတယ်။ အဲဒါကြောင့်ပါးလေးကို သဘာဝအတိုင်းပါးပါးလျလျ ပိန်သွယ်ချင်သူတွေအနေနဲ့အချို၊ အငံတွေကို လျှော့ချပစ်ဖို့လိုအပ်ပါတယ်။

ရေများများသောက်ပါ။
ပါးဖောင်းဖောင်းပြဿနာအတွက် ကုသနည်းတစ်ခုကတော့ ရေများများသောက်ပေးဖို့ပါပဲ။ ရေ များများသောက်တာက မျက်နှာမှာ ရေတွေ၊ အဆီတွေကို သိုလှောင်ပြီး ပါးကိုဖောင်းအစ်စေမလားလို့ စိုးရိမ်သူတွေရှိနေပါတယ်။ ရေများများသောက်တဲ့အတွက် အဆိပ်အတောက်တွေကို ဆီးမှတစ်ဆင့် ခန္ဓာကိုယ်ပြင်ကို စွန့်ထုတ်ပေးပါတယ်။ အဲဒါကြောင့်ရေများများသောက်လေ မျက်နှာကရေဓာတ် ပြည့်ဝပြီး ပါးပါးလျလျပိန်သွယ်လေ ပါပဲ။ 

မနက်စာပုံမှန်စားပါ
ပါးပေါ်ကဖောင်းအစ်နေတဲ့ အဆီအိတ်တွေကို ဖယ်ရှားပေးမယ့် နောက်ထပ်နည်းလမ်းကောင်းတစ် ခုကတော့ နံနက်စာပုံမှန်စားသုံးပေးဖို့ပါပဲ။ အလုပ်များပြားလှတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ လူအများစုက မနက်စာကို ကျော်လွှားသွားလေ့ရှိပါတယ်။ တကယ်တော့ နံနက်စာဆိုတာ တစ်နေ့လုံးစာစွမ်းအင်အတွက် အရေးကြီးဆုံးဖြစ်ပြီး နေ့စဉ်စားသောက်မှု ချင့်ချိန်နိုင်စွမ်းကို ထိန်းသိမ်းပေးပါတယ်။

ဟိုမုန်းအပြောင်းအလဲ
ပါးဖောင်းအစ်နေတဲ့ နောက်ထပ်ပြဿနာတစ်ခုကတော့ ဟိုမုန်းမတည်ငြိမ်မှုကြောင့်ဖြစ်ပါတယ်။ အမျိုးသမီးအများစုက ရာသီလာနေစဉ်အတွင်းမှာပါးဖောင်း အစ်တဲ့ဒဏ်ကို ခံရလေ့ရှိပါတယ်။ ဒါက သဘာဝအလျောက်ဖြစ် တတ်တဲ့ အလေ့အထတစ်ခုပါ။ ဒီပြဿနာအတွက်ကတော့ ရာသီ လာနေစဉ်အတွင်း ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာကို ကျွမ်းကျင်တဲ့ပညာရှင်နဲ့တိုင်ပင်ဆွေး နွေးတာအကောင်းဆုံးပါပဲ။ 

အဆီစားသုံးမှုလျှော့ချပါ
နောက်ထပ်မျက်နှာပေါ်က စုပုံနေတဲ့ အဆီတွေလျှော့ချဖို့ နည်းလမ်းကောင်းတစ်ခုကတော့ အဆီစား သုံးမှုကို ကန့်သတ်လိုက်ဖို့ပါပဲ။ အဆီလျှော့စားလိုက်တာက ခန္ဓာကိုယ်ကျန်းမာရေးကို ကောင်းမွန်စေရုံသာမက မျက်နှာပေါ်ကအဆီတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။ တတ်နိုင်သလောက် အဆီနည်းပါးတဲ့ အစားအသောက်များကို စားသုံးပါ။ ဆိုဒါသောက်ခြင်း၊ အချိုလွန်ကဲတဲ့ ပြုပြင်ထားတဲ့အစာများစားခြင်းရှောင်ပါ။

အရက်သောက်သုံးခြင်းရှောင်ပါ
မျက်နှာပြင်ပေါ်က အဆီတွေလျော့ကျဖို့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ အရက်သောက်သုံးခြင်ကို လျှော့ချလိုက်ဖို့ပါပဲ။ အရက်သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အရက်သောက်သုံးတဲ့အတွက် မျက်နှာမှ ကြွက်သားလေးတွေမှာ ရေသိုလှောင်မှုများလာပြီး မျက်နှာပြင်ကိုဖောရောင်လာစေပါတယ်။ 


မျက်နှာလေ့ကျင့်ခန်းလုပ်ပါ
နောက်ထပ်မျက်နှာကို ဖောင်းအစ် စေတဲ့အဆီတွေလျှော့ချဖို့ နည်းလမ်းကောင်းတစ်ခုကတော့ မျက်နှာလေ့ကျင့် ခန်းလုပ်ပေးဖို့ဖြစ်ပါတယ်။ မျက်နှာလေ့ ကျင့်ခန်းကခန္ဓာကိုယ်လေ့ကျင့်ခန်းထက် ပိုပြီးပေါ့ပေါ့ပါးပါးနဲ့ အချိန်နေရာမရွေးပြုလုပ်နိုင်ပါတယ်။ မျက်နှာလေ့ကျင့်ခန်းလုပ်ပေးတဲ့အတွက် မျက်နှာကြွက်သားတွေက အဆီပိုတွေကို ချေဖျက်ပေးနိုင်ပြီး သွေးလည်ပတ်မှုပိုမိုကောင်းမွန်စေပါတယ်။

ဆေးလိပ်ဖြတ်ပါ
အရက်သောက်သုံးခြင်းကဲ့သို့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကတော့ ဆေးလိပ်သောက်သုံးခြင်းပါပဲ။ ဒါတင် မကပါဘူး။ ဆေးလိပ်သောက်ခြင်းက နှလုံးနဲ့အဆုတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါတင်မက ဆေးလိပ်သောက်သုံးမှုများလာတဲ့အခါ ကင်ဆာဖြစ်စေနိုင်သလို မျက်နှာကိုအရေး အကြောင်းနဲ့ အိုမင်းရင့်ရော်သွားစေနိုင်ပြီး ဖောင်းအစ်လာသယောင်ထင်ရစေပါတယ်။

ဆံကေသာနဲ့ ပုံသွင်းပါ
ဆံကေသာပုံသွင်းသဏ္ဍာန်ကလည်း မျက်နှာရဲ့လှပမှုကိုထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။ ဆံကေသာပုံစံက မျက်နှာပြင် ပေါ်က ဖောင်းအစ်နေတဲ့အဆီတွေကို ချေဖျက်ပေးနိုင်ပေမယ့် မျက်နှာရဲ့အားနည်းချက်ကို လိုအပ်သလို အလွယ်တကူဖုံးအုပ်ပေးနိုင်ပါတယ်။

#၀ဿန်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment