ညီမအခုလတ်တလော
လှုပ်ရှားမှုက Face of Myanmar အမည်နဲ့ ကိုရီးယားမှာ
သွားရောက်ယှဉ်ပြိုင် ပြီးပြန်လာတော့ ကိုရီးယားမြန်မာချစ်ကြည်ရေး Show ပွဲမှာလျှောက်တယ်။
ပြီးတော့ Photo Cover၊ မဂ္ဂဇင်း တွေရိုက်တယ်။ အများဆုံးကတော့ Show လျှောက်ဖြစ်တာပါပဲလို့
ပြောလာသူ Cover Star ထက်ထက်ဝင်းနဲ့ ပြောဖြစ်ခဲ့သမျှကတော့ဒီလိုပါ…
အနုပညာလောကထဲကို ဘယ်အချိန်လောက်ကစပြီးဝင်လာခဲ့တာလဲ…
ညီမလည်းကိုရီးယားကြိုက်တာဆိုတော့ဝင်လာလိုက်တာ
ညီမထက်ထက်ထွန်းကလည်းမင်းသမီးလေ။ သူကလည်းမြှောက်ပေးတယ်။ အရပ်ကလည်းအရှည်ကြီးပဲဆိုတော့ဝင်ပြိုင်တာပေါ့။
ဒီ Face of Myanmar က ကိုရီးယားလည်းသွားရမယ်ပေါ့။
အင်း… ဒါဆိုလည်း ပြိုင်မယ်ဆိုပြီး Solo Title Emprani ဆိုတဲ့ Title လေး ရပြီးတော့ Model
လိုင်းထဲဝင်လာတာပါ။
Face of Myanmar သွားပြိုင်တာနဲ့ ပတ်သက်
ပြီး အခက်အခဲလေးတွေရောရှိခဲ့လား။ အမှတ်တရ လေးတွေရှိရင်လည်း ပြောပြပေးပါဦး။
အခက်အခဲတွေကတော့
ကိုယ့်ဟာနဲ့ကိုယ် ရုန်းကန်ပြီးသွားပြိုင်ရတာဆိုတော့ရှိတာပေါ့။ အ၀တ်အစားပိုင်း အဲဒါတွေကိုယ်ဟာကိုစီစဉ်ရတာဆိုတော့
အရမ်းခေါင်းစားတယ်။ အဲဒီမှာက အရမ်းအေးတာပေါ့နော်။ လက်အိတ်ကလည်းပါမသွားတော့ လက်တွေကလည်းခဲလို့။
ပြီးလို့ရှိရင် Photo ရှုတင်ကလည်း ဆက်တိုက်ရိုက် တာပေါ့နော်။ ပြီးတော့ သူတို့အစားသောက်က
ကိုရီးယား စာတွေက မြန်မာစာနဲ့ အစပ်အဟပ်မတည့်တာတွေ ဘာတွေတော့ အခက်အခဲရှိပါတယ်။
အဲဒီမှာ Photo ရှုတင်ရိုက်တာနဲ့ မြန်မာပြည်က
Photo ရှုတင်ရိုက်တာတွေကျတော့ ဘယ်လိုကွာ ခြားမှုလေးရှိတယ်ဆိုတာ ညီမအမြင်လေးပြောပြပေးပါဦး။
မိတ်ကပ်ပေါ့နော်။
မြန်မာနိုင်ငံမှာလိမ်းတာကြတော့ ထူတယ်ပေါ့။ သူတို့ဆီမှာကြတော့ ပါးပါးလေးတွေပဲ ပြင်ကြတယ်ပေါ့။
မျက်လုံးဆိုလည်း စူရှတောက်ပနေတာမျိုးမဟုတ်ဘူး။ ပါးပါးလေးပဲ။ အပြုံးချိုချိုလေး အဲဒါမျိုးလေးတွေ၊
သူတို့က Cosmetic ဆိုလည်း မျက်နှာရှင်းရှင်းလေးနဲ့ရိုက်တာများပါတယ်။
အနုပညာလောကထဲဝင်ခါစတုန်းက အခက် အခဲတွေရောရှိခဲ့လား။
စစချင်းရိုက်တဲ့
