မိမိစီးတဲ့ကားကို
စနစ်တကျထိန်းသိမ်းချင်ကြတဲ့မိတ်ဆွေများကိုလေးစားပါတယ်။ ဘာမဆို စနစ်တကျထိန်းသိမ်းပေးမှရေရှည်ခိုင်ခန့်ပါတယ်။
ခုဆိုရင် ဟိုတုန်းက ကွက်ပျောက်ဆိုတဲ့ Honda ကားလေးများ ခေတ်စားလာပါတယ်။ ဟိုတုန်းကမထိရဲ
မကိုင်ရဲကြပေမယ့် ခုလိုနည်းပညာပေါများတဲ့ခေတ်မှာ သတင်းနည်းပညာအားကိုးနဲ့ကိုင်ရဲသုံးရဲကြပါပြီ။
အိမ်ကနေ ဘာမဆိုသိနေရတဲ့ခေတ်ကြီးဆိုတော့ အသုံးချတတ်တဲ့လူများအတွက် အိုကေမှာစိုပြေကြတာပေါ့။
ခုဟိုက်ဗရစ်ခေတ်ပြန်စားနေပါတယ်။
ဟွန်ဒါစီဗစ်ပါ။ လူကြိုက်များနေပါတယ်။ ကောင်းလည်းကောင်းတာကိုး။ အင်ဆိုက်ကတော့ ပွဲပြီးသလောက်ရှိသွားပါပြီ။
၂၀၁၄ ကစလို့ထုတ်လုပ်မှုရပ်ဆိုင်းလိုက်ပြီလို့ ကုမ္ပဏီကကြေညာထားပါတယ်။ အခြားကားများအတွက်
Hybrid ကိုတော့ထုတ်ဦးမှာပါ။
ကားလေးကလည်း နောင်အချိန်တော်တော်ကြာထိ
ဂီယာဝိုင်ကိစ္စမရှိနိုင်ပါ။ ကီလိုငါးသောင်းဆိုတာနည်းတာမှတ်လို့ သတိပေးစာတန်းလေးကို လိမ္မော်ရောင်နဲ့
ဂျပန်လိုဖော်ပြလာပါတယ်။
ဒီကားများအတွက်အရေးကြီးတာက
အော်တိုဂီယာဝိုင်ပါ။ အခြားဘရင်းန်ကိုသုံးလို့မရပါဘူး။ ကီလိုလေးသောင်းနဲ့ ငါးသောင်းနဲ့ကြားရောက်ရင်မလဲမဖြစ်လဲပေးရပါတယ်။
ဟွန်ဒါရဲ့ဂီယာဘောက်စနစ်က သူများထက်နည်းပညာပိုမြင့်ပါတယ်။ HMM နည်းပညာကို သုံးထားလို့ပါ။
ဟိုက်ဗရစ်တွေပေါ်ခါစ သတိပေးမီးလင်းလာတဲ့ အင်ဆိုက်တစ်စီးကို ဂျပန်လူမျိုး နာကာမူရာကိုယ်တိုင်
နားလည်အောင်ရှင်းပြပြီး မှန်ကန်တဲ့ဆီအမျိုးအစားကိုလဲလှယ်ပေးခဲ့လို့ ပိုင်ရှင်လည်းကျေနပ်မှုရခဲ့ပြီး
ကျေးဇူးတင်ခံခဲ့ရပါတယ်။ ကားလေးကလည်း နောင်အချိန်တော်တော်ကြာထိဂီယာဝိုင်ကိစ္စမရှိနိုင်ပါ။
ကီလိုငါးသာင်းဆိုတာ နဲတာမှတ်လို့ သတိပေးစာတန်းလေးကို လိမ္မော်ရောင်နဲ့ ဂျပန်လိုဖော်ပြလာပါတယ်။
အောက်ဖက်မှာ ဂွပုံစံလေးလည်းပေါ်လာပါတယ်။ မကြောက်ပါနဲ့ မပျက်သေးခင်သတိပေးတဲ့ Reminder
လေးပါ။ မြန်မာလိုပြန်ပေးရရင် အော်တိုဂီယာဝိုင်လဲပေးဖို့လိုအပ်နေပြီ။ သတ်မှတ်တဲ့ကီလိုမီတာကိုရောက်တော့မယ်ပေါ့။
ဒီတော့မှန်ကန်တဲ့ဆီကို စနစ်ကျတဲ့အလုပ်ရုံမျိုးမှာလဲလိုက်တော့ အဆင်ပြေပြီပေါ့။ လဲလှယ်ပြီးရုံနဲ့
သတိပေးစာတန်းမပျောက်သေးပါ။ သက်ဆိုင်ရာ မက္ကနင်းက Reset ပြန်ချပေးရပါတယ်။ ဒါမှစာတန်းပျက်သွားမှာပါ။
ဒါပေမဲ့ ဆီကိုတကယ်လဲပြီးမှ တကယ်စာပြန်ဖျက်ပေးရမယ့် Ethic တော့ရှိရမယ်။ နိပွန်တွေကတော့
ဒါမျိုးကိုပြောစရာမလို…
အခိုင်းကြမ်းတဲ့တက်စီမို့ ဈေးသက်သာတဲ့စက်ဆီအမျိုးမျိုးကို
ထင်သလိုမသုံးစွဲသင့်ပါဘူး
ကားအင်ဂျင်ဝိုင်ဆိုတာ
အင်ဂျင်အတွက်ဆိုလည်းအသက်သွေးကြောပါပဲ။ မိမိကားအင်ဂျင်နဲ့လိုက်ဖက်ဖို့အထူးလိုအပ်သလိုသင့်တော်မယ့်
SAE/API Grade ကိုလည်း မှန်ကန်စွာရွေးချယ်သုံးတတ်ရပါမယ်။လဲသင့်တဲ့အချိန်ကို အချိန်ပိုမကုန်ပဲလဲပေးရပါမယ်။
အခိုင်းကြမ်းတဲ့တက်စီမို့
ဈေးသက်သာတဲ့စက်ဆီအမျိုးမျိုးကို ထင်သလိုမသုံးစွဲသင့်ပါဘူး။ မိမိကားနဲ့လိုက်ဖက်တဲ့စက်ဆီ
အဆင်ပြေခဲ့ရင် ဘယ်အချိန်ကြည့်ကြည့်ရွှေရောင်ကဲ့သို့တောက်ပြောင်စွာမြင်ရပါလိမ့်မယ်။ လဲသင့်တဲ့
Kilo ကိုလည်းမမေ့မလျော့နဲ့ဂရုတစိုက်လဲပေးရပါတယ်။
ပုန်းရည်ကြီးအရောင်လိုပြောင်းပြီးအနည်အနှစ်တွေထွက်လာတဲ့ဘေးကအင်ဂျင်ကတော့
ကြုံသလိုလဲကြုံသလိုထည့်နေတဲ့ Fielder Taxi ကားအင်ဂျင်ပါ…
ပုန်းရည်ကြီးအရောင်လိုပြောင်းပြီး
အနည်အနှစ်တွေထွက်လာတဲ့ ဘေးကအင်ဂျင်ကတော့ ကြုံသလိုလဲ ကြုံသလိုထည့်နေတဲ့ Fielder
Taxi ကားအင်ဂျင်ပါ။ ရွှေရောင်လိုမြင်ရတဲ့အင်ဂျင်ကတော့ တက်စီကားထက်တောင်အသုံးလည်းပိုမြန်မာပြည်အနှံ့အပြား
နယ်မရှောင်ကြယ်ပြောင်သွားနေတဲ့ ရောက်ရှိကီလိုမီတာကလည်း ၁သိန်း၂ သောင်းနီးနီးရှိတဲ့
ကလူဂျာ ၂.၄ အင်ဂျင်ပါ။ စနစ်တကျထိန်းသိမ်းတတ်တဲ့အကျိုးကို နမူနာပြပေးလိုက်တာပါ။ နောက်ဆုံးထပ်ပြောချင်တာ
Oil Sludge ဆိုတာ ခုဒီမှာအသုံးအများဆုံး တိုယိုတာအင်ဂျင်မှာ အတွေ့ရဆုံးမို့ပြောချင်တာ။
ဒါကြောင့် မိမိကားနဲ့သင့်တော်လိုက်ဖက်မယ့် အင်ဂျင်ဝိုင်ကို သင်ရွေးချယ်တတ်ပါစေ။
ကားမိတ်ဆွေများကိုခင်မင်လျက်…
ကိုသက်
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment