ခန္ဓာကိုယ် PH မျှတစေဖို့ #ရန်နိုင်




ကျန်းမာရေးနဲ့ ပတ်သက်လာရင်ကျန်းမာအောင်နေထိုင်စားသောက်ပေမယ့် တော်တော်များများက ခန္ဓာကိုယ် pH level ကို သတိမထားမိတတ်ကြပါဘူး။ သင့်တင့်မျှတတဲ့ pH က ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် သင့်လျော်ပါတယ်။ ကူးစက်ရောဂါတွေ ပိုးမွှားတွေက pH ပမာဏညီမျှနေရင် ခန္ဓာကိုယ်အတွင်း မ၀င်ရောက်နိုင်ပါဘူး။ pH ကို ၀ ကနေ ၁၄ အထိ တိုင်းတာထားပါတယ်။ pH နည်းလေ ခန္ဓာကိုယ်က အစ်ဆစ်ဓာတ်များနေပြီး pH များသွားပြန်ရင်လည်း alkaline ဓာတ်များသွားတတ်ပါတယ်။ အက်ဆစ်နဲ့ alkaline မညီမျှခြင်းက တစ်သျှူးတွေ ကိုယ်တွင်းအစိတ်အပိုင်းတွေကို ပျက်စီးစေပြီး ဓာတ်မတည့်တာ၊ ပန်းနာရင်ကြပ်၊ မောပန်းလွယ်၊ မကြာခဏ အအေးမိ၊ ခေါင်းကိုက်၊ ကြွက်သားရောင်ရမ်းတာတွေဖြစ်တတ်ပါတယ်။ pH မညီမျှရတဲ့အကြောင်းရင်းကတော့ အရက်နဲ့ဆေးဝါးသုံးစွဲတာ၊ antibiotics အလွန်အကျွံသုံးတာ၊ အစားအသောက်၊ နာတာရှည်စိတ်ဖိစီးမှုနဲ့လေ့ကျင့်ခန်းမလုပ်တာတွေကြောင့်ဖြစ်တတ်ပါတယ်။ အဲဒီတော့ ခန္ဓာကိုယ်ရဲ့ pH ကို ဘယ်လိုမျှတအောင်လုပ်ကြမလဲ။

ပန်းသီးဗီနီဂါ

ပန်းသီးဗီနီဂါက ခန္ဓာကိုယ်က အက်ဆစ်ဓာတ်များလွန်းတဲ့အခါ အားပျော့သွားအောင်လုပ်ပေးနိုင်ပါတယ်။ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ ခန္ဓာကိုယ်တွင်းမ၀င်အောင် တားဆီးပေးပါတယ်။ ပန်းသီးဗီနီဂါ (၂)ဇွန်း၊ ပျား၇ည် ၁ ဇွန်းကို ရေခပ်နွေးနွေးလေးနဲ့ရောစပ်ပြီး တစ်နေ့တစ်ခွက်သောက်ပေးနိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါက alkaline ကြွယ်ဝပြီး ခန္ဓာကိုယ် pH ကို ညီမျှစေပါတယ်။ အစာအိမ်အတွင်း အက်ဆစ်ဓာတ်များလွန်းတာကို အားပျော့သွားစေပြီး အစာအိမ် မသက်မသာဖြစ်တာကို လျော့စေပါတယ်။ မုန့်ဖုတ်ဆိုဒါ ဇွန်းတစ်ဝက်နဲ့ သံပုရာရည် ၂ ဇွန်းကို ရေတစ်ခွက်နဲ့ရောစပ်ပြီး တစ်နေ့တစ်ခွက် နေ့စဉ်သောက်ပေးနိုင်ပါတယ်။

သံပုရာရည်

အက်ဆစ်ဓာတ်ပြင်းလွန်းတဲ့ ခန္ဓာကိုယ်ကို ဓာတ်ပြယ်သွားစေဖို့ သံပုရာသီးန့ရေရောစပ်သောက်သုံးနိုင်ပါတယ်။ သံပုရာသီးကို ခပ်ပါးပါးလှီးပြီး ပျားရည်အနည်းငယ်ရောစပ်ကာ ရေခပ်နွေးနွေးနဲ့နံနက်ခင်းဘာမှမစားခင်သောက်သုံးပေးနိုင်ပါတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်

အစိမ်းရောင်ဟင်းသီးဟင်းရွက်များများစားပေးတာက ခန္ဓာကိုယ်ရဲ့ pH level ကို ညီမျှစေပါတယ်။ အကောင်းဆုံးအာဟာရ ရနိုင်ဖို့ အစိမ်းစားတာ ဒါမှမဟုတ် ရေနွေးလေးနဲ့ပြုတ်ပြီးစားတာ အကောင်းဆုံးပါ။

အက်ဆစ်ပြင်းလွန်းတဲ့ အစာရှောင်

အရက်၊ ကော်ဖီ၊ ဆိုဒါ၊ အနီရောင်အသား၊ ပြုပြင်ထားတဲ့ သကြားတွေရှောင်ပါ။

ရေဓာတ်ဖြည့်

ရေဓာတ်ပြည့်ဝတဲ့ခန္ဓာကိုယ်က ပိုလျှံနေတဲ့အက်ဆစ်ဓာတ်ကို ခန္ဓာကိုယ်ကနေ စွန့်ထုတ်ပေးပါတယ်။ ရေပုံမှန်သောက်ပေးခြင်းက ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို စွန့်ထုတ်ပေးပါတယ်။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape
<3 စိတ်ရွှင်လန်းဖို့စာဖတ်စို့ <3 သူ့စိတ်ကိုယ့်စိတ်အေးမြအရိပ်ရှိတ်ပ်
<3 WeLoveShape
#Shape #Entertainment #Journal
#Model #Actress #Miss #Singer #Mister #Actor #Celebrity #Academy #Movie #Music #Kpop #Travel #Meal #Car #Phone #Game #Interview #Love #Story #News #Beauty #Fashion #Health #Lifestyle #Relationship #Shopping
<3 အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ
<3 Every Weekly <3 Saturday <3 ရှိတ်ပ်



Share on Google Plus

0 comments:

Post a Comment