ဒီလိုလူစား ဝေးဝေးကရှောင်






လူတစ်ယောက်ကဘ၀မှာ ပေါင်းသင်းအပ်သူတွေရှိသလို မပေါင်းသင်းအပ်သူတွေရှိပါတယ်။ ကိုယ့်ဘ၀ ကို တိုးတက်စေဖို့ပညာရှိလူကောင်းတွေနဲ့ ပေါင်းသင်းအပ်သလို မပေါင်းသင်း အပ်သူတွေကတော့ ဒုနဲ့ဒေးပါ။ မပေါင်းသင်းအပ်သူတွေဆိုတာ ဘယ်လိုလူမျိုးလဲ။ ကိုယ့်ပတ်ဝန်းကျန်မှာအမြဲရှိနေပြီး ကိုယ့်ကိုစိတ်ဒုက္ခပေး နေသူတွေပါ။ အဲဒီတော့ မပေါင်းသင်းအပ်သူတွေကို ဘယ်လိုခွဲခြားနိုင်မလဲ။

အလစ်သမား
'လိုအပ်တဲ့အချိန်မှာကူညီပေးတာ သူငယ်ချင်းကောင်း'တဲ့။ ဒါပေမဲ့ အဲဒီသူငယ်ချင်းက အကူအညီ အမြဲလိုနေရင်တော့ စိတ်ပျက်စရာကောင်းလာပါပြီ။ ကိုယ့်ဘက်ကဘယ်လောက်ပဲ အားသွန်ခွန်စိုက်ကူညီ နေပေမယ့် သူ့ဘက်ကဘာအားထုတ်မှုမှမရှိဘဲ အမြဲတစေ ငြီးငြူနေတတ်တယ်။ ဆိုလိုတာကတော့ ဒီလိုလူမျိုး ကို ဝေးဝေးကသာရှောင်လိုက်ပါ။ ဒါ ကိုယ့်အတွက် စိတ်ဒုက္ခသက်သာ သွားစေပါလိမ့်မယ်။ 

အဆိုးမြင်ဝါဒသမား
အဆိုးမြင်သမားတွေက ကိုယ်တိုင်သာမက သူတို့ကိုပါပေါင်းသင်းနေတဲ့သူတွေကို ဖျက်ဆီးနေသူ တွေဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေက ဖန်ခွက်ထဲရေတစ်ဝက်ပြည့်နေတာမမြင်ဘဲ ရေတစ်ဝက် လျော့နေတာကို သာမြင်တဲ့လူစားမျိုးဖြစ်ပါတယ်။ ဘာလုပ်လုပ်အကောင်းမမြင်နိုင်တဲ့အတွက် အချိန်ကြာလာတာနဲ့ အမျှကိုယ့်ရဲ့ စိတ် ခံစားချက်ကိုပါထိခိုက်လာစေပါလိမ့်မယ်။ 

အတင်းပြောတတ်သူ
ဒါကတော့ လုံးဝမပေါင်းသင်းအပ်သူစာရင်းဝင်ပါပဲ။ ဒီလိုလူမျိုးက သူများအကြောင်းပြောတတ်သူပီပီ ဗီဇကလုံးဝဖျောက်ဖျက်လို့ မရပါဘူး။ သူများအကြောင်းပြောသလို ကိုယ့်အကြောင်းကိုလည်း မပြောဘူးဆိုတာ အာမမခံနိုင်ပါဘူး။ အပြင်ပန်းက သာပြုံးပြနေပေမယ့် အတွင်းကပုတ်ပွနေသူတွေဖြစ်ပါတယ်။

အငြင်းအခုန်သန်သူ
တချို့သူတွေကတော့ အကြောင်းပြချက်မရှိငြင်းခုန်ရတာ၊ ပြဿနာဖန်တီးရတာကို နှစ်သက်ကြ ပါတယ်။ ဒီလိုလူမျိုးတွေကလည်း ဘယ်လောက်ပဲ အမှန်တရားဖြစ်နေပါစေ ငြင်းခုန်နေမယ့်လူစားမျိုး ဖြစ်တဲ့အတွက် လူမုန်းများတဲ့ လူတန်းစားတစ်ရပ်ဖြစ်ပါတယ်။ ဒီလိုလူမျိုးနဲ့ပေါင်းသင်းတဲ့အတွက် ကိုယ့်အတွက် စိတ်ကိုအနှောင့်အယှက်ဖြစ်စေမှာ ကျိန်းသေသလိုအခန့်မသင့်ရင် ကိုယ်ပါကြားထဲက အမုန်းခံရနိုင်ခြေ ရှိပါတယ်။

ကိုယ့်ကိုယ်ကိုယ်အထင်ကြီးသူ
ဒီလိုလူမျိုးတွေက ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်နေတတ်ပြီး သွေးနားထင်ရောက်နေတတ်တဲ့ လူတန်းစားမျိုးပါ။ ဘယ်လောက်ပဲတူညီတဲ့ ဖိနပ်စီးထားပါစေ သူ့ဘက်ကပိုသာကြောင်း စကားကို အကြီး အကျယ်ပြောမယ့်လူစားဖြစ်ပါတယ်။ လူမုန်းခံရတဲ့ လူတန်းစားထဲလည်းပါဝင်ပါတယ်။ ဒီလိုလူမျိုးနဲ့ပေါင်း သင်းမိလို့ကတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့စရိုက်ကြောင့် ကိုယ်ပါစိတ်အနှောင့်အယှက်ဖြစ်သွားကောင်း ဖြစ်သွားပါလိမ့်မယ်။ 

အပျင်းထူသူ
လူပျင်းတွေကတော့ ဘယ်သူ့ကိုမှ မလွှမ်းမိုးနိုင်ပါဘူး။ ဒါပေမဲ့ ဘ၀ကိုတိုးတက်ဖို့ကြိုးစားနေသူတွေ အနေနဲ့ ပျင်းရိသူတွေနဲ့ပေါင်းဖို့ ဆန္ဒရှိနိုင်ပါ့မလား။ ကိုယ့်ကိုယ်ကိုယ်သာမေးကြည့်ပါ။ ဘယ်သူမဆိုသွက် လက်ဖျတ်လက်ပြီး ဘ၀မျော်လင့်ချက်တွေတန်းစီရှိနေသူတွေနဲ့သာ ပေါင်းချင်ကြတာမဟုတ်ပါလား။ 

အပြောအလုပ်မညီသူ
အောင်မြင်နေတဲ့ပတ်ဝန်းကျင်ကို ကြည့်ကြည့်ပါ။ ဘယ်သူမဆို ပြောတဲ့အတိုင်းသေချာလုပ်ပြီး အောင်မြင်မှုရသူတွေပါ။ အပြောအလုပ်မညီသူတွေက ကိုယ့်စိတ်ကို ကိုယ်မနိုင်တဲ့ စိတ်ဓာတ်ပျော့ညံ့ သူတွေလည်းဖြစ်ပါတယ်။ ကတိကိုအလွယ်တကူပေးပြီး အလွယ်တကူဖျက်တတ်တဲ့အတွက် ရှောင်နိုင်လေ ကောင်းလေပါဘဲ။

ဘယ်တော့မှမကျေနပ်မရောင့်ရဲ တတ်သူတွေ
တနည်းအားဖြင့် အလိုရမ္မက်ကြီးသူတွေလို့လည်း ပြောနိုင်ပါတယ်။ ပတ်ဝန်းကျင်ကဘယ်လောက်ပဲ ဖြည့်ဆည်းပေးပါစေ။ ဘယ်လောက်ပဲရပါစေ။ ရတာကိုကျေနပ်မှုမရှိ မတင်းတိမ်တဲ့လူစားမျိုးပါ။ ဒီလိုလူ မျိုးကတော့ ဝေးလေ ကောင်းလေရှောင်လိုက်ပါ။

 ရန်နိုင်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment