PES Manager 2015









ဂျပန်ရဲ့နာမည်ကြီးဂိမ်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Konami ဟာ သူ့ရဲ့အနာဂတ်အစီအစဉ်မှာ မိုဘိုင်း ဘက်ကိုပိုပြီးဦးတည်သွားဖို့ရှိတယ်လို့ ပြောခဲ့တုန်းက ပရိသတ်တွေ စိတ်ပျက်ခဲ့ရပါတယ်။ Console မှာ နာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ PES ကို အခုအခါ iOS ပလက်ဖောင်းအတွက် PES Manager အဖြစ် Strstegy သီးသန့်ထုတ်လုပ်ပေးခဲ့ပြီး လက်ကိုင် PES ဂိမ်းတွေမှာလိုတောင် ၀င်ကစားလို့ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘောလုံးမန်နေဂျာဂိမ်းတစ်ခုအနေနဲ့ (အထူးသဖြင့်) မိုဘိုင်းဘောလုံးမန်နေဂျာ ဂိမ်းတစ်ခု အနေနဲ့ဆိုရင်တော့ ဒီဂိမ်းဟာထိပ်တန်းအဆင့်ပါ။

သင်ဟာ Top Eleven Manager, 11x11 အစရှိတဲ့ ဆိုရှယ်နဲ့ မိုဘိုင်းဘောလုံးမန်နေဂျာဂိမ်းတွေကို ကစားလေ့ရှိသူဆိုရင်တော့ PES Manager ရဲ့ပြီးပြည့်စုံမှုတွေဆီ ကူးပြောင်းဖို့သိပ်လွယ်ကူနေမှာပါ။ PES Mana ger မှာ တရားဝင်လိုင်စင်နဲ့ အသုံးပြုခွင့်ရထားတဲ့ လက်ရှိကမ္ဘာအနှံ့က ပရိုဘောလုံးကစားသမား ငါးထောင် ကျော်ပါဝင်တယ်။ သင့်စိတ်ကြိုက်အသင်းရဲ့ Badge Uniform စတာတွေကိုလည်း အခမဲ့ယူငင် သုံးစွဲကစား နိုင်သေးတယ်။ Top Eleven မှာဆိုရင် ဒါတွေကို ပြင်ပငွေနဲ့ ၀ယ်ရမှာဖြစ်ပါတယ်။

အဓိက Currency အဖြစ် Cash  နဲ့ PES Coin တို့ပါဝင်ပြီး မိုဘိုင်းဂိမ်းတွေရဲ့ ထုံးစံအတိုင်းအချိန်တို အတွင်း သူများထက်ထူးချင်တဲ့လူတွေကတော့ ပြင်ပငွေနဲ့ဝယ်နိုင်တယ်။ ဒါပေမဲ့ အချိန်ပေးပြီး ဆော့ကြည့်ရင် တော့ PES Coin  တွေကို Contract, Sponsor, တွေကနေ ရနိုင်တာကိုတွေ့ရတယ်။ ဒါကြောင့် Console  စတိုင် အချိန်ပေးကစားမယ့်လူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ Play to Win မဟုတ်ဘဲ အချိန်ကုန်ခံ နိုင်လေ ပိုပြီးကောင်းမွန်တဲ့ အသင်းကိုတည်ဆောက်နိုင်လေဆိုတဲ့ ပုံစံမျိုးဖြစ်တယ်။

ကစားသူဟာ ကိုယ့်အသင်းရဲ့ Rating, Teamwork စတာတွေကို အလွယ်တကူမြင်နိုင်ပြီး အခြား Gameplay အချက်အလက်တွေကတော့  Tutorial လည်းပါတဲ့အပြင် Console ပေါ်က မန်နေဂျာဂိမ်းတွေနဲ့ လည်း သိပ်မကွာခြားတဲ့အတွက် ထည့်မပြောတော့ပါဘူး။ ဒီဂိမ်းမှာကစားသူဟာ ကိုယ့်ရဲ့ အကောင်းဆုံး လူစာရင်းနဲ့ ယှဉ်ပြိုင်နိုင်ဖို့သာ ကြိုးစားရမှာဖြစ်ပြီး Top Eleven နဲ့တူတဲ့နောက်တစ်ခုက ကစားသမားတွေရဲ့ Morale Stamina တို့ကို Boost Kit တွေနဲ့တင်ပေးနိုင်တာပါပဲ။ ဒါ့အပြင် Training Kit တွေကို အသုံးပြုပြီး တော့လည်း ကစားသမားတွေရဲ့ Stats ကို မြှင့်တင်နိုင်တယ်။ ဒီ kit တွေကို ဘယ်ကရမလဲ…

အရင်တုန်းကဂိမ်းတွေလို သူငယ်ချင်းတွေက တစ်ယောက်နဲ့တစ်ယောက် လက်ဆောင်ပေးလို့လည်း ရပါတယ်။ အိုး… ဒါပေမဲ့ PES manager ဟာ မိုဘိုင်းဂိမ်းတစ်ခုဖြစ်တဲ့အတွက် Building အမျိုးအစားလည်း နည်းနည်းထည့်ထားတယ်။ ကစားသူရဲ့ Home Town ဆိုတဲ့  Tab တစ်ခုပါဝင်ပြီး ကိုယ့်ရဲ့ အခြေစိုက်မြို့လေး ဟာ မြို့ရဲ့ကိုယ်စားပြုဘောလုံးအသင်းကို အားပေးနေမှာပါ။ ဆိုလိုတာက သင်လိုအပ်တဲ့ Training, Morale, Stamina Kits တွေကို သင့်ရဲ့မြို့လေးက ထုတ်လုပ်ပေးနေ မှာဖြစ်တယ်။ အချိန်နည်းနည်းတော့စောင့်ရမှာ ဖြစ်ပြီး နာရီအနည်းငယ်ကြာတိုင်း တစ်ခါ Collect လုပ်နိုင်ပါတယ်။ ကိုယ့်ရဲ့ကစားကွင်း၊ Fan Club၊ လူငယ် လေ့ကျင့်ရေးကျောင်းစတာတွေ အားလုံးကို ကိုယ့်ဘာသာဆောက်လုပ်ရမှာပါ။ ဆောက်လုပ်တာက Cash ပဲကုန်မှာဖြစ်တဲ့အတွက် PES Coin တွေဝယ်ရင်း ပိုက်ဆံမကုန်တော့ဘူးပေါ့။ ဆောက်လုပ်မှုကြာချိန်ကိုတော့ နာရီနဲ့မဟုတ်ဘဲ ဘောလုံးပွဲအရေအတွက်နဲ့ သတ်မှတ်ထားတယ်။ ဒီတော့ စိတ်မရှည်ဘူးဆိုရင်တော့ တစ်ခါကုန်ဦးမှာပေါ့။ ဒါပေမဲ့လည်း Console ဆန်ဆန် Hardcore ကစားမယ့်လူတွေကတော့ ဒါကိုပို ပြီးကြိုက် ကြမယ်မဟုတ်လား။

ဘောလုံးကစားဖို့ Energy Bar ကလည်း Bonus ပါထည့်ပေါင်းထားပေးတတ်ပြီး တစ်ခါကို ဆယ်ပွဲနီးပါး ဆက်တိုက်ကစားလို့ရတယ်။ တစ်နေကုန် ထိုင်ကစားလို့ရမှာ မဟုတ်ပေမယ့် နာရီအနည်း ငယ်ကြာတော့ ဆက်တိုက်ကစားနိုင်တာပေါ့။ ဒါ့အပြင် Achievements တွေအောင်လို့၊ နိုင်ပွဲတွေဆက်လို့ Level တက်ရင်လည်း Bonus တွေထပ်ရဦးမှာပါ။ ခုမှကစားမယ့်လူတွေအတွက် Trips လေးတစ်ခုတော့ ပေးချင်ပါတယ်။ အဲဒါကတော့ ပွဲနိုင်လို့၊ Achiv အောင်လို့ရလာမယ့် PES Coin တွေကို Star နဲ့ Rating မြင့် ကစားသမားလေးငါးယောက်လောက် ဆက်တိုက်ဝယ်ပစ်ပါ။ နိုင်ပွဲများနေရင် Fan, Cash နဲ့ အခြားလိုအပ်တဲ့ အရာတွေကို ဆက်တိုက်ပေါပေါများများရရှိနေမှာဖြစ်ပါတယ်။ Cash ကလည်းအရေးပါပြီး Upgrade လုပ်တာ၊ စာချုပ်သက်တမ်းတိုးတာ၊ ကစားသမားဝယ်တာတွေမှာအသုံးပြုနိုင်တယ်။ Top Eleven စတိုင်လေလံနဲ့ လူ ၀ယ်တဲ့စနစ်ကိုသုံးချင်ရင်လည်း PES Coin တစ်ခု အသုံးပြုပြီး လေလံပွဲတွေမှာ ၀င်နွှဲနိုင်တယ်။ ဒါကိုတော့ အား မပေးချင်တာအမှန်ပဲ။  TE တုန်းက  Token ဘယ်လောက်ဒုက္ခရောက်လည်း မှတ်မိကြဦးမှာပေါ့။

အချုပ်ပြောရရင် PES Manager ဂိမ်းဟာ Console အရသာကိုမှီပြီး မိုဘိုင်းဂိမ်းတစ်ခုရဲ့ ပုံစံလည်း လွတ်ထွက်မသွားတဲ့ စံပြဘောလုံး မန်နေဂျာမိုဘိုင်းဂိမ်းတစ်ခုပါပဲ။ စာရေးသူနဲ့ အကြိုက်တူတဲ့ လူတွေကတော့ အခုပဲ Download ဆွဲပြီးကစားလိုက်ပါတော့။ သူ့ကိုကစားဖို့ အင်တာနက်ကော်နက်ရှင်တော့ လိုအပ်ပါတယ်။
Banruka
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
 
 
Share on Google Plus

0 comments:

Post a Comment