အပြုသဘောဆောင်စိတ်ကဖက်ရှင်ကျစေတယ်...





ဖက်ရှင်ကျစေတဲ့အခြေခံကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဖြစ်စေပါတယ်။ အခုလိုလှပတဲ့ အသုံးအဆောင်တွေ ဖက်ရှင်ကျစေဖို့ ပစ္စည်းတွေပေါများလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်စတိုင်ကျဖို့ ကြော်ငြာတွေ၊ မဂ္ဂဇင်းစာမျက်နှာပေါ်က မော်ဒယ်တွေကိုအားကျမိကြတယ်။ သူတို့လိုဖြစ်အောင် မရရအောင် အတုယူမိကြပါတယ်။ ဒါပေမဲ့ စိတ်ကူးယဉ်စာမျက်နှာနဲ့ပြင်ပလောကလက်တွေ့စာမျက်နှာတွေက ကွဲလွဲနေတဲ့အခါမှာတော့ ဒီမော်ဒယ်တွေကို အားကျအတုယူပြီး ကြိုးစားလာလေ ကိုယ့်ရဲ့ပြစ်ချက်တွေကိုမြင်ပြီး စိတ်ဓာတ်တေ ကျဆင်းလာလေပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ အားနည်းလာတဲ့အခါ လူတွေကြားတိုးရမှာမ၀ံ့မရဲဖြစ်လာပါတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ်လှပတယ်၊ ဖက်ရှင်ကျတယ်ဆိုတဲ့စိတ် ဘယ်လိုမွေးမြူကြမလဲ။

ကိုယ့်ကိုယ်ကိုယ်သဘောကျတဲ့အချက်တွေကို အာရုံစိုက်ပါ
မဂ္ဂဇင်းဂျာနယ်စာမျက်နှာပေါ်က မော်ဒယ်မင်းသမီးတွေတင်မကပါဘူး။ ကမ္ဘာပေါ်ကလူတိုင်း ကိုယ့်ကိုယ်ကိုယ်သဘောမကျတဲ့အချက်လေးတွေကိုယ်စီရှိကြပါတယ်။ အထူးသဖြင့် နှာခေါင်းကအနည်းငယ်ကောက်တာ၊မျက်လုံးကကျဉ်းတာ/ ကျယ်တာ အဲဒီလိုပြစ်ချက်တွေကိုပဲ များသောအားဖြင့် သတိထားမိနေတက်ပါတယ်။ အဲဒါကြောင့် ဒီအချက်တွေကိုလိုက်ပြီး စိတ်ပူပန်နေမယ့်အစား ကိုယ့်ရဲ့နှုတ်ခမ်းအလှ၊ ဆံပင်အလှ၊ အသားအရေလှပမှုတွေမှာ အာရုံစိုက်လိုက်ပါ။ ကိုယ့်ရဲ့အားသာချက်တွေကိုရှာဖွေလက်ခံတက်ခြင်းနဲ့ အားနည်းချက်တွေကို လျစ်လျူရှုတတ်ခြင်းက ကိုယ့်ကိုယ်လှပစေမယ့် အခြေခံစည်းမျဉ်းဖြစ်ပါတယ်။ 

မှန်ကြည့်ပါ ပြုံးပါ
လူတကာနဲ့နှစ်လိုဖွယ်ဖြစ်စေမယ့်အပြုအမူတစ်ခုကတော့ အပြုံးဖြစ်ပါတယ်။ အပြုံးတစ်ပွင့်က  စိမ်းကားနေတဲ့မျက်ဝန်းကိုတောင် နွေးထွေးအသက်ဝင်လာနိုင်စွမ်းရှိပါတယ်။ ဖက်ရှင်နဲ့ပတ်သက်လာတဲ့အခါ အပြုံးက ကိုယ့်ခန္ဓာကိုယ်အတွင်းအပြင်ကို ကျေနပ်လက်ခံပါတယ်ဆိုတဲ့အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။ 

လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ်ပုံပန်းကျစေရုံသာမက သွက်လက်ပေါ့ပါးနေစေပါတယ်။ ခန္ဓာကိုယ်က လှုပ်ရှားရတာသွက်လပ်ပေါ့ပါးနေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ကအပြည့်ရှိနေစေပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အ၀တ်အစားဝတ်ဆင်ပါ
ဖက်ရှင်ကျစေဖို့အတွက် အရေးကြီးတဲ့အချက်တစ်ခုက အ၀တ်အစားပါပဲ။ ကိုယ်နှစ်သက်တဲ့အ၀တ်အစားသာဝတ်ဆင်ပါ။ ကိုယ့်ကိုစိတ်ချမ်းသာစေပါလိမ့်မယ်။ ၀တ်ဆင်တဲ့အ၀တ်အစားအပေါ်မှာလည်း ယုံကြည်မှုရှိနေဖို့လိုအပ်ပါတယ်။ လူတစ်ယောက်က အ၀တ်အစားတစ်မျိုးတည်းကို ဆင်တူဝတ်ထားပေမယ့် ကိုယ့်ရဲ့အတွင်းစိတ်မှာ ယုံကြည်မှုရှိနေရင် အ၀တ်အစားက ပိုပြီးပေါ်လွင်ထင်ရှားနေပါလိမ့်မယ်။ 

မှန်မကြာခဏကြည့်ခြင်းရှောင်ပါ
မှန်မကြာခဏကြည့်လေ့ရှိတာက လူတိုင်းနီးပါးမကြာခဏ၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာပါ။ ကိုယ့်ကိုယ်ကိုယ်ပြီးပြည့်စုံလိုလေသေးမရှိစေဖို့ မှန်ကြည့်ရင်းအချိန်ကြာလာတာနဲ့မျှ မှန်မကြည့်ရမနေနိုင် စိတ္တဇဆန်လာပါတယ်။ မှန်မကြည့်ရလေ ကိုယ့်ကိုယ်ကိုယ် တစ်စုံတစ်ခုလိုလေလေ နေမထိထိုင်မထိဖြစ်ကာ ကိုယ့်ရဲ့ယုံကြည်မှုတွေလျော့ပါးစေလာပါတယ်။ အဲဒါကြောင့် မှန်ကိုမကြာခဏကြည့်တက်တဲ့ အလေ့အထကို ဖျောက်ထားဖို့လိုပါတယ်။

မိတ်ကပ်ဆံပင်အတွက်အချိန်ယူပါ
မိတ်ကပ်ဆံပင်အလှပြင်ဆင်ဖို့ အချိန်ယူပါဆိုပေမယ့် တစ်နာရီ (၂)နာရီလောက်အထိအချိန်အကြာကြီးယူနေစရာမလိုပါဘူး။ တစ်နေ့တာလုံး ယုံကြည်မှုအပြည့်နဲ့ဖြတ်သန်းနိုင်ဖို့ မိတ်ကပ်ပြင်ဆင်ချိန်ကို နံနက်ခင်းမှာ ၁၅-၂၀ မိနစ်ခန့် အချိန်ယူပါ။

ကိုယ့်ခန္ဓာကို မြတ်နိုးပါ
ကိုယ့်ခန္ဓာကိုယ်အလှကို မြတ်နိုးတန်ဖိုးထားတက်ခြင်းကလည်း ဖက်ရှင်ကျခြင်းရဲ့ အခြေခံဖြစ်ပါတယ်။ ဘယ်လောက်ပဲ ပုသည်၊ရှည်သည်၊ ပိန်သည်၊ ၀သည်ဖြစ်နေပါစေ ကိုယ့်ရဲ့သဘာဝကပေးတဲ့ ခန္ဓာကိုယ်ကအလှကို လက်ခံတက်ဖို့လိုပါတယ်။ 

ခန္ဓာကိုယ်အလှပ ပေါ်လွင်စေဖို့ဝတ်ဆင်ပါ
အ၀တ်အစားရွေးချယ်တတ်ဖို့ကလည်းအရေးကြီးပါတယ်။ ခန္ဓာကိုယ်အလှပေါ်လွင်စေဖို့ ၀တ်ဆင်ရမယ်ဆိုတဲ့နေရာမှာ ခန္ဓာကိုယ်အသားအရေကိုလှစ်ဟပြရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ရဲ့ခြေတံကရှည်လျားတဲ့ ခြေထောက်အလှကိုပေါ်လွင်စေမယ့် အ၀တ်အစားမျိုး၊ ခါးအလှကိုပေါ်လွင်စေမယ့် အ၀တ်အစားမျိုးရွေးချယ်ဝတ်ဆင်တက်ဖို့လိုပါတယ်။ 

ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်တတ်ဖို့လိုပါတယ်
လူတိုင်းက တစ်ယောက်နဲ့တစ်ယောက်မတူညီဘဲ ကွဲပြားကြပါတယ်။ ကိုယ်က တစ်စုံတစ်ယောက်ရဲ့ အသားသာချက်ကိုလိုချင်သလို တစ်စုံတစ်ယောက်ကလည်း ကိုယ့်ရဲ့အားသာချက်ကို လိုချင်နေကြပါတယ်။ အတုခိုးတတ်ကြပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ ကိုယ့်ကိုယ်ကိုယ်အကောင်းသာမြင်လိုက်ပါ။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်



Crystal ယုံကြည်မှုမရှိဘူးထင်သမျှအားလုံးက ပျောက်ကွယ်သွားပါလိမ့်မယ်။
Share on Google Plus

0 comments:

Post a Comment