MISS SLOANE








ဒီတစ်ပတ်မှာတော့ ပြီးခဲ့တဲ့နှစ်ကုန်ခါနီးကထွက်ရှိခဲ့တဲ့ အမေရိကန်နိုင်ငံရေးဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။MISS SLOANE ဆိုတဲ့ဒီဇာတ်ကားလေးက နိုင်ငံရေးအကြောင်းစိတ်ဝင်စား သူတွေအတွက်တော့ ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး စကားပြောခန်းများပေမယ့် အဓိကဇာတ်ကောင် အဲလိဇဘတ်ဆလိုနီးရဲ့သရုပ်ဆောင်မှုတွေကြောင့် ကြည့်ရှုရကျိုးနပ်ပါလိမ့်မယ်။

ဒီဇာတ်ကားက အကြင်နာတရားကင်းမဲ့ပြီး ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးတဲ့လော်ဘီတစ်ယောက်က နေရှင်နယ်ရိုင်ဖယ်အဖွဲ့ချုပ် (သေနတ်များကိုင်ဆောင်ခွင့်ရရှိရေး ထောက်ခံတဲ့အဖွဲ့ NFA)နဲ့ ထိပ်တိုက် ရင်ဆိုင်တဲ့အကြောင်း အခြေခံရိုက်ကူးထားတာပါ။ အလားအလာမရှိ၊ လူအဓိကပြုဝါဒီနဲ့ နိုင်ငံရေး သဘောအရမှန်ကန်မှုတွေကြောင့် NFA လည်း ဗီလိန်ဆန်ဆန်ဖြစ်သွားပြီး ဒီဇာတ်ကားက သေနတ်တစ်လက်ဝယ်တာက ယာဉ်မောင်းလိုင်စင်လုပ်တာထက်တောင် ပိုလွယ်လို့မှားယွင်းတဲ့ အယူပေးသလိုဖြစ်ခဲ့ပါတယ်။ 

လက်နက်ရောင်းချသူတွေအတွက် အ ကျိုးရှိတဲ့ကားတစ်ကားဖြစ်ပေမယ့် အဓိကဇာတ်ဆောင် အဖြစ်ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ခရစ္စတီယန်ကို  ဆန့်ကျင်တဲ့လူတချို့ရဲ့အပြုအမူက ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီး သဘောသက်ရောက်နေပြီး သူ့ရဲ့အလုပ်ကိုကူညီသလိုလိုနဲ့ အယူတိမ်းတဲ့ဘရင်ဂျီနဲ့ သီလရှင်တွေကိုထောက်ပြသွားပါတယ်။ အထူးသဖြင့် NFA ကပေးတဲ့လက်ဆောင်ကို ဘုရားသခင်ကပေးတဲ့လက်ဆောင်အဖြစ် သုံးနှုန်းသွားခဲ့ပါတယ်။ ပြီးတော့ ဆဲဆိုတဲ့စကားလုံး ၁၃ လုံးအပါအ၀င် မဖွယ်မရာစကားလုံး အနည်းဆုံး ၄၃လုံးအထိပါဝင်ပြီး အဲဒီထဲမှာ ၁၁ လုံးက နားထောင်လို့တောင်မသင့်တော်တဲ့အသုံးအနှုန်းတွေပါဝင်ပါတယ်။ 

ဥပမာ အနေနဲ့ပြောရမယ်ဆိုရင် ပြည့်တန်ဆာနဲ့အတူ လိင်ကိစ္စအကြောင်းစောင်းပါးရိပ်ခြည်ပြောတာ၊ အတွင်းခံအ၀တ်အစားတွေနဲ့အမျိုးသမီးတွေ၊ အရက်သောက်တာတွေ၊ ကိုယ်ဝန်ပျက်ကျတာကို ရယ်စရာလုပ်တာ အမျိုးသားကိုယ်တုံးလုံးပုံတွေပါဝင်ပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်ချက်ကောင်းမွန်ခြင်းနဲ့ ကင်မရာရိုက်ချက်တွေအသက်ဝင်ခြင်းတွေက ဒီဇာတ်ကားကိုအကောင်းဆုံးဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။ 

ဂျက်စီကာခရစ္စတီယန်က အဲလိဇဘတ်စလိုနီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး သေနတ်ကိုင်ဆောင်မှုစည်းမျဉ်းတွေနဲ့ပတ်သက်လို့ ဒီထက်ပိုလွတ်လပ်လာအောင် ကြိုးစားတဲ့ NFA နဲ့ ထိပ်တိုက်တွေ့တဲ့အခါ သူတို့နဲ့ရင်ဆိုင်ရမယ့်အစား သူ့ကိုယ်သူဆန့်ကျင်ပါတော့တယ်။ စလိုနီးက သူအားမပေးတဲ့ဈေးကွက်စီးပွားရေးစနစ်အတွက် တိုက်ပွဲဝင်နေတာလို့ခံစားရတာကြောင့် ဆန့်ကျင်ခဲ့တာပါ။ အဲဒီအတွက်ကြောင့်ပဲ စလိုနီးဟာ ၀ါရှင်တန်မှာအင်အားအတောင့်တင်းဆုံးလော်ဘီအုပ်စုဖြစ်တဲ့ NFA ကို ရင်ဆိုင်အန်တုနိုင်ဖို့အတွက် ရှေ့နေရုံးခန်းလေးတစ်ခုကိုပြောင်းရွေ့သွားခဲ့ရပြီး အဲဒီမှာသူ့ကိုအပြည့်အ၀ယုံကြည်တဲ့ လုပ်ဖော်ကိုင်ဘက်တွေရဲ့အကူအညီနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။

ဇွဲထူးမြတ်လွင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 

Share on Google Plus

0 comments:

Post a Comment