Photo ရှုတင်ဆိုရင် မရိုက်တတ်သေးဘူးပေါ့နော်။ ခါးတွေဘာတွေလိမ်လို့ အိမ်ရောက်တော့ ပရုတ်ဆီတွေတော်တော်လိမ်းလိုက်ရပါတယ်။
အနုပညာအလုပ်အပြင် တခြားအလုပ်တွေ ရောဝါသနာပါသေးလား။
ညီမက အိမ်မှာကလည်း
ဆရာဝန်တွေဆိုတော့ ဆရာဝန်လုပ်ချင်တယ်။ ပြီးတော့ မန်နေဂျာလိုမျိုး သူများကို ဆရာလုပ်ရမယ့်ဟာမျိုးဆိုရင်ကြိုက်တယ်။(ရယ်လျက်)
ဒီအနုပညာအလုပ်တွေစလုပ်တော့ အိမ်က ကန့်ကွက်တာမျိုးရှိခဲ့လား။
ကန့်ကွက်တာတော့
မရှိခဲ့ပါဘူး။ ပေးလုပ်ပါတယ်။ အဆင်ပြေပြေပါပဲ။ ပွဲတွေဘာတွေဆိုလည်း လိုက်ပို့ပေး ပါတယ်။
အနုပညာရှင်တစ်ယောက်အနေနဲ့ အပြင်သွား
ရတာနဲ့ သာမန်လူတစ်ယောက်အနေနဲ့ အပြင်သွားရတာ ဘာကွာခြားမှုရှိလဲ။
အရင်တုန်းကတော့
အပြင်သွားရင် ၀တ်ချင်တာဝတ်ပေါ့နော်။ အခုအနုပညာရှင်တစ်ယောက်ဖြစ်လာပြီဆိုတော့ ကိုယ့်ကိုယ်သိတဲ့
သူလည်းနည်းနည်းရှိလာပြီလေ။ ဒါကတော့ ကိုယ်နာမည်မကြီးသေးလို့အရမ်းကြီးတော့ လုပ်စရာမလိုပါဘူး။
ဒါပေမဲ့ အ၀တ်အစားအနေ အထိုင်တို့ကတော့ ဆင်ခြင်ရမှာပေါ့။
ဇာတ်ကားရိုက်ဖို့ရောအစီအစဉ်ရှိလား။
ရိုက်ဖို့ကတော့အစီအစဉ်မရှိသေးပါဘူး။
ကမ်းလှမ်းလာရင်တော့ ကားအပေါ်မူတည်ပြီးတော့ စဉ်းစားဖြစ်မယ် ထင်ပါတယ်။
ကိုယ့်အနေနဲ့ ပထမဦးဆုံး ဇာတ်ကားမှာဆိုရင်
ဘယ်လို သရုပ်ဆောင်ချင်လဲ။
ညီမက အိုင်တင်တွေသိပ်မပိုင်ဘူးလို့ထင်တယ်။
ညီမအပျော်လေးပဲရတယ်။ ငိုခန်းတွေဆိုမရဘူး။ အဲဒီတော့ ဟာသကားလေးပဲ ရိုက်ချင်ပါတယ်။
Model တစ်ယောက်အနေနဲ့ ကိုယ့်အတွက် ဘာအရေးအကြီးဆုံးခံယူထားပါသလဲ။
ညီမက
Fashion ပိုင်းကတော့ သိပ်မလိုက်နိုင်ဘူးပေါ့နော်။ ညီမအနေနဲ့ကတော့ ကိုယ်ရည်ကိုယ်သွေးကိုပဲဦးစားပေးပါတယ်။
Shopping ထွက်ရတာဝါသနာပါလား။
Shopping ထွက်ရင် ဘယ်လို ပစ္စည်းလေးတွေဝယ်ဖြစ်လဲ။
Shopping
ထွက်ရတာဝါသနာပါပါတယ်။ ကိုယ်အင်္ကျီဆိုရင် သူများဝယ်ပေးတာမကြိုက်ဘူး။ ညီမ ကိုယ်ဟာကိုဂျီးများနေတာနဲ့သိပ်မရတတ်ဘူး။
ဖိနပ်ကတော့ ကိုယ့်ဖာသာဝယ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ
ကိုရီးယားရေစီးကြောင်းက အတော်လေးခေတ်စားနေတယ်နော်။ ကိုရီးယားဇာတ်လမ်းတွဲနဲ့ K-Pop အကြောင်းလေးလည်း
ပြောပြပေးပါဦး။
K-Pop ထဲမှာဆို
အရင်က TVXQ အခုဆိုရင် Big Bang နဲ့ Exo အဖွဲ့တွေကိုကြိုက်ပါတယ်။
K-Pop တွေကနေ သူတို့ရဲ့မိတ်ကပ် Style ပဲဖြစ်ဖြစ်လိုင်နာဆွဲတာတို့ပေါ့။ ဆွဲပုံဆွဲနည်းကအစ
ထူးခြားတဲ့ဟာလေးတွေ Style Fashion လေးတွေကိုသဘောကျပါတယ်။ သီချင်းဆိုတာတွေ အရမ်းကြိုက်ပါတယ်။
Rap ပဲဆိုဆိုဘာပဲဆို ကြိုက်ပါတယ်။ Korea ကားတွေဆို ညီမကိုယ်တိုင်လည်းအရမ်းကြည့်ဖြစ်ပါတယ်။
TV ကလာတာတင်မဟုတ်ဘဲ အခွေတွေပါဝယ်ပြီးတစ်နေကုန်ထိုင်ကြည့်ပါတယ်။ နောက်ပိုင်း ကိုယ့်အလုပ်နဲ့
ကိုယ်ဖြစ်လာမှ မကြည့်ဖြစ်တော့တာပါ။ ဒါတွေပဲကြည့်နေရင်ုသမနေ လောကထဲမှာပဲ မျောသွားတတ်ပါတယ်။
ကိုယ့်ကိုယ်ပိုင်ဘ၀ကိုမေ့သွားတတ် တယ်ပေါ့နော်။ ဒါကြောင့်မို့ သတိထားပြီးဆင်ဆင်ခြင်ခြင်လေးကြည့်စေ
ချင်ပါတယ်။
အနုပညာရှင်အချင်းချင်းဆိုရင်ရော ဘယ်လိုမျိုးမေတ္တာရပ်ခံချင်ပါသလဲ။
အနုပညာရှင်အချင်းချင်းလည်း
တစ်ယောက်နဲ့တစ်ယောက်အမြင်ချင်းမတူ တော့လွဲတာလည်းရှိမှာပေါ့။ ဒီလိုအမြင်မကွဲလွဲကြဘဲ
စည်းစည်းလုံးလုံးနဲ့ နေကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
အနုပညာနဲ့ မီဒီယာကြားမှာ နားလည်မှုလွဲတာမျိုးဆိုရင်
ညီမအနေနဲ့ ဘယ်လိုမျိုး မေတ္တာရပ်ခံချင်ပါသလဲ။
ဒါမျိုးလေးတွေကတော့
ဖြစ်တတ်ပါတယ်။ မီဒီယာပိုင်းတွေကလည်း အနုပညာရှင်တွေပြောတဲ့စကားကို အပိုအလိုမရှိအောင်
သေသေချာချာမှန်မှန် လေးရေးပေးစေချင်ပါတယ်။ သူတို့ကကောင်းစေချင်လို့လုပ်လိုက်တာလားတော့
မသိဘူးပေါ့နော်။ ဒါပေမဲ့ တချို့တွေမှာထိခိုက်နစ်နာမှုတွေဖြစ်လာတတ်တယ်ပေါ့နော်။ အဲဒါကြောင့်မို့မှန်မှန်လေးလုပ်ပေးကြပါလို့
မေတ္တာရပ်ခံချင်ပါတယ်။
Shape ဂျာနယ်ကနေ တစ်ဆင့် ပရိသတ်ကြီးကိုဘာများပြောချင်လဲ။
Shape ဂျာနယ်ကနေ
ပရိသတ်ကြီးကိုပြောချင်တာကတော့ ညီမပြိုင်ပွဲလည်းသွားပြိုင်ပြီးသွားပြီ။ နောက်လာမယ့်
ပြိုင်ပွဲတွေရှိလာမယ်ဆိုရင်လည်း အားပေးကြပါဦးလို့ ရှေ့ဆက်လုပ်မယ့်အနုပညာလုပ်ငန်းတွေမှာလည်း
ပိုပြီးတော့အောင်မြင်နိုင်အောင် အားပေးကြပါလို့ပြောချင်ပါတယ်။
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment