Online TV Platform အသစ် ဖြစ်လာမယ့် Facebook Watch







Social Network Platform ရဲ့ နည်းပညာဘီလူးကြီးဖြစ်တဲ့ Facebook ဟာသူ့ရဲ့ ကြီးမားလှတဲ့ user တွေကိုအခြေခံပြီးနောက်ထပ်ခြေလှမ်းသစ်ဖြစ်တဲ့ Facebook Watch ကိုမကြာမီမိတ်ဆက်တော့မှာဖြစ်ပါတယ်။ social network သုံးရင် video တွေကို မျှဝေကြတဲ့ အလေ့အထဟာအတော်များများအမြစ်တွယ်လာတဲ့အချိန်၊ စီးပွားရေးကြောငြာတွေ အကုန်လုံးနီးပါးfacebookပေါ် ရောက်လာတဲ့ အချိန်မှာ Facebook ဟာအချိန်ကိုက် လိုအပ်ချက်ဖြစ်လာတဲ့ ကိုယ်ပိုင် Online TV ၀န်ဆောင်မှုကို စတင်တော့မှာ ဖြစ်ပါတယ်။

 Facebook ကိုအသုံးပြုတဲ့ user တွေအပြင် TV Steaming လုပ်ငန်းတွေ အကုန်လုံးပါ Facebook နဲ့ ပူးပေါင်းတော့မယ်ဆိုရင် လူတွေအားလုံးတွေအတွက် facebookဟာ social network platform တစ်ခုတင် မကတော့ဘဲ entertainment နယ်ပယ်အတွက်ပါ အသုံးချလာတော့မှာဖြစ်တဲ့အတွက် Facebook ရဲ့ ကျယ်ပြန့်မှုနဲ့ ရရှိလာမယ့် ၀င်ငွေကတော့ မခန့်မှန်းနိုင်လောက်အောင်ပါပဲ။ အခုမိတ်ဆက်မယ့် Facebook Watch ဟာweb,mobileနဲ့ TV apps အဖြစ် သီးသန့်ထွက်ရှိလာမှာဖြစ်ပြီးနဂို Facebook platform နဲ့ ဘယ်လိုချိတ်ဆက်မယ်ဆိုတာသီးသန့်ပြောကြားထားခြင်းမရှိသေးပါဘူး။

ဒါပေမဲ့ ဒီ Apps ဟာလည်း Messenger Apps လိုပုံစံမျိုးပဲပင်မ Facebook Apps နဲ့ချိတ်ဆက်မယ်လို့ ခန့်မှန်းရပါတယ်။ လောလောဆယ် Facebook Watch မှာအဓိက Discover နဲ့ Watchlistဆိုတဲ့ main tab ကြီးနှစ်ခု ပါဝင်ပြီးကိုယ့်ရဲ့ Facebook Friend တွေရဲ့ activity တွေ၊ like တွေ၊ comment တွေ၊ react တွေ ကနေတစ်ဆင့် ကိုယ့်ရဲ့ Story line မှာမြင်ရတဲ့ video တွေကပြောင်းလဲ အသက်ဝင်နေမှာဖြစ်ပါတယ်။ ခုဆိုရင် Facebook Watch ကနေတစ်ဆင့် လူတွေဘာလုပ်နေလဲ၊ ဘာတွေ live steam ပြနေလဲ၊ ဘယ်လိုရုပ်ရှင်ဇာတ်လမ်းတွေ စိတ်ဝင်စားလဲ အစရှိတဲ့ Social Network ရဲ့ အားသာချက်တွေ ထပ်ပေါင်းထားတဲ့ online video ၀န်ဆောင်မှုကြီးကို Facebook Watch ကနေစတင်တော့မှာဖြစ်ပါတယ်။

ဒါပေမယ့် ရုပ်ရှင်ဇာတ်လမ်းတွေနဲ့  ပတ်သက်တဲ့ အခကြေးငွေ၊ လိုင်စင်နဲ့ မူပိုင်ခွင့်ပုံစံတွေကိုတော့ အသေးစိတ် ကြေငြာခြင်းမရှိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် online video တွေနဲ့ပတ်သက်ရင် YouTube သွားနေရတာ ငြီးငွေ့နေသူတွေအဖို့တော့ Facebook Watch ရဲ့ အချိန်ကိုက် ပေါ်ပေါက်လာမှုကိုအသိအမှတ်ပြုကြရမှာဖြစ်ပါတယ်။ထုံးစံအတိုင်းဒီ Facebook Watch ကို August 28th မှာ US ကနေစတင်မှာဖြစ်ပြီးတခြားနိုင်ငံတွေအတွက် အချိန်အတိုင်းအတာတစ်ခုထိစောင့်စားရနိုင်ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်



Share on Google Plus

0 comments:

Post a Comment