Facebook မရှိတဲ့ဘ၀ စိတ်ကူးယဉ်ကြည့်ကြရအောင်…





TV မကြည့်၊ အင်တာနက်မ သုံးတဲ့ဘ၀ကို စိတ်ကူးယဉ်ကြည့် ဖူးပါသလား။ အခုမေးခွန်းက ဖုန်း နဲ့မျက်နှာမခွာတတ်တဲ့လူတွေအဖို့ တော့ ပြောရခက်ခဲနေပါလိမ့်မယ်။ အလုပ်ထဲမှာလည်း ဒီစိတ်၊ သွား လည်းဒီစိတ်နဲ့ အင်တာနက်၊ Facebook က လူတွေရဲ့နေ့စဉ်ဘ၀ကို လွှမ်းမိုးထားပါတယ်။ အဲဒီတော့ Facebook ၊ အင်တာနက်၊ ဖျော်ဖြေရေးတွေမရှိတဲ့ဘ၀ကြီးကို စိတ်ကူးယဉ်ပုံဖော်ကြည့်ကြရအောင်။

အစာစားတဲ့အခါစိတ်ပါလက် ပါအာရုံစိုက်စားတတ်လာမယ်
အစာစားနေရင်း Facebook သုံးတာမျိုး ဘယ်သူမဆိုလုပ်ဖူးကြမှာပါ။ တကယ်တော့ အဲဒါက အစားအသောက်ရဲ့အရသာကို ပျက်စေရုံသာမက ကိုယ့်ကိုမထင် မှတ်ဘဲ ပိုပြီးစားသောက်မိစေတတ်ပါတယ်။ အဲဒီတော့ Facebook မသုံးဘဲ စားကြည့်ပါစို့။ အစားအ စာကိုပိုပြီးအာရုံရောက်လာမယ်။ စားရတာပိုပြီးနှစ်သက်လာမယ်။ ကိုယ့်ကိုယ်ကိုယ် ချင့်ချိန်စားတတ်လာပါမယ်။

အသစ်သစ်တွေသင်ယူလာနိုင်မယ်
ဖုန်းနဲ့မျက်နှာအပ်ထားတဲ့အတွက် ပတ်ဝန်းကျင်ကိုဂရုမစိုက်အားပါ။ ပတ်ဝန်းကျင်ကဘာကြီးပဲဖြစ်နေပါစေ သတိမထားမိ။ Facebook မသုံး၊ ဂိမ်းမဆော့တော့တဲ့အခါ ပတ်ဝန်းကျင်ကို သတိထားမိမယ်။ ကိုယ့်ပတ်ဝန်းကျင်က အကြောင်းအရာတွေအပေါ်ပိုပြီး အာရုံစိုက်လာနိုင်ပါလိမ့်မယ်။
ပိုမိုထက်မြက်လာမယ်
Facebook ၊ ဂိမ်းအလွန် အကျွံသုံးခြင်းက ဦးနှောက်ကို ထိ ခိုက်စေပါတယ်။ အဲဒါကြောင့် Facebook ၊ ဂိမ်းတို့လို ဦးနှောက်ကို အလုပ်ပေးရတဲ့အရာတွေကို ခေတ္တနားလိုက်ပါ။ ဦးနှောက်အ နားရတဲ့အတွက် ဉာဏ်ရည်လည်း ထက်မြက်လာပါလိမ့်မယ်။
စိတ်ကျရောဂါကင်းလာမယ်
Facebook ကြည့်ရင် စိတ်မ ချမ်းသာစရာသတင်းတွေ၊ ပျော် စရာတွေ၊ စိတ်ညစ်စရာတွေ၊ ပတ် ၀န်းကျင်ကိုဝေမျှမယ့်လူမရှိဘဲ တစ်ယောက်တည်း ရသပေါင်းစုံခံစား လာရတဲ့အခါ စိတ်ကအထီးကျန် လာပါတော့တယ်။ Facebook မသုံးဘဲနေကြည့်ကြပါစို့။ ပတ်ဝန်းကျင်က သူငယ်ချင်းတွေနဲ့ စကား ပြောရယ်မောပျော်ရွှင်ပြီးလက်တွေ့ ဘ၀ကိုခံစားလာနိုင်မယ့်အတွက် စိတ်ဖိစီးမှုကင်းစင်လာကာ သိသိ သာသာခံစားလာရပါလိမ့်မယ်။
အိပ်စက်ချိန်တွေပိုလာမယ်
အင်တာနက်က လူတစ် ယောက်ရဲ့ အနားယူချိန်ကို အဖျက်ဆီးဆုံးပါပဲ။ တစ်ခန်းလုံးအမှောင် ချပြီး ဖုန်းကထွက်ပေါ်နေတဲ့အ လင်းရောင်က လူတစ်ယောက်ရဲ့ အိပ်စက်မှုနည်းစနစ်တွေကို ဖျက် ဆီးပစ်ပါတယ်။ အင်တာနက်မသုံး ဘဲနေကြည့်ပါ။ အနားယူချိန်တွေ ပိုထွက်လာမယ်။ အဲဒီအနားယူ ချိန်လေးတွေကို အကျိုးရှိအောင် စာဖတ်မယ်။ အိပ်ချိန်မှန်မှန်အိပ်တဲ့ အတွက် ကျန်းမာရေးလည်း မထိ ခိုက်တော့ပါဘူး။
မိသားစုကိုအချိန်ပိုပေးနိုင်မယ်
အင်တာနက်လိုဖျော်ဖြေမှုတစ်ခုဖြတ်တောက်လိုက်တာကလည်း ကိုယ့်မိသားစုအတွက် အချိန်ပေး လိုက်သလိုပါပဲ။ အရင်ကဖုန်းနဲ့ မျက်နှာမခွာနိုင်တဲ့အခြေအနေက လက်ရှိအချိန်မှာ မိသားစုကိုပြန်ပြီး လိုအပ်ချက်တွေကို ပြန်ကြည့်လာ နိုင်တဲ့အတွက် ကိုယ့်ရဲ့ပေါ့လျော့ မှုတွေ၊ အားနည်းချက်တွေကို ဖြည့် ဆည်းပေးလာနိုင်ပါလိမ့်မယ်။
ကိုယ့်ဘ၀ကိုရောင့်ရဲလာမယ်
Facebook ၊ အင်တာနက်ရဲ့ ဆိုးကျိုးတစ်ခုကတော့ သူများတကာရဲ့ သွားသွားလာလာ၊ စားစားသောက် သောက်ပုံတွေ ကိုမြင်ရတဲ့အခါ ကိုယ့်ဘ၀ကိုသူတို့နဲ့နှိုင်းယှဉ် ချိန်ထိုးမိပြီး မကျေနပ်စိတ်တွေဝင် လာခြင်းပါပဲ။ အဲဒီတော့ Facebook မသုံးဘဲ နေကြည့်လိုက်ပါ။ ကိုယ်နှိုင်းယှဉ်နေသူတွေကို မေ့လျော့ပြီး ကိုယ့်ဘ၀ကိုကိုယ် ကျေနပ်ရောင့်ရဲတက်လာပါလိမ့်မယ်။
မျက်လုံးကျန်းမာရေးပိုကောင်းလာမယ်
ဖုန်းကိုအချိန်အကြာကြီးအသုံး ပြုတာက မျက်စိအမြင်အာရုံကို ပျက်စီးစေပါတယ်။ ဒါကအင်တာ နက်သုံးသူတိုင်းသိကြမှာပါ။ အဲဒီ တော့ အင်တာနက်မသုံးဘဲပစ်ထား ကြည့်လိုက်ပါ။ ဘာကိုမှ စူးစူးစိုက် စိုက် အာရုံမစိုက်ထားရတဲ့အတွက် အမြင်အာရုံက ပိုကောင်းလာတာကို သတိထားမိလာပါလိမ့်မယ်။

 #ရန်နိုင် 


---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
<3 စိတ်ရွှင်လန်းဖို့စာဖတ်စို့ <3 သူ့စိတ်ကိုယ့်စိတ်အေးမြအရိပ်ရှိတ်ပ်
<3 WeLoveShape
#Shape #Entertainment #Journal
#Model #Actress #Miss #Singer #Mister #Actor #Celebrity #Academy #Movie #Music #Kpop #Travel #Meal #Car #Phone #Game #Interview #Love #Story #News #Beauty #Fashion #Health #Lifestyle #Relationship #Shopping
<3 အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ
<3 Every Weekly <3 Saturday <3 ရှိတ်ပ်


https://web.facebook.com/shapejournal/

Share on Google Plus

0 comments:

Post a Comment