ကျန်းမာလှတဲ့အသားအရေနဲ့အတူ
မိန်းကလေးတိုင်းမက်မောကြတာက ကျန်းမာလှပပြီးပိုးသားလို နူးညံ့တောက်ပနေတဲ့ဆံကေသာပါပဲ။
ဒါပေမဲ့ အသားအရေကအဆီပြန်သလို၊ ခြောက်သွေ့သလို ဆံကေသာကလည်းအဆီပြန်နိုင်၊ ခြောက်သွေ့နိုင်ပါတယ်။
အဲဒီထဲကမှ ခြောက်သွေ့တဲ့ဆံကေသာက ဖွာဆန်ကြဲပြီးကြည်ရဆိုးလှပါတယ်။ ဆံကေသာက ဖွာဆန်ကြဲလာပြီးနောက်
မကြာခင်မှာ ပျက်စီးဖို့အကြောင်းဖန်လာပါတော့တယ်။ အဲဒီတော့ ခြောက်သွေ့တဲ့ဆံကေသာကို ဘယ်လိုကုသကြမလဲ။
ဆံကေသာမခြောက်သွေ့အောင် ဘယ်လိုကာကွယ်ကြမလဲ။
နေ့တိုင်းခေါင်းမလျှော်ပါနဲ့
ဆံကေသာခြောက်သွေ့ခြင်းကာကွယ်ဖို့အတွက်
ပထမဆုံးလုပ်ရမှာကတော့ နေ့တိုင်းခေါင်းမလျှော်ဖို့ပါပဲ။ နေ့စဉ်ခေါင်းလျော်ခြင်းက ဦးရေပြားအတွင်း
သဘာဝအဆီတွေကို ခမ်းခြောက်သွားစေပြီး ဆံကေသာကိုခြောက်သွေ့လာစေပါတယ်။ အဲဒါကြောင့် နှစ်ရက်ခြား၊
သုံးရက်ခြားမှသာခေါင်းလျှော်ပေးပါ။ ခေါင်းလျော်တဲ့အခါတိုင်းမှာလည်းရေနွေးမသုံးဘဲ သာမန်ရေအေးသာအသုံးပြုပေးပါ။
ဆံကေသာပြုပြင်ပစ္စည်းများအလွန်အကျွံအသုံးပြုခြင်းရှောင်
နောက်ထပ်ဆံကေသာခြောက်သွေ့ခြင်း
ကာကွယ်ဖို့နည်းလမ်းတစ်ခုကတော့ ဆံသားကိုအပူပေးတဲ့ပစ္စည်းတွေ တတ်နိုင်သလောက်ရှောင်ကျဉ်ဖို့ပါပဲ။
Dryer ဆံပင်ဖြောင့်စက်တွေလို အပူပေးကိရိယာတွေက ဆံသားကိုခြောက်သွေ့ပြီးပျက်စီးစေပါတယ်။
အဲဒါကြောင့် ခေါင်းလျှော်ပြီးတိုင်းဆံသားကို သဘာဝအတိုင်းအခြောက်ခံပါ။ အပူပေးကိရိယာတွေသုံးဖို့လိုတဲ့အခါ
တတ်နိုင်သလောက်အပူချိန်ကို လျှော့ချပြီးမှသုံးပါ။
အအေးဓာတ်ရှောင်
ပြင်ပမှာအေးနေချိန်
အထူးသဖြင့် ဆီးနှင်းများကျနေချိန်မှာ ဆံကေသာကခြောက်သွေ့မြန်ပြီး မွဲခြောက်လာပါတယ်။
အဲဒါကြောင့် ဆောင်းရာသီမှာလည်း ဆံကေသာကိုအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဆံကေသာခြောက်သွေ့ခြင်းမှကင်းဝေးစေဖို့အတွက်
အပြင်ထွက်တဲ့အခါတိုင်း ဦးထုတ်၊ ထီး စတာတွေနဲ့ကာကွယ်ပါ။
ဆီသုံးပါ
တချို့သောဦးရေပြားတွေက
လုံလောက်တဲ့သဘာဝအဆီလုံလောက်စွာမထုတ်ပေးနိုင်တာကြောင့် ဆံကေသာခြောက်သွေ့လာရပါတယ်။ ဆံသားခြောက်သွေ့ခြင်းကင်းပြီး
အစိုဓာတ်ပုံမှန်ရရှိစေဖို့အတွက် ခေါင်းလျော်ပြီးတိုင်း ဆီတစ်မျိုးမျိုးလိမ်းပေးတာအကောင်းဆုံးဖြစ်ပါတယ်။
ဆံကေသာအားဖြည့်ပေးပါ
ဆံကေသာကိုဆီခပ်နွေးနွေးလေးသုံးပြီးနှိပ်နယ်ပေးခြင်းက
ဆံသားဦးရေပြားအတွင်းဆုံးအလွှာအထိ အာဟာရဖြည့်ပေးပါတယ်။ သံလွင်ဆီကို အနည်းငယ်အပူပေးပြီး
ခေါင်းမလျှော်ခင်မှာ ဆံသားနဲ့ ဦးရေပြားအနှံ့လိမ်းပြီးနှိပ်နယ်ပေးပါ။
ကြက်ဥ
ခြောက်သွေ့တဲ့ဆံကေသာအတွက်
ကြက်ဥကဆေးစွမ်းကောင်းပါပဲ။ ကြက်ဥကိုနှစ်ပေါင်းများစွာကတည်းက ဆံကေသာနဲ့အရေပြားအတွက်
အသုံးပြုနေကြခြင်းဖြစ်ပါတယ်။ ကြက်ဥ၊ ပျားရည်၊ သံလွင်ဆီတို့ကိုအချိုးကျရောစပ်ပြီး ဆံသားနဲ့ဦးရေပြားအနှံ့လိမ်းပေးပါ။
ကြက်ဥက ဆံသားကိုအားဖြည့်ပေးပြီး ပျားရည်ကဆံကေသာကမှိုပြဿနာတွေကိုဖယ်ရှားပေးနိုင်ပါတယ်။
သံလွင်ဆီကတော့ ဆံသားအတွင်းပိုင်းအထိ ရေဓာတ်ကိုဖြည့်တင်းပေးနိုင်ပါတယ်။
ငှက်ပျောသီး၊ ထောပတ်သီး
ငှက်ပျောသီးနဲ့ထောပတ်သီးက
ဆံကေသာကိုအစိုဓာတ်ဖြည့်ပေးဖို့ အကောင်းဆုံးဖြစ်ပါတယ်။ ထောပတ်သီးမှာ ဆံကေသာအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေများစွာပါဝင်ပြီး
ငှက်ပျောသီးကတော့ ဆံသားပျော့ပြောင်းမှုကို ထောက်ပံ့ပေးပါတယ်။ ငှက်ပျောသီးတစ်လုံး၊ ထောပတ်သီးတစ်လုံးကိုရောစပ်ပြီး
ဆံသားအနှံ့သုတ်လိမ်းပေးထားပါ။ မိနစ်အနည်းငယ်ကြာမှ ရေနွေးနွေးဖြင့်ဆေးချလိုက်ပါ။
ဆံပင်ပုံမှန်ညှပ်ပါ
ဆံကေသာပုံမှန်ထိန်းသိမ်းပေးခြင်းက
ဆံကေသာကိုကြည့်ကောင်းရုံသာမက ကျန်းမာစေပါလိမ့်မယ်။ ပုံမှန်သုံးလတစ်ကြိမ်၊ နှစ်လတစ်ကြိမ်
ဆံပင်ညှပ်ပေးပါ။
မှန်ကန်တဲ့ပစ္စည်းများအသုံးပြုပါ
ဆံသားခြောက်သွေ့ခြင်းကာကွယ်ဖို့အတွက်
ဆံကေသာနဲ့လိုက်ဖက်တဲ့ မှန်ကန်တဲ့ ဆံကေသာထိန်းသိမ်းပစ္စည်းမျိုးတွေ သုံးပေးဖို့လိုပါတယ်။
အစားအစာဖြင့်အားဖြည့်ပါ
ဆံကေသာကျန်းမာဖို့
ပြင်ပကနေထိန်းသိမ်းပေးရုံနဲ့မရပါဘူး။ အစားအသောက်ကလည်း အရေးကြီးပါတယ်။ ရေများများသောက်ပါ။
လတ်ဆတ်သန့်ရှင်းတဲ့ဟင်းသီးဟင်းရွက်များစားပေးပါ။
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
ဝဿန်အာဟာရပြည့်စုံစွာစားသောက်ပါ။
0 comments:
Post a Comment