ဘူရ်ခါအောက်က နှုတ်ခမ်းနီ
ယထာဘူတကျကျ အမြင်ကျယ်စေသော အတွေ့အကြုံ
အဆင့်သတ်မှတ်ချက်
- ၃.၅/၅
သရုပ်ဆောင်များ
- ဆင်ရှာမာ၊ ရာနာပတက်ရှား၊ ပလာဘီတာဘော်သာကာ၊
ကူမရာ၊ ဆူရှန့်ဆင်းဂ်ျ၊ မက်ဆေး၊ အရိုရာ၊ တာဝါဒီ၊
ဆင်းဂ်ျဆိုလန်ကီ
ဒါရိုက်တာ
- ရှရီဗာစတာဗာ
ဘာကောင်းလဲ
- ဇာတ်ညွှန်း၊ ရည်မှန်းချက်၊ စွမ်းဆောင်ရည်နဲ့ ရုပ်ရှင်ရိုက်ကူးရေးပညာပိုင်းအားကောင်းခြင်း
ဘာဆိုးလဲ
- ကိုယ့်မိဘတွေနဲ့အတူ ဒီကားကြည့်မယ်ဆိုရင်တော့ ရှိုးတိုးရှန်းတန့်ဖြစ်နိုင်ပါတယ်။
စောင့်ကြည့်သင့်သလား
- ကြည့်ရှုသင့်တဲ့ကားလေးပါ။
ဇာတ်လမ်းအကျဉ်း
ရှီရင်း(ဆင်ရှာမာ)ဟာ
အရောင်းသမလေးဖြစ်ပြီး သူ့ရဲ့ခင်ပွန်းဖြစ်သူကတော့ ဆော်ဒီမှာသွားရောက်အလုပ်လုပ်နေပါတယ်။
သူ့ခင်ပွန်းဟာ အိန္ဒိယကိုရံဖန်ရံခါအလည်လာလေ့ရှိပြီး လာတိုင်းလည်း ညတိုင်းလိုလို သူ့ဇနီးနဲ့ချစ်တင်းနှောလေ့ရှိပါတယ်။
ဒါပေမဲ့ ရှီရင်းဟာ အဲဒီလိုချစ်တင်းနှောတိုင်း ခင်ပွန်းဖြစ်သူရဲ့အကြင်နာနဲ့ ဆက်ဆံခံရမှုမရရှိခဲ့ဘဲ
အရုပ်တစ်ရုပ်လိုသဘောထားခံခဲ့ရတာကြောင့် သူလည်းစိတ်မပါဘဲအတူနေခဲ့ရပါတယ်။ ခင်ပွန်းဖြစ်သူ
ရာဟင်(ဆူရှန့်ဆင်းဂ်ျ)ဟာ ရှီရင်းဘာလုပ်နေတာလဲဆိုတာတောင်မသိဘဲ ရှီရင်းကလည်း သူ့ယောက်ျားမမေးရအောင်
အလိမ္မာသုံးပြီး ရှောင်နိုင်ခဲ့ပါတယ်။
အလှဖန်တီးရှင်လေးဖြစ်တဲ့
လီလာ(ကူမရာ)ကတော့ သူ့အမေသဘောကျတဲ့အမျိုးသားနဲ့ လက်ထပ်ရတော့မှာဖြစ်ပေမယ့် ရည်းစား အာရှက်(မက်ဆေး)ကို
အရူးတစ်ယောက်လို ချစ်မြတ်နိုးနေပြီး ခိုးရာလိုက်ပြေးဖို့အထိ အစီအစဉ်ဆွဲထားပါတယ်။ ကောလိပ်ကျောင်းသူလေးဖြစ်တဲ့
ရီဟန်းနား (ပလာဘီတာဘော်သာကာ)က ညတိုင်းကျမ်းစာဖတ်ဖို့ မိဘတွေရဲ့အတင်းအကျပ်စေခိုင်းခြင်းခံနေရပါတယ်။
သူဟာ ဘူရ်ခါဝတ်ဆင်ရပေမယ့် အဲဒီဝတ်စုံအောက်မှာတော့ ဂျင်းဝတ်စုံတွေ၊ ဘွတ်ဖိနပ်၊ မိုင်လေဆိုင်းရပ်စ်သီချင်းနားထောင်နေတာနဲ့
ဈေးကြီးနှုတ်ခမ်းနီတောင့်တွေရှိပါတယ်။ အဲဒါတွေအကုန်လုံးက ရှော့ပင်းစင်တာတွေကနေ ခိုးယူခဲ့တာတွေပါပဲ။
သူကကောလိပ်မှာလည်း အမျိုးသားတွေနဲ့အတူ တန်းတူအခွင့်အရေးရရှိရေးအတွက် ဦးဆောင်လှုပ်ရှားတဲ့
အမျိုးသမီးဝါဒီသမားအဖြစ်ထင်ရှားပြီး ညဘက်မှာတော့ ဘာတစ်ခွန်းမှမဟဘဲ မိဘတွေရဲ့အတင်းအကျပ်စေခိုင်းတာကိုနားထောင်တဲ့အနေနဲ့
ဘူရ်ခါဝတ်ခဲ့ရပါတယ်။
အသက် (၅၅)နှစ်ရှိပြီဖြစ်တဲ့
မုဆိုးမအန်တီဂျီ(ရာနာပတက်ရှား) ဟာ စိတ်ပိုင်းဆိုင်ရာဟောပြောချက်တွေ ပြောမယ့်လူလုပ်ဖို့စိတ်ကူးခဲ့ပေမယ့်
တကယ်တမ်းမှာတော့ သူ့ထက်အသက်အများကြီးငယ်တဲ့ ရေကူးသင်တန်းကနည်းပြလေးနဲ့တွေ့သွားခဲ့ပါတယ်။
အဲဒီနောက် သူဟာ ထွင်လုံးဇာတ်ကောင်စရိုက်တွေ ဖန်တီးရင်း ဖုန်းထဲကနေ အဲဒီနည်းပြလေးနဲ့
အညှီအဟောက်စာအုပ်ထဲက စာသားတွေပြော၊ ရေချိုးခန်းထဲကနေ ဖုန်းနဲ့ Sex Talk လုပ်ခဲ့ပါတယ်။
ဇာတ်ကားသုံးသပ်ချက်
- ဇာတ်ညွှန်းကိုလေ့လာခြင်း
အခြေအနေမတူညီတဲ့အမျိုးသမီး(၄)ဦးကို
အဆက်အစပ်အနည်းငယ်ချိတ်ထားတဲ့ဇာတ်အိမ်ဖွဲ့ထားမှုက ကောင်းအဆင့်ထက်ပိုပါတယ်။ သူတို့ဟာ သူတို့ရဲ့အိပ်မက်တွေ
ပြည့်မြောက်ဖို့အတွက် တိတ်တဆိတ်ကြိုးစားနေပြီး အမျိုးသားတွေကြီးစိုးခြယ်လှယ်နေတဲ့ လူမှုနယ်ပယ်ကြီးကပြဠာန်းထားတဲ့
ခလုတ်ကန်သင်းတွေနဲ့ အပြင်းအထန်ရင်ဆိုင်ခဲ့ရပါတယ်။ ဒီရုပ်ရှင်က အမျိုးသမီးတွေဟာထိုက်သင့်တဲ့အရေးပေးမှုနဲ့
ခံစားမှုမရရှိဘဲ ကန့်သတ်ချက်တွေများပြားနေတဲ့အကြောင်းကို အခြေခံရိုက်ကူးထားတာပါ။ ဒါပေမဲ့
ဇာတ်ရှိန်အမြင့်ဆုံးဖြစ်တဲ့ နိဂုံးချုပ်ခါနီးအခြေအနေက ဒီထက်ပိုကောင်းအောင်ရိုက်ကူးနိုင်ရင်
ဇာတ်ကားကပိုမိုပြီးပြည့်စုံသွားမှာဖြစ်ပါတယ်။
ဇာတ်ကားသုံးသပ်ချက် - ကြယ်ပွင့်တွေရဲ့စွမ်းဆောင်ရည်
ဒီဇာတ်ကားမှာ
ဇာတ်ကောင်တွေရဲ့အားကို အပြည့်အ၀ရယူထားပါတယ်။ ဆင်ရှာမာနဲ့ ရာနာပတက်ရှားတို့ရဲ့သရုပ်ဆောင်မှု့တွေကတော့
ထွေထွေထူးထူးသိပ်ပြောစရာမရှိဘဲ ထူးချွန်ထက်မြက်တယ်လို့ပဲ ပြောရပါမယ်။ ပလာဘီတာဘော်သာကာကတော့
တိုးတက်လာတဲ့ လူငယ်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ဒီဇာတ်ကားမှာလည်း ပရိသတ်တွေကို သူ့နေရာမှာမျှဝေခံစားစေရလောက်တဲ့အထိပိုင်ပိုင်နိုင်နိုင်
သရုပ်ဆောင်ခဲ့ပါတယ်။ ကူမရာကတော့ ဒီထက်ပိုကောင်းအောင် သရုပ်ဆောင်နိုင်ခဲ့သင့်ပြီ။ မက်စေးနဲ့
ဆူရှန့်ဆင်းဂ်ျတို့ကတော့ အပြစ်ပြောစရာမရှိအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဇွဲထူးမြတ်လွင်
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment