ရုံးပတီသီးနဲ့ကျန်းမာရေး









ရုံးပတီဆိုတာက အပူပိုင်းဒေသ၊ နွေးထွေးတဲ့ရာသီဥတုရှိတဲ့ နေရာမှာပေါက်တဲ့အပင်တစ်မျိုးပါ။  ရုံးပတီ သီးမှာ အဆီပါဝင်မှုကင်းပြီး ကယ်လိုရီနည်းပါးသလို ဘယ်အစားအစာမျိုးနဲ့ဖြစ်စေ လိုက်ဖက်ပြီး အာဟာရကြွယ် ၀စေပါတယ်။
ရုံးပတီသီးပင်ရဲ့အရွက်က ဘယ်အစားအစာမှာဖြစ်စေ ကြော်စား၊ ပြုတ်စား၊ ချက်စားရာမှာအသုံးပြုနိုင် ပါတယ်။ ရုံးပတီသီးက အမျှင်ဓာတ်၊ ဗီတာမင် C,K ကယ်ဆီယမ်၊ ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင် B3,B1 တို့လို ဘီ ဗီတာမင်ဓာတ်ပေါင်းတွေနဲ့ အာဟာရဓာတ်တွေလည်း ပါဝင်ပါသေးတယ်။
ဒီဗီတာမင်တွေ သတ္တုဓာတ်တွေက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုသလဲ။

သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတယ်
ရုံးပတီသီးမှာ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်တဲ့ အင်ဆူလင်ဂုဏ်သတ္တိတတစ်မျိုးပါဝင် ပါတယ်။ ရုံးပတီသီးတစ်တောင့်ကို လေး၊ ငါးပိုင်း ပိုင်းပြီး ရေမှာစိမ်ထားပေးပါ။ နောက်တစ်နေ့နံနက်မှာ အဲဒီရုံးပတီသီးကိုဖယ်ရှားပြီး စိမ်ထားတဲ့ရေကိုသောက်ပေးနိုင်ပါတယ်။ ပုံမှန်သောက်ပေးမယ်ဆိုရင် ဆီးချိုသမား များ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။

ကိုလက်စ်ထရောလျော့ကျစေတယ်
ရုံးပတီသီးက ကိုလက်စ်ထရောကိုလည်း လျော့ကျစေပါတယ်။ ရုံးပတီသီးအသားမှာပါဝင်တဲ့ ဂုဏ် သတ္တိက ခန္ဓာကိုယ်တွင်းမကောင်းတဲ့ ကိုလက်စ်ထရောတွေကို လျော့ကျနိုင်စွမ်းရှိပါတယ်။ ခန္ဓာကိုယ်တွင်း မကောင်းတဲ့ ကိုလက်စ်ထရောတွေ လျော့ကျသွားတဲ့အတွက် နှလုံးရောဂါ၊ အ၀လွန်ခြင်းစတဲ့ ကျန်းမာရေး ပြဿနာတွေကိုပါ ကာကွယ်ပြီးသားဖြစ်စေပါတယ်။

အဖြူဆင်းခြင်း၊ အ၀ါဆင်းခြင်းကိုကုသပေးတယ်
ရုံးပတီသီးက ရာသီလာနေစဉ်အတွင်း အဖြူဆင်းခြင်း၊ အ၀ါဆင်းခြင်း ပြဿနာတွေကိုလည်း ကုသပေး နိုင်ပါတယ်။ ရုံးပတီသီးမှာပါဝင်တဲ့ အကျိအချွဲဂုဏ်သတ္တိတွေက အမျိုးသမီးများ ရာသီလာနေစဉ်အတွင်းမှာ အထောက်အကူဖြစ်စေပြီး အဖြူဆင်းခြင်း၊ အ၀ါဆင်းခြင်းတွေကို သက်သာစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ကို ပိုပြီးကောင်းမွန်စေပါတယ်။ ရုံးပတီသီးကိုလှီးပြီး ၄င်းကို ၁၅ မိနစ်ခန့် ပြုတ်ပေးပါ။ ၄င်းပြုတ်ရည်ကို    အနည်ထိုင်စေပြီး တစ်နေ့(၃)ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများကျန်းမာစေတယ်
ရုံးပတီသီးက ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အကောင်းဆုံးအစားအစာဖြစ်ပါတယ်။ ရုံးပတီ သီးမှာပါဝင်တဲ့ ဘီ ဗီတာမင်တွေက သန္ဓေသားကိုကျန်းမာစေပြီး သားလျောခြင်းကိုကာကွယ်ပေးပါလိမ့်မယ်။ Folic Acid လည်းကြွယ်ဝစွာပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်များကို ကျန်းမာစေပြီး ဗီတာမင်စီက သန္ဓေသားနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ကျန်းမာစေဖို့ ကူညီပေးပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ကာလ ၄ ပတ်မှ ၁၂ ပတ် အတွင်း ရုံးပတီသီးကို နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားသုံးပေးပါ။

အသည်းရောဂါကာကွယ်ပေးတယ်
ရုံးပတီသီးက အသည်းကိုသန့်စင်စေပြီး အသည်းရောဂါတွေကို ကာကွယ်ပေးပါတယ်။ ရုံးပတီသီး မှာပါဝင်တဲ့ ခန္ဓာကိုယ်အကျိုးပြုအက်ဆစ်ဓာတ်တွေနဲ့ ကိုလက်စ်ထရောတွေက အသည်းကိုသန့်စင်စေပြီး အသည်းအဆီဖုံးခြင်းကို ကုသပေးနိုင်ပါတယ်။ အသည်းကျန်းမာစေဖို့ သန့်စင်စေဖို့အတွက် ရုံးပတီသီးကို နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားသုံးပေးနိုင်ပါတယ်။

ဆံကေသာလှပစေတယ်
ရုံးပတီသီးမှာပါဝင်တဲ့ ဗီတာမင်နဲ့ အင်တီအောက်ဆီဒင့်တွေက ဆံသားကိုနူးညံ့ပျော့ပြောင်းစေပြီး ကျန်းမာစေ ပါတယ်။ ရုံးပတီသီးမှာ ပါဝင်တဲ့ ဇင့်၊ ပိုတက်ဆီယမ်၊ ကော့ပါး တာတွေက ဆံသားကို ကျန်းမာစေပါတယ်။ ဒါ့အပြင် ရုံးပတီသီးမှာပါဝင်တဲ့ အကျိအချွဲတွေက မွဲခြောက်နေတဲ့ဆံကေသာကို တောက်ပလာစေနိုင်ပါတယ်။ ရုံးပတီသီးကို လှီးပြီးရေတစ်ခွက်နဲ့ ပြုတ်ထားပါ။ အဲဒီအကျိချွဲနေတဲ့ အရည်ကို လာဗင်ဒါအဆီ၊ ဗာဒံစေ့အဆီ နှစ်သက်ရာအနည်းငယ်ထည့်ပြီး အအေးခံပါ။ ၄င်းအရည်ကို ရေစစ်ဖြင့်စစ်ပြီး ခေါင်းလျှော်ပြီးတိုင်းမှာ ဆံသား ပျော့ဆေးအနေနဲ့ သုံးပေးနိုင်ပါတယ်။ ၅ မိနစ်ခန့်ထားပြီးရေဖြင့်ဆေးချပါ။

မျက်လုံးကျန်းမာရေးကို ထောက်ပံ့ပေးတယ်
ရုံးပတီသီးမှာပါဝင်တဲ့ ဗီတာမင် A, Beta Carotene ,Lutein, Zeaxanthin စတာတွေက မျက်လုံးကျန်းမာရေး အတွက် အထောက်အပံ့ဖြစ်စေပါတယ်။ ဗီတာမင် အေ က မျက်ကြည်လွှာကို ကာကွယ်ပေးပြီး Lutein က အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်ပေးပါလိမ့်မယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်တွင်း Free Radical တွေကို ဖျက်ဆီးပေးနိုင်ပါတယ်။ Free Radical တွေက ခန္ဓာကိုယ်တွင်း ဆဲလ်လေးတွေရဲ့ အသစ်ပြန်လည်မွေးဖွားမှုကို နှောင့်နှေးစေပြီး အမြင်အာရုံကိုအားနည်းစေပါ တယ်။ အမြင်အာရုံကောင်းမွန်စေဖို့အတွက် နေ့စဉ်အစားအစာထဲမှာ ရုံးပတီသီးကိုထည့်သွင်းစားသုံးနိုင် ပါတယ်။

အသားအရေကိုလှပစေတယ်
ရုံးပတီသီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေက အရေပြားကို နုပျိုစေပါတယ်။ ဗီတာမင် C က ကိုလာဂျင် ထုတ်လုပ်မှုနဲ့ အရေပြားရောင်ခြည်ထုတ်လုပ်မှုကို ထိခိုက်စေနိုင်တဲ့ အရေပြားတစ်သျှူးဒဏ်ရာတွေကို အသစ် ပြန်လည်မွေးဖွားစေပြီး ၀က်ခြံ၊ အရေပြားမှိုရောဂါနဲ့ တခြားအရေပြားပြဿနာတွေကို ကုသပေးနိုင်စွမ်းရှိပါ တယ်။
အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ရုံးပတီသီးက အရေပြားကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အစာခြေ ဖျက်ခြင်းကိုလည်း ကူညီပေးနိုင်ပါတယ်။ ရုံးပတီသီးကိုလှီးပြီးရေတစ်ခွက်နဲ့ ၁၀၊ ၁၅ မိနစ်ခန့် ပြုတ်ပါ။ ၁၀ မိနစ်ခန့်အနည်းထိုင်စေပြီး ၎င်းအရည်အေးသွားတဲ့အခါ မျက်နှာလည်ပင်းတစ်ဝိုက် လိမ်းထားပေးပါ။ ၁၅ မိနစ်ခန့်ကြာမှ ရေဖြင့်ဆေးချလိုက်ပါ။

အစာခြေခြင်းကိုကောင်းမွန်စေတယ်
ရုံးပတီသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ အဲဒီအမျှင်ဓာတ်တွေက အစာအိမ်နဲ့ အူလမ်းကြောင်း တစ်လျှောက် ကျန်းမာရေးကိုထောက်ပံ့ပေးပြီး အစာခြေဖျက်ခြင်းစနစ်ကိုကောင်းမွန်စေပါတယ်။ ရုံးပတီသီး မှာပါဝင်တဲ့ ဗီတာမင်အေက အစာခြေစနစ်ကို ပုံမှန်အလုပ်လုပ်စေပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ် ကျန်းမာစေဖို့အတွက် ရုံးပတီသီးကိုနေ့စဉ် အစားအစာမှာ ထည့်သွင်းစားသုံးပေးနိုင်ပါတယ်။

ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေတယ်
ရုံးပတီသီးပုံမှန်စားသုံးပေးခြင်းက ခန္ဓာကိုယ်ကိုကျန်းမာစေပါတယ်။ ရုံးပတီသီးမှာပါဝင်တဲ့ ဗီတာမင်စီက သွေးဖြူဥဆဲလ်လေးများ လုပ်ဆောင်မှုကို ပုံမှန်လည်ပတ်နေစေပြီး ခန္ဓာကိုယ်အတွင်းကိုရောဂါများ မ၀င် ရောက်နိုင်အောင်ကူညီ ကာကွယ်ပေးပါလိမ့်မယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

Share on Google Plus

0 comments:

Post a Comment