အကောင်းမြင်စိတ်ထားက အောင်မြင်မှုနဲ့ပျော်ရွှင်မှုတွေရဲ့လမ်းစပါ…













အကောင်းမြင်တဲ့စိတ်ထားက အောင်မြင်မှုနဲ့ပျော်ရွှင်မှုတွေကို လမ်းပွင့်ပေးပါတယ်။ စဉ်းစားကြည့်ပါ။ အကောင်းမြင်တဲ့စိတ်က ပြဿနာတွေကနေအဖြေရှာဖို့ကြိုးစားနေပေမယ့် မကောင်းမြင်စိတ်ကတော့ ပြဿနာပေါ်သာအာရုံစိုက်နေရပါတယ်။ အကောင်းမြင်တော့ အခွင့်အလမ်းတွေ ဖြစ်နိုင်ချေတွေ ပိုပြီးမြင်လာမယ်။ အတားအဆီးတွေကို ကျော်လွှားလာနိုင်မယ်။ အဲဒီတော့ အကောင်းမြင်တတ်၊ အကောင်းတွေးတတ်ဖို့ ဘယ်လိုကြိုးစားကြမလဲ။

Du. Seuss ကိုတွေး
ကလေးစာရေးဆရာ Du. Seuss က ပြောခဲ့ဖူးပါတယ်။ ''ပြီးဆုံးသွားတာကို ၀မ်းနည်းမနေနဲ့။ ဖြစ်ပျက်ခဲ့တာ အတွက်ပြုံးလိုက်ပါ''တဲ့ လူအတော်များများက ပြီးဆုံးသွားတဲ့အပေါ် ခံစားချက်တွေနဲ့ ရှုပ်ထွေးနေတတ် ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ၀မ်းနည်းတယ်လို့ ခံစားမနေပါနဲ့။ ပြီးဆုံးသွားတဲ့အတွေ့ အကြုံတွေကနေရခဲ့တဲ့ သင်ခန်းစာကို စိတ်ထဲသတိရလိုက်ပါ။

တက်တက်ကြွကြွနေ
တစ်ခုခုလုပ်ပြီး ကိုယ်ဘယ်လောက်အထိလုပ်ခဲ့တယ်ဆိုတဲ့စိတ်က ကိုယ့်ကိုယ်ပြန်ပြီးခွန်အားဖြစ်စေပါတယ်။ နည်းနည်းလေးတွေးကြည့်ပါ။ ဘာမှမလုပ်ဘဲ ပျင်းပျင်းရိရိတစ်နေကုန်နေတာနဲ့တစ်ခုခုလုပ်ပြီး စိတ်ထဲက ခံစားချက်ကဘယ်လိုကွာခြားသွားသလဲဆိုတာ။

ကိုယ့်စိတ်ကြိုက်တုံ့ပြန်နိုင်တယ်
ကိုယ်ဖြစ်ချင်တဲ့အတိုင်းတာက ဖြစ်မလာဘူးဆိုရင် တခြားနည်းလမ်းကနေသွားလိုက်ပါ။ ကိုယ့်တုံ့ပြန်မှုကို ကိုယ်ပဲပိုင်ပါတယ်။ ဘ၀က အခုချိန်အဆင်မပြေနေလို့ အရှုံးပေးလိုက်ရမယ်ဆိုတာ မဟုတ်ပါဘူး။ နောက် ထပ်နည်းလမ်းတစ်ခုပြောင်းလဲရွေးချယ်နိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်အားပေး
နေ့စဉ်နေ့တိုင်း တစ်ခုခုလုပ်ဖို့မစွန့်စားခင် ကိုယ့်ကိုယ်ကိုယ်အားပေးတဲ့အနေနဲ့ ငါဒါလုပ်နိုင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပြန်ပေးပါ။

ရည်မှန်းချက်ထား
အနာဂတ်ကေ၀၀ါးပြီး ဘာမှပုံမထင်တဲ့အချိန် ကိုယ့်ရည်မှန်းချက်ကို ကိုယ်အကောင်းမြင်ဖို့ခက်ခဲနေ ပါလိမ့်မယ်။ ကိုယ်နဲ့အနီးစပ်ဆုံး ရည်မှန်းချက်လေးထားပါ။ ရည်မှန်းချက်က စိတ်ခွန်အားပေးပါတယ်။

သီချင်းနားထောင်
ကိုယ်နားထောင်ချင်တာနားထောင်ပါ။ ဒါပေမဲ့ ကိုယ်နားထောင်ချင်တဲ့သီချင်းက ကိုယ့်စိတ်ကို သက်ရောက်မှု ရှိစေတယ်ဆိုတာသတိရပါ။

 ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 

Share on Google Plus

0 comments:

Post a Comment