အချိန်ဖြုန်းဖို့သိပ်မဆိုးတဲ လူကြိုက်အများဆုံးဂိမ်း Pirate Kings







ဂိမ်းဝါသနာရှင်တွေစုစည်းထားတဲ့ အဖွဲ့လို့ သူတို့ကိုယ်သူတို့ခေါ်ဝေါ်တဲ့Jelly Gutton Games ရဲ့ ပွဲဦးထွက်ဂိမ်းလေးဆီက Game Request တွေမကြာခဏရောက်လာလို့ စိတ်တိုနေပြီလား။ တစ်ခါလောက်တော့အလျှော့ပေးပြီးဆော့ကြည့်လိုက်ပါ။ ရိုးရှင်းလွန်းလှတဲ့ ဂိမ်းလေးဟာ ကလစ်တစ်ချက်ကလွဲပြီး ဘာဆိုဘာမှမလိုတဲ့ Gameplay သာပါဝင်တယ်။
ဒါပေမဲ့ ဒီဂိမ်းကိုလူသိန်းပေါင်းများစွာက စွဲစွဲလမ်းလမ်းကစားနေကြပါပြီ။ Pirate Kings ရဲ့ဆောင်ပုဒ်က ''Become The Richest Pirate Ever! Or Die Trying'' ဖြစ်ပါတယ်။ ကစားသူဟာ Facebook ကနေသူငယ်ချင်းတွေနဲ့ ချိတ်ဆက်ကစားနိုင်သလို Random တွေ့ရမယ့်လူတွေနဲ့လဲကစားနိုင်ပါတယ်။ ကိုယ့်ရဲ့ကျွန်းလေးကို အလှဆင်ဖို့ Island Stop မှာရှိရှိသမျှအကုန်ဝယ်၊ ပြီးတာနဲ့နောက် တစ်ကျွန်းကိုကူးသွားပြီး အစကနေ ပြန်အလှဆင်ရမှာဖြစ်ပါတယ်။
ဒီလိုအလှဆင်ဖို့အတွက်လိုအပ်တဲ့ ပိုက်ဆံကိုဘယ်ကရမလဲ။ Pirate Kings ရဲ့တစ်ခုတည်းသော GamePlay ဟာရယ်စရာကောင်းလောက်အောင် Spinning Wheel ကြီးတစ်ခုသာဖြစ်ပါတယ်။ ငယ်ငယ်ကSpinning Wheel တွေကိုလှည့်ပြီးကံစမ်းခဲ့ဖူးသလား။ Pirate Kings မှာတော့အများဆုံးအကြိမ်ငါးဆယ်ကျော်အထိတစ်ခါတည်း လှည့်ပြီးကိုယ့်ရဲ့ကျွန်းကို အလှဆင်ဖို့ ပိုက်ဆံရှာရမှာဖြစ်တယ်။ သူ့ရဲ့ Wheel ထဲမှာငွေပမာဏတွေပါပြီး အနည်းဆုံး 1000 gold ကနေ 100k အထိပါဝင်တယ်။ ဒါ့အပြင် Attack ဆိုတဲ့ အကွက်ကိုကျရင်တော့ ကိုယ့်ရဲ့သူငယ်ချင်းတွေကိုကောင်းကောင်းဒုက္ခပေးနိုင်ပါပြီ။ အမြောက်တစ်ချက်ပစ်လို့ရမှာဖြစ်ပြီးကိုယ်ကဘယ်သူ့ကိုပစ်မလဲ။ ကျွန်းရဲ့ဘယ်နေရာကို ဖျက်ဆီးမှာလဲဆိုတာကိုရွေးချယ်လို့ရတယ်။ အဲဒီကနေ Loot ရမှာဖြစ်ပြီး Facebook မှာလည်းသင့်သူငယ်ချင်းကို Tag ပြီး Share နိုင်ပါသေးတယ်။ ဒါကိုဘယ်လိုကာကွယ်ရမလဲဆိုရင်တော့ အဲဒီ Wheel ထဲမှာပဲ Shield လေးတွေပါဝင်ပါတယ်။ အများဆုံး Shield သုံးခုအထိ Store လုပ်ထားနိုင်ပြီး သုံးခုကျော်ပြီးထပ်ရရင်တော့ အလဟဿဖြစ်သွားမှာပါ။
နောက်တစ်ခုကတော့ Steal ဖြစ်ပါတယ်။ Steal ကျရင်တော့ လက်ရှိ Spin Wheel ပေါ်က CashKing အဖြစ်ငွေအများဆုံးရှိတဲ့သူငယ်ချင်းဆီကနေငွေတွေခိုးယူရမှာဖြစ်ပါတယ်။ ကျွန်း ၃ကျွန်းကိုချပြပြီး တစ်ခုကိုရွေချယ်ရမှာပါ။ ကိုရွေးတဲ့ကျွန်းပိုင်ရှင်ဆီကငွေကိုရရှိမှာပါ။ နောက်ထပ်Spin-Wheel လှည့်ဖို့ အစိမ်းရောင် Exlicireလေး တစ်ခုလည်းပါပါသေးတယ်။ ဒါ့အပြင်နေ့စဉ် Bonus အနေနဲ့ Slot Machine ကို လဲတစ်နေ့တစ်ခါဆော့နိုင်ပြီး သူ့ကိုဆော့ဖို့ Coin ကိုလဲဝယ်ရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဒါဟာအခြားဆိုရှယ်ဂိမ်းတွေလိုပဲ inapp purchase နဲ့ ကစားသူတွေရဲ့ငွေကိုဖြုန်းမယ့်ဂိမ်းတစ်ခုပါပဲ။ ဒါပေမဲ့ စိတ်ရှိလက်ရှိတိုက်လို့မရတာနဲ့ Spin-Wheel တစ်နေကုန်ထိုင်ကြည့်နေရမယ့် Gameplay ကြောင့် ဒီဂိမ်းမှာလူအများအပြားဖြုန်းမယ့်လူကောရှိပါ့မလားလို့ တွေးမိပါတယ်။ ဘာပဲဖြစ်ဖြစ် Facebook/ iOS/ Android တို့မှ အခမဲ့ရရှိနိုင်တဲ့ Pirate Kings ဂိမ်းလေးဟာ အချိန်ဖြုန်းဖို့တော့သိပ်မဆိုးလှတဲ့ လက်ရှိမှာလူအကြိုက်အများဆုံးဖြစ်နေပါတယ်။


---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#Shape #Entertainment #Journal
#Model #Actress #Artist #Miss #Singer #Mister #Actor #Celebrity #Academy #Movie #Music #Kpop #Travel #Meal #Car #Phone #Game #Love #Story #News #Gossip #Beauty #Fashion #Health #Lifestyle #Relationship #Shopping

<3 အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ <3 စိတ်ရွှင်လန်းဖို့စာဖတ်စို့
<3 Weekly <3 Saturday <3 ရှိတ်ပ်

Share on Google Plus

0 comments:

Post a Comment