iphone နဲ့ ဓာတ်ပုံရိုက်လိုသူတိုင်း သတိထားရမယ့်အချက်…….





Iphone နဲ့ ဓာတ်ပုံရိုက်ယူရာမှာ ဓာတ်ပုံကောင်းတွေရဖို့ဆိုတာ ခက်ခဲတတ်ပါတယ်။ တကယ်တော့ ဖုန်းဆိုတာ စကားပြောဖို့ကိုပဲ အဓိကထားဒီဇိုင်းဆွဲထားတာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ဖုန်းနဲ့ဓာတ်ပုံတွေ လည်းရိုက်ကြပါတယ်။ တကယ်လို့ အခုဒီအောက်မှာပြောထားတဲ့ အချက်လေးတွေကို သတိထားမယ်ဆိုရင် တော့ ကြည်လင်ပြတ်သားပြီး ကြည့်ကောင်းတဲ့ ဓာတ်ပုံလေးတွကို ရိုက်ကူးလာနိုင်ပါလိမ့်မယ်။

၁။ ဓာတ်ပုံရိုက်ဖို့အတွက် အဓိကစစချင်း Camera app ကို lunch လုပ်ဖို့ဆိုတာက အလွယ်တကူ လုပ်ယူလို့ရပါမယ်။ အဓိကကတော့ iphone ရဲ့ Lock Screen ပေါ်ကနေလှမ်းယူပြီးသုံးတာပါ။ Home button ကိုနှိပ်ပြီး Screen ကို Wake လုပ်ယူလိုက်ပြီးတဲ့နောက်မှာတော့ ညာဘက်အောက်နားမှာရှိတဲ့ Camera icon အပေါ်ကို တွန်းတင်လိုက်မယ် ဆိုရင် Camera app ထဲရောက်သွားမှာပါ။ အဲဒီနည်းနဲ့ဆိုရင်တော့ passcode တွေ Touch ID တွေကို သုံးစရာမလိုပဲနဲ့ ဓာတ်ပုံအလွယ်တကူ မြန်မြန်ဆန်ဆန် ရိုက်ကူးနိုင်ပါလိမ့်မယ်။

နောက်တစ်ခုကတော့ Dock ပေါ်မှာကိုပဲ Camera app ကိုတင်ထားတာပါ။ ဒါကတော့ နည်းနည်း လေး ပိုတယ်ပေါ့လေ။ ပုံမှန်အားဖြင့်တော့ Home Screen ကိုပဲ Camera app က ရှိနေတာပါပဲ။

iOS7 နောက်ပိုင်းမှာဆိုရင် Control Centre ကနေလည်း Camera app ကိုတင်ထားတာပါ။ ဒါကတော့ နည်းနည်းလေး ပိုတယ်ပေါ့လေ။ ပုံမှန်အားဖြင့်တော့ Home Screen မှာကိုပဲ Camera app အတွက် icon လေးရှိနေမှာပါ။

Camera app ထဲက Setting တွေ အားလုံးကို သိနေရုံနဲ့ ပုံကောင်းတစ်ပုံရနိုင်မယ်လို့ ကံသေကံမ မပြောနိုင်ပါဘူး။ ဓာတ်ပုံတွေကို ပရိုတွေရိုက်သလိုမျိုး ရိုက်ကူးနိုင်ဖို့အတွက် ဓာတ်ပုံကိုဖွဲ့စည်း တည်ဆောက်ရာ မှာ လိမ္မာပါးနပ်ဖို့လည်း လိုပါတယ်။ iphone ရဲ့ Grid Feature ကိုသုံးပြီးတော့ Horizontal Thirds တွေကို Frame ခွဲယူနိုင်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ ကိုယ့်ရဲ့ Object ဟာ အဲဒီလိုင်းတွေရဲ့ အစွန်းလိုင်းကြားမှာ ရှိရမှာဖြစ်ပြီး အလယ်ကောင်လိုင်းမှာ ရှိမနေရပါဘူး။ အဲဒါကို Rule of third လို့ခေါ်ပါတယ်။ ကင်မရာရဲ့ အနိမ့် အမြင့်ကိုချိန်ရာမှာလည်း ဂရုစိုက်ရမှာပါ။ ဓာတ်ပုံကြီးကစောင်းပြီးနေတာလောက် ရုပ်ဆိုးတာမရှိပါဘူး။ နောက်တစ်ခုက Back groung မှာလည်း အောက်ဘက်ကနေ တစ်ယောက်ယောက်ရဲ့ ခေါင်းကြီးတစ်ပိုင်း ပြတ်ပြီး ပါလာတာမျိုးမဖြစ်အောင်လည်း အနိမ့်အမြင့်ချိန်ရာမှာ သတိထားဖို့လိုပါတယ်။

ဓာတ်ပုံတစ်ပုံဝါးပြီး ထွက်လာတယ်ဆိုရင် အဖြစ်နိုင်ဆုံးက ဓာတ်ပုံရိုက်နေတုန်း လက်ကလှုပ်နေလို့ ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဖုန်းတစ်လုံးကို ကင်မရာတစ်လုံးလို လက်ထဲငြိမ်နေအောင် မြဲမြဲကိုင်ထားနိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်မယ်ဆိုရင် လက်နှစ်ဘက်နဲ့မြဲမြဲကိုင်ပြီး လက်ဖျံတွေကို ကိုယ့်ဘက်ကို ကပ်နိုင်သမျှကပ်ထားပြီး ငြိမ်အောင်ထိန်းထားတတ်ဖို့လိုပါတယ်။

အသက်ကို၀၀ရှုပြီး ဖြည်းဖြည်းချင်းပြန်ထုတ်ပါ။ ပြီးတော့ Shutter Button ကို အငြင်သာနိုင်ဆုံးနှိပ်ပါ။ တကယ်လို့ Screen ကိုနှိပ်ဖို့အဆင်မပြေရင် Volume Up button ကိုနှိပ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဖုန်းကိုငြိမ်အောင်ကိုင်ထားပြီး Headphone က Volume Up ကို နှိပ်တာပဲဖြစ်ဖြစ်၊ Bluetooth နဲ့ နှိပ်ရတာမျိုး ကို သုံးတာမျိုးပဲဖြစ်ဖြစ် သုံးနိုင်ရင်ပိုကောင်းပါတယ်။

အသုံးဝင်တဲ့ နောက်ထပ်အချက်တစ်ခုက ကိုယ့်ဖုန်းမှာ Shutter Speed ကို သိထားဖို့ပါ။ Shutter ကို ဘယ်လောက်များများဖွင့်ထားရင် ပိတ်ဖို့ဘယ်လောက် အချိန်ယူရသလဲဆိုတာကို သိနေရပါမယ်။ iphone ရဲ့ Shutter Control ဟာ Digital နဲ့အလုပ်လုပ်တာပါ။ Software – based shutter lag ဟာ ကိုယ်က Shutter button ကို နှိပ်လိုက်ချိန်နဲ့ Sensor အနေနဲ့က ဓာတ်ပုံကို အမှန်တကယ် ရိုက်ကူးချိန်အတွင်းမှာ ကြာတဲ့အချိန်ကို ပြောတာပါပဲ။ ရိုက်ပါများလေလေ၊ ဘယ်လောက်အလင်းကိုယူမယ်ဆိုရင် Shutter Lag ဘယ်လောက် ကြာတယ်ဆိုတာ အလိုလိုသိလာပါလိမ့်မယ်။

တကယ်လို့ လှုပ်ရှားနေတဲ့ပုံတွေကို ရိုက်ချင်တယ်ဆိုရင် iphone 5s မှာတော့ Shutter button ကိုဖိထားပြီး Burst mode နဲ့ ရိုက်လို့ရပါတယ်။ တကယ်လို့ Burst mode နဲ့ ရိုက်တယ်ဆိုရင် ကင်မရာက ၁ စက္ကန့်ကို ၁၀ ပုံ အထိရိုက်ပေးမှာပါ။ ပြီးရင် iphone အနေနဲ့ အကောင်းဆုံးလို့ သူထင်တဲ့ပုံတစ်ပုံကို ရွေးပေး မှာပါ။ သူရွေးပေးတာကို မကြိုက်လို့ ကိုယ်တိုင်ရွေးမယ်ဆိုရင်လည်းရပါတယ်။

ဓာတ်ပုံရိုက်တဲ့ အခါအလင်းကို ဘယ်လိုယူရမလဲဆိုတာက အဓိကပြဿနာပါ။ အကောင်းဆုံး exposure ကို ရဖို့ဆိုတာက ဓာတ်ပုံပညာရှင်တွေ ဆယ်စုနှစ်ပေါင်းများစွာ လိုက်နာခဲ့တဲ့နည်းလမ်းဖြစ်တဲ့ အလင်းရှိတဲ့ နေရာကိုလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ရွှေ့ယူတာပါပဲ။ နေကိုကျော်ခိုင်းပြီး ရိုက်ဖို့လိုသလို နေရောင် က ကိုယ့်ပခုံးပေါ်က ကျော်ပြီးဝင်လာဖို့လိုပါတယ်။

နေရောင်ကို တိုက်ရိုက်မျက်နှာမူပြီး မရိုက်ပါနဲ့။ တကယ်လို့ အခန်းထဲမှာရိုက်မယ်ဆိုရင် ပြတင်းပေါက် ကိုကျောခိုင်ပြီး မီးတွေကိုဖွင့်ရိုက်ပါ။

နေရောင်ထဲမှာ ရိုက်မယ်ဆိုရင်တောင် Flash မီးကိုဖွင့်ပြီးရိုက်တာက အဓိကကျတဲ့လျှို့ဝှက်ချက် တစ်ခုဖြစ်နိုင်ပါတယ်။ ဖျက်ခနဲလင်းတဲ့အလင်းက နေရောင်ကြောင့်ဖြစ်လာတဲ့ အရိပ်တွေကို အများကြီး လျော့ သွားစေနိုင်ပါမယ်။ Flash မီး အရိပ်ကျနေတဲ့ နေရာတိုင်းကို ပိုပြီးလင်းသွားအောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ LED Flash မီးအသေးလေးတွေက အရမ်းနီးတဲ့နေရာမျိုးမှာပဲ အလုပ်လုပ်မှာပါ။ ဒါကြောင့် ပေအနည်းငယ် အကွာမှာရှိတဲ့ Subject တွေအတွက်ပဲ အသုံးဝင်နိုင်ပါတယ်။

iPhone 4 ကနေ စလို့ iPhone တွေဟာ HRD mode နဲ့ ရိုက်ကူးလာနိုင်ပြီး exposure တွေအများ အပြားကို သုံးပြီးတော့ ဓါတ်ပုံတစ်ပုံထဲမှာတင်အရောင် နဲ့ tone တွေကိုကျယ်ကျယ်ပြန့်ပြန့်နဲ့ အသေး စိတ် ကျကျထည့်သွင်းပေးနိုင်ပါတယ်။ တကယ်လို့ အလင်းရောင် ပုံမှန်မဟုတ်တဲ့နေရာတွေမှာ Flash သုံးမယ့်အစား HRD ကိုသုံးတာက ပိုအဆင်ပြေစေပါလိမ့်မယ်။

ပုံမှန်အားဖြင့် Optical zoom က iPhone မှာ ပါမလာပါဘူး။ ဒါကြောင့် digital zoom ကို ပဲသုံးရမှာပါ။ ဒါက Pixel တွေကို ပိုကြီးလာအောင် လုပ်ပေးရုံသက်သက်ပါပဲ။ digital နဲ့ zoom ချဲ့ယူတာဟာ ဓာတ်ပုံကို တည်ငြိမ်အောင် ရိုက်နိုင်ဖို့ပိုခက်သွားစေပါတယ်။ အဲဒီတော့ ပုံကြီးကြီးလိုချင်ရင် အနားကရိုက်ပါ။ တကယ်လို့ မဖြစ်မနေ digital effect လိုချင်ရင်ရိုက်ပြီးမှပဲ image editor တွေနဲ့ ကွန်ပျူတာပေါ်မှာ လိုသလိုပြင်ယူပါ။

iPhone သုံးသူတစ်ယောက်ရဲ့ အဓိကအားသာချက်ကတော့ app တွေအများကြီး install လုပ်နိုင်တာပါပဲ။ i Tunes app store ကိုဝင်ပြီး ကိုယ့်ကင်မရာကို ပိုအသုံးတည့်စေမယ့် app တွေ၊ image-editing app တွေကိုရယူနိုင်ပါတယ်။

ဓာတ်ပုံတွေရိုက်လာခဲ့ပြီးပြီဆိုရင် ကိုယ့်ရဲ့ Photo app နဲ့ third-party apps တွေကိုသုံးပြီးတော့ tweak တွေကိုလုပ်နိုင်မှာပါ။ Control တွေ အမျိုးမျိုးကနေတဆင့် ကိုယ့်ဓာတ်ပုံကို အကောင်းဆုံးပြုပြင် ဖန်တီးနိုင်စေပါမယ်။ ဥပမာဆိုရင် staturation control တွေဟာ ကိုယ့်ဓာတ်ပုံထဲက အရောင်တွေရဲ့ intensity ကိုထိန်းညှိပေးမှာပါ။ အရောင် intensity က အတတ်နိုင်ဆုံး အလယ်အလတ် လောက်ဖြစ်အောင် ထိန်းထားရမှာပါ။ engative တို့၊ black and white တို့လို effect မျိုးတွေကိုလည်း စမ်းသပ်သုံးကြည့်နိုင်ပါ တယ်။

မင်းသုနောင်
--------------------------------------------------------

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment