ပါးစပ်အတွင်း
မက်ခရုနာပေါက်တာက ခန္ဓာကိုယ်ရဲ့သဘာဝခုခံကာကွယ်နိုင်စွမ်း အားနည်းသွားတဲ့အခါ ဒီမှိုရောဂါက
ထိန်းချုပ်မှုကင်းသွားတာကြောင့်ဖြစ်ပါတယ်။ မက်ခရုနာလက္ခဏာတွေအနေနဲ့ လျှာပေါ်မှာ ဒါမှမဟုတ်
ပါးစပ်အတွင်းမှာ အဖြူရောင်အနှစ်တွေဖြစ်ပေါ်လာပါတယ်။ တကယ်လို့ အချိန်မီမထိန်းချုပ်နိုင်ရင်
လည်ချောင်း၊ ပါးစပ်အနှံ့ပျံ့နှံ့သွားနိုင်ပါတယ်။
တခြားလက္ခဏာတွေအနေနဲ့
ပါးစပ်ကနီရဲခြင်း၊ အက်ကွဲခြင်း၊ အရသာမခံနိုင်ခြင်း၊ ၀ါးရမျိုချရခက်ခြင်းတွေဖြစ်နိုင်ပါတယ်။
အဓိကပြဿနာကတော့
ကိုယ်ခံအားနည်းလာခြင်း၊ တစ်ကိုယ်ရေ ခံတွင်းသန့်ရှင်းမှုအားနည်းခြင်းတို့ကြောင့်ဖြစ်ပါတယ်။
ဘယ်လိုကုသမလဲ။
ဆား
ဆားက ခံတွင်းမက်ခရုနာကို
ကုသဖို့အကောင်းဆုံးဆေးဝါးပါ။ ဆားကပါးစပ်အတွင်းမှိုများကို သေစေပါတယ်။ ဆားက ရောဂါလက္ခဏာကိုအလျင်မြန်ဆုံး
ပျောက်ကင်းစေနိုင်ပါတယ်။
ဆား စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့
ရေခပ်နွေးနွေးရောစပ်ပြီး တစ်နေ့ကိုအကြိမ်များစွာ ပလုတ်ကျင်းပေးပါ။ ဒါမှမဟုတ် ဆားကိုပါးစပ်အတွင်း
ငုံထားပေးပြီး လက်(ဒါမှမဟုတ်)သွားပွတ်တံဖြင့်လည်း ပွတ်ပေးနိုင်ပါတယ်။
ဒိန်ချဉ်
ဒိန်ချဉ်မှာပါဝင်တဲ့
ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယားတွေက ပါးစပ်အတွင်းမက်ခရုနာတွေကို ကုသပေးနိုင်ပါတယ်။
ဒါတင်မက ဒိန်ချဉ်က အစာခြေစနစ်ကိုပါ ကောင်းမွန်စေပါတယ်။ မက်ခရုနာကိုကုသဖို့အတွက် သကြား၊
ထန်းလျက်တို့နဲ့ မရောစပ်ထားတဲ့ဒိန်ချဉ်သန့်သန့်ကို အသုံးပြုဖို့လိုပါတယ်။
ဒိန်ချဉ်ကို
နှစ်ခွက်၊ သုံးခွက် နေ့စဉ်သောက်ပေးပါ။ ဒိန်ချဉ်အနည်းငယ်ကို ပါးစပ်အတွင်းလက် ဖြင့်လည်းပွတ်ပေးပါ။
၅ မိနစ်၊ ၁၀ မိနစ်အကြာမှာ ရေခပ်နွေးနွေးလေးနဲ့ ပလုတ်ကျင်းပါ။ တစ်နေ့ကိုတစ်ကြိမ်၊ နှစ်ကြိမ်ပြုလုပ်ပေးသွားနိုင်ပါတယ်။
အုန်းဆီ
အုန်းဆီကလည်း
ခံတွင်းကူးစက်နာတွေကုသဖို့ အကောင်းဆုံးသဘာဝပစ္စည်းဖြစ်ပါတယ်။ အုန်းဆီက ခံတွင်းမက်ခရုနာကို
ဖယ်ရှားပေးနိုင်ပြီး မက်ခရုနာကြောင့်ပါးစပ်အတွင်းမသက်မသာဖြစ်ခြင်းကို သက်သာစေပါတယ်။
အုန်းဆီကိုဂွမ်းစမှာစွတ်ပြီး
တစ်နေ့ကိုအကြိမ်ပေါင်းများစွာ တစ်ပတ်ခန့်ပါးစပ်အတွင်းပွတ်ပေးပါ။ နံနက်တိုင်းအုန်းဆီသန့်သန့်
လက်ဖက်ရည်တစ်ဇွန်းစာကို အစာမစားခင် စားပေးနိုင်ပါတယ်။ အုန်းဆီအနည်းငယ်ကို ပါးစပ်အတွင်း
၁၀ မိနစ်ခန့်ငုံထားပေးခြင်းဖြင့်လည်း ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။
ပန်းသီးအရက်ဗီနီဂါ
ပန်းသီးအရက်ဗီနီဂါမှာ
ခံတွင်းမက်ခရုနာကို ထိန်းချုပ်ပေးနိုင်တဲ့ အင်ဇိုင်းတွေပါဝင်နေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့စံကိုထိန်းချုပ်ပေးပြီး
ခံတွင်းမက်ခရုနာဖြစ်စေတဲ့ ဘက်တီးရီးယားပေါက်ဖွားမှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။
ပန်းသီးအရက်ဗီနီဂါနှစ်ဇွန်း၊
ဆား တစ်ဇွန်းခန့်ကို ရေခပ်နွေးနွေးထဲမှာရောစပ်ပြီး ပါလုတ်ကျင်းတိုင်းသုံးပေးပါ။ ပန်းသီးအရက်ဗီနီဂါနှစ်ဇွန်း၊
ပျားရည်အနည်းငယ်ရောစပ်ပြီး တစ်နေ့နှစ်ကြိမ်သောက်သုံးပေးနိုင်ပါတယ်။
မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါကလည်း
ဘက်တီးရီးယားတွေကို ကာကွယ်နိုင်စွမ်းရှိတဲ့ပစ္စည်းတစ်ခုပါ။ မုန့်ဖုတ်ဆိုဒါနှစ်ဇွန်းခန့်ကို
ရေဖြင့်ရောစပ်ပြီး လျှာနဲ့ပါးစပ်အတွင်းလိမ်းထားပေးပါ။ မိနစ်အနည်းငယ်ကြာမှ ရေခပ်နွေးနွေးသုံးပြီးဆေးချပါ။
တစ်နေ့ကို အကြိမ်များစွာပြုလုပ်ပေးနိုင်ပါတယ်။
သစ်ကြံပိုးခေါက်
သစ်ကြံပိုးခေါက်မှာပါဝင်တဲ့
ဘက်တီးရီးယားနဲ့ မှိုတွေကိုသေစေနိုင်တဲ့ ဂုဏ်သတ္တိကလည်း ခံတွင်းမက်ခရုနာကိုကုသပေးနိုင်ပါတယ်။
သစ်ကြံပိုးခေါက်
လက်ဖက်ရည်ကြမ်းကို နေ့စဉ်သောက်သုံးပေးပါ။ သစ်ကြံပိုးခေါက်မှုန့် ဒါမှမဟုတ် သစ်ကြံပိုးခေါက်ရေနွေးဆူဆူထဲ
ငါးမိနစ်ခန့်ထားပေးပြီး ၄င်းအရည်ကိုသံပုရာရည်နဲ့ရောစပ်ပြီး သောက်သုံးပေးနိုင်ပါတယ်။
ဒါပေမဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့တော့ သစ်ကြံပိုးခေါက်ကို မသုံးစွဲဖို့လိုပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကလည်း
ပါးစပ်အတွင်းမက်ခရုနာကိုပျောက်ကင်းစေပြီး ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို တိုးပွားစေပါတယ်။
ကြက်သွန်ဖြူနှစ်မွှာ၊ သုံးမွှာခန့်ကို နေ့စဉ်စားသုံးပေးပါ။ ကြက်သွန်ဖြူအဆီကိုလည်း ခံတွင်းမက်ခရုနာမှာ
နေ့စဉ်လိမ်းထားပေးနိုင်ပါတယ်။
တစ်နေ့နှစ်ကြိမ်သွားတိုက်ပေးပါ။
သွားပွတ်တံကိုမျှဝေသုံးစွဲခြင်း ရှောင်ပါ။
သွားပွတ်တံကို
နှစ်လတစ်ကြိမ် ဒါမှမဟုတ် သုံးလတစ်ကြိမ် လဲလှယ်ပေးပါ။
အချိုဓာတ်လွန်ကဲတဲ့အစားအစာများ
စားသုံးခြင်းလျှော့ချပါ။
မက်ခရုနာဖြစ်ပါက
ရေခဲရေသောက်ခြင်း၊ ရေခဲတုံးငုံခြင်းဖြင့် မသက်မသာဖြစ်တဲ့ဝေဒနာကို လျော့ချပေးနိုင်ပါတယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
သွားကျန်းမာရေး၊
ခံတွင်းကျန်းမာရေးအထူးဂရုစိုက်ပါ။
0 comments:
Post a Comment