ဘယ်လိုအပြုအမူမျိုးက ကိုယ့်အချစ်ရေးကို ဖျက်ဆီးနေပါသလဲ…






အချစ်ဆိုတာ ဘ၀မှာအရေးကြီးဆုံးပါ။ ဒါပေမဲ့ ပျော်ရွှင်စရာမကောင်းတဲ့အချစ်က ကိုယ်နဲ့ပတ်ဝန်းကျင်ကို ဒုက္ခပေးပါတယ်။ အလုပ်ထဲအာရုံစိုက်နိုင်စွမ်းတွေနည်းလာမယ်။ အစားအသောက်ပျက်ပြီး ကျန်းမာရေး ထိခိုက်လာပါမယ်။ အဲဒီလိုအခါမျိုးမှာ လူတွေကစိတ်ပေါက်ပြီး ကိုယ့်ချစ်သူကိုယ့်ကိုစွန့်ခွာ သွားစေတဲ့ အပြုအမူတွေ ဆုံးဖြတ်ချက်တွေချမိပါတော့တယ်။ အဲဒါကြောင့် တစ်ကိုယ်တည်းသမားဖြစ်လာပါတော့တယ်။ အရာရာတိုင်းမှာအကြောင်းကြောင့် အကျိုးဖြစ်လာပါတယ်။ ဘယ်လိုအပြုမူမျိုးက ကိုယ့်အချစ်ရေး ကိုဖျက်ဆီးနေပါသလဲ။ 

စိတ်ကူးယဉ်နဲ့အမှန်တရား
တချို့လူတွေက ဘ၀လက်တွဲဖော်ရှာတဲ့အခါ လက်တွဲကြဖို့လိုတယ်လို့ပြောကြပါလိမ့်မယ်။ ပတ်ဝန်းကျင်က ဒဏ္ဍာရီထဲကမင်းသားလေးကိုမရှာဖို့ပြောကြပါလိမ့်မယ်။  ဘ၀လက်တွဲဖော် ရွေးချယ်တဲ့အခါ သေချာစေ့စေ့ စပ်စပ်ရွေးချယ်ဖို့ပြောကြပါလိမ့်မယ်။တကယ်တော့ဘ၀လက်တွဲဖော်ဆိုတာ ကိုယ်လိုချင်တဲ့စိတ်ကူးယဉ်မှုနဲ့ အမှန်တရားအချိုးညီညီပေါင်းစပ်နေဖို့လိုပါတယ်။ 

မနှောင့်နှေးပါနဲ့
Social Network တွေသုံးပြီး ဘယ်သူမဆို Blind Date လုပ်ဖူးကြမှာပါ။ တကယ်လို့ကိုယ့်ကို Date လုပ်ဖို့တောင်းဆိုရင်ဘယ်လိုတုံ့ပြန်မလဲ။ အကောင်းဆုံးကတော့ နှောင့်နှေးမနေပါနဲ့။ အကြောင်းပြန် လိုက်ပါ။ ကိုယ့်ဘက်ကအကြောင်းပြန်တာနှေးလေ သူ့ဘက်က တခြားအခွင့်အရေးတစ်ခုကိုရှာဖွေပြီး ကိုယ့်အခွင့်ရေးဆုံးရှုံးဖို့များလေပါပဲ။ သတိထားဖို့ကတော့ ဒိတ်မလုပ်ခင် သူ့အကြောင်းကိုယ့်အကြောင်း သေချာသိဖို့အရေးကြီးပါတယ်။ 

အချိန်ဖန်တီးပါ
အချစ်ရေးကို ကိုယ်တိုင်ဖျက်ဆီးနေတာကတော့ ဖိစီးလာတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေပါပဲ။ အလုပ်အပြင် အိမ်တွင်းမိသားစုအရေး၊ လူမှုပတ်ဝန်းကျင်အရေးတွေကလည်း အချစ်ရေးကို ၀င်ရောက်နှောင့်ယှက်ပေးမယ့်အရာတွေဖြစ်ပါတယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံးအချိန်တွေ ကိုခွဲထားဖို့လိုပါတယ်။ အချစ်ရေးအတွက် အတတ်နိုင်ဆုံးအချိန်ပေးပါ။ 

တွယ်မကပ်နေပါနဲ့
ကိုယ့်ချစ်သူနဲ့ပတ်သတ်ပြီး သိချင်ကြတာလူတိုင်းသဘာဝပါပဲ။ အဲဒါကြောင့်ချစ်သူကို စာတိုတွေပို့ ခဏခဏ ဖုန်းဆက်တာတွေလုပ်ကြတယ်။ တကယ်တော့ အဲဒီအပြုအမူတွေက အချစ်ရေးကိုဖျက်ဆီးမယ့်အရာတွေပါ။ ကိုယ့်ဘက်ကမကြာခဏဒီလိုအပြုအမူတွေလုပ်တဲ့အတွက် သူ့အနေနဲ့ စိတ်ညစ်လာ စိတ်ပျက်လာပြီး ရုန်းထွက်ချင်စိတ်ပေါ်ပေါက်လာစေပါတယ်။ အဲဒါကြောင့် သူ့အတွက်အသက်ရှူချိန်လေးပေးဖို့က အရေးကြီးပါတယ်။ 

အကောင်းမြင်ပါ
ဘယ်သူကမှစိတ်ခံစားမှုပြင်းထန်တဲ့ ဆတ်ဆတ်အထိမခံတဲ့လူကို မတွဲချင်ကြပါဘူး။ တွဲနေစဉ်ကာလ အတွင်း အဆိုးမြင်အပြုအမူတွေကလည်း ချစ်သူနှစ်ဦးကြားဆက်ဆံရေးကိုပျက်စီးမယ့်တရားခံတွေပါ။ အဲဒါကြောင့် ချစ်သူဘ၀မှာ အဆိုးမြင်အတွေးတွေရှောင်ပါ။ တောင်းဆိုမှုတွေလျှော့ချပါ။ တောင်းဆိုမှုတွေ များခြင်းကလည်း ကိုယ့်ချစ်သူကိုရှောင်ခွာပြေးစေတဲ့ အဓိကအချက်တစ်ခုဖြစ်နေပါတယ်။ 

ရည်းစားဟောင်းအကြောင်း မပြောနဲ့ 
အချစ်ရေးနဲ့ပတ်သတ်လာရင် ဘယ်သူမဆိုနှိုင်းယှဉ်ခံရတာမကြိုက်ကြပါဘူး။ လက်ရှိတွဲနေတဲ့ချစ်သူကို အတိတ်ကချစ်သူအကြောင်း သွားမပြောမိပါစေနဲ့။ တကယ်လို့ ပြောဖို့ဆုံးဖြတ်တဲ့အခါမှာလည်း နှိုင်းယှဉ် သလို သွားမပြောမိပါစေနဲ့။ ဒါက ကိုယ်နဲ့သူ့ကြားဆက်ဆံရေးကိုပျက်စီးစေမယ့် အကြီးမားဆုံးသော့ချက်ပါ။

ပတ်ဝန်းကျင်ကိုရှောင်
လူတိုင်း ကိုယ့်ကိုသိတဲ့ ကိုယ့်အကြောင်းအစအဆုံးသိတဲ့သူငယ်ချင်းရှိကြမှာပါ။ ချစ်သူထားဖို့ဆုံးဖြတ် ထားရင်တော့ သူငယ်ချင်းကိုအတတ်နိုင်ဆုံးရှောင်ပါ။ တစ်ယောက်အကြောင်း တစ်ယောက် သိထားပြီး သားဖြစ်တဲ့အတွက် သူ့အပေါ်ထားရှိတာသံယောဇဉ်လား။ ခင်မင်မှုလား၊ မကွဲပြားဖြစ်ပြီး ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်ဖြစ်စေပါလိမ့်မယ်။ 

ယုံကြည်ပါ
လူတွေကို ယုံကြည်မှုရှိဖို့ကလည်း အရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုဆိုတာက သံသယပွားစေပြီး  အချစ်ရေးကိုပျက်စီးလာစေတဲ့အဆိုးအမြင်တွေတိုးလာစေပါလိမ့်မယ်။
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 

Share on Google Plus

0 comments:

Post a Comment