အဆင့်သတ်မှတ်ချက်
- ၃.၅/၅
သရုပ်ဆောင်များ
- ရှ6ာရွတ်ခန်း၊ ရှာမား
ဒါရိုက်တာ
- အင်မ်တီယက်ဇ်အလီ
ဘာကောင်းလဲ
- ရှာရွတ်ခန်းက သူဘာလို့ အားလုံးလုပ်နိုင်သေးတယ်ဆိုတဲ့အကြောင်း ထပ်မံသက်သေပြနိုင်ခဲ့ပြီး
ရှာမားရဲ့ အလှပဆုံးသောပုံရိပ်များ၊ အင်မ်တီယက်ဇ်အလီရဲ့မှော်အစွမ်း၊ ပရီတမ်နဲ့ ကမီးလ်တို့ရဲ့အံ့အားသင့်ဖွယ်စွမ်းဆောင်မှုများ
ဘာဆိုးလဲ
- ဒုတိယပိုင်းမှာ နည်းနည်းအလျင်စလိုဖြစ်သွားတဲ့အချက်လေးပါ။
စောင့်ကြည့်သင့်သလား
- လုံးဝကိုစောင့်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး အထူးသဖြင့် ဒရမ်မာကားတွေဆိုမလွတ်တမ်းကြည့်ရှုလေ့ရှိသူတွေအတွက်
ဒီဇာတ်ကားကလက်လွတ်မခံသင့်တဲ့ဇာတ်ကားတစ်ကားပါ။
ဇာတ်လမ်းအကျဉ်း
- Jab Harry Met Sejal ဇာတ်လမ်းက ဒါရိုက်တာအလီရဲ့ ယခင်ဇာတ်လမ်းတွေနဲ့ ပုံစံမတူဘဲ တစ်မျိုးကွဲထွက်နေပါတယ်။
ဒီဇာတ်ကားမှာ တစ်စုံတစ်ရာဆုံးရှုံးနေတဲ့ ဧည့်လမ်းညွှန်တစ်ယောက်အဖြစ် ရှာရွတ်ခန်းကိုတည်ထားပြီး
အချစ်ရဲ့အနက်အဓိပ္ပာယ်ကို နည်းလမ်းအသစ်နဲ့ရှာဖွေဖို့ ကြိုးစားလာပါတယ်။ ဟာရင်ဒါဆင်းဂ်ျနီခရာဟယ်ရီ
(ရှာရွတ်ခန်း)ဟာ ဟော်လန်မှာအခြေချတဲ့ ဧည့်လမ်းညွှန်တစ်ဦးဖြစ်ပြီး ပျောက်ဆုံးနေတဲ့သူ့ရဲ့တစ်ခုခုအတွက်ရှာဖွေနေသူပါ။ ဇာတ်ကားရဲ့ဒဿနိကလှည့်ကွက်ကတော့ အဲဒီအချက်ဖြစ်ပြီး
ဟယ်ရီက သူဘာဆုံးရှုံးသွားသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်မသိပါဘူး။ အဲဒီနောက်မှာတော့ အချောအလှလေး
ဆီဂျယ်ဇာဗာရီ (ရှာမား) ၀င်လာပြီး သူကဟယ်ရီဧည့်လမ်းညွှန်လုပ်ပေးနေရတဲ့အဖွဲ့ထဲမှာပါဝင်လာသူပါ။
လက်စွပ်ပျောက်သွားလို့ အိန္ဒိယကိုပြန်ဖို့ လေယာဉ်မမီခဲ့တာဖြစ်ပြီး အဲဒီလက်စွပ်ကလည်း
စေ့စပ်လက်စွပ်ဖြစ်လို့ သူ့ရည်းစားကလက်စွပ်ပျောက်တာကိုအကြောင်းပြုလို့ သူ့ကိုယီးတီးယားတားလုပ်လာပါတယ်။
အစောပိုင်းမှာတော့ လေယာဉ်မမှီလောက်အောင်ဖြစ်ခဲ့တဲ့ လက်စွပ်ပျောက်တာက ရူးမိုက်တဲ့ကိစ္စလို့ထင်စရာရှိပေမယ့်
နောက်ပိုင်းမှာတော့ ဇာတ်ကားက ကြည့်ရှုသူကို ကိုယ့်ဘာသာကိုယ်မေးခွန်းပြန်ထုတ်စေတဲ့အထိ
စိတ်ခံစားမှုအကြောင်းသေချာရိုက်ပြသွားနိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ပထမပိုင်းကတော့ ပရိသတ်တွေကိုရသအစုံအလင်ပေးစွမ်းနိုင်မှာဖြစ်ပြီး
ပျော်ရွှင်စရာကောင်းမှုတွေ၊ လက်စွပ်ပျောက်ရှာရင်းနဲ့ ဂိမ်းလေးတွေကစားရတာ စသဖြင့်ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ဒါရိုက်တာက ဟယ်ရီရဲ့ဘ၀ဇာတ်ကြောင်းကို ပရိသတ်တွေမတွေးမိအောင် လှည့်ကွက်ဆင်ထားပါတယ်။
ဒုတိယပိုင်းကြည့်ဖို့ ကိုယ့်မှာမေးခွန်းတွေနဲ့ပြည့်နှက်နေတဲ့အထိ ပရိသတ်ကိုအတွေးပေးနိုင်ခဲ့ပြီး
ပထမပိုင်းမှာ ဒါရိုက်တာရဲ့လှည့်ကွက်ကိုသိနိုင်ဖို့ ကြိုတင်မပြောတော့ဘဲ ဒုတိယပိုင်းသာဆက်ကြည့်ပါလို့
တိုက်တွန်းချင်ပါတယ်။
ဇာတ်ကားသုံးသပ်ချက်
- ဇာတ်ညွှန်းကိုလေ့လာခြင်း
ရှာရွတ်ခန်းနဲ့ ရှာမားတို့ရဲ့ သရုပ်ဆောင်ပိုင်နိုင်မှု၊
နာမည်ကျော်ကြားမှုတို့ကြောင့် ဒီဇာတ်ကားက ဇာတ်ညွှန်းမသိရသေးခင်မှာဘဲ ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တာအမှန်ပါပဲ။
ဒါရိုက်တာအလီရဲ့ အရင်ဇာတ်ကားတွေ အများစုမှာလည်း အဲဒီလိုပုံစံအတိုင်းလှည့်ကွက်မြုပ်ကွက်တွေနဲ့
ပရိသတ်ကိုအလုပ်ပေးခဲ့ပြီး ဒီဇာတ်ကားမှာလည်း ဒုတိယပိုင်းကိုဆက်ကြည့်ချင်လောက်အောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ဇာတ်ကွက်တွေကအလျင်စလိုပုံစံဖြစ်သွားပြီး အစောပိုင်းမှာ
ဒေါင်းထင်မောင်းထင်လုပ်ထားတဲ့ဇာတ်ကွက်က ဒုတိယပိုင်းမှာတော့ ပြန်သိမ်းတာအလျင်လိုသွားသလိုပါပဲ။
ဒါပေမဲ့ ဇာတ်ကားတစ်ကားလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ ဇာတ်ကားကောင်းတစ်ကားအဖြစ်သတ်မှတ်ရမှာဖြစ်ပြီး
ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားမင်းသမီးတွေကြောင့်လည်း ဒီဇာတ်ကားကပိုမိုစောင့်ကြည့်ချင်စရာကောင်းနေပါတယ်။
ဇာတ်ကားသုံးသပ်ချက်
- ကြယ်ပွင့်တွေရဲ့စွမ်းဆောင်ရည်ကိုလေ့လာခြင်း
ရှာရွတ်ခန်းက
ဟာရင်ဒါဆင်းဂ်ျနီခရာ ဇာတ်ကောင်က သူ့ထက်ပိုမိုသင့်တော်တဲ့သူမရှိဘူးဆိုတဲ့အကြောင်း အကောင်းဆုံးသက်သေပြနိုင်ခဲ့ပြီး
ရှာရွတ်ခန်းရဲ့စွယ်စုံရစွမ်းဆောင်ရည်ကိုအသိအမှတ်ပြုရမှာပါ။ ဒါရိုက်တာအလီက သူ့ရဲ့ဇာတ်ကောင်တွေတိုင်းကို ပရိသတ်တွေချစ်မြတ်နိုးလာအောင်စွမ်းဆောင်နိုင်စွမ်းရှိလာပြီး
ဟယ်ရီကလည်း အဲဒီဇာတ်ကောင်တွေထဲက တစ်ဦးအပါအ၀င်ဖြစ်ခဲ့ပါတယ်။ ရှာမားကတော့ သူ့ရဲ့အလှဆုံးအရာတွေကို
ဖွင့်ဟပြနိုင်ခဲ့ပြီး ပရိသတ်တွေအနေနဲ့ သူဘာပဲပြောနေပြောနေ သူ့ဆီကနေမျက်လုံးမခွာနိုင်လောက်အောင်ဖြစ်နေပါလိမ့်မယ်။
သူ့ရဲ့ဇာတ်ကောင်က သမားရိုးကျဆန်တယ်လို့ခံစားရပေမယ့် သူကတော့ သူ့အလှနဲ့ပရိသတ်ကိုဆက်လက်ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ပြောရမယ်ဆိုရင် သြဂုတ်လ ၄ရက်နေ့က စတင်ဖြန့်ချီလိုက်တဲ့ဒီဇာတ်ကားကို မလွတ်တမ်းစောင့်ကြည့်ပါလို့ပဲဆိုချင်ပါတယ်။
ဇွဲထူးမြတ်လွင်
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment