ကိုယ်ဝန်ဆောင်ချိန် အစားချေးများတဲ့လက္ခဏာရှောင်လွှဲဖို့











ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာအပြုအမူအပြောင်းအလဲတွေ တွေ့ကြုံခံစားရတတ်ပါတယ်။ အများစုခံစားရတာကတော့ စားချင်စိတ်ပြင်းပြတာနဲ့ အစားရှောင်တဲ့ လက္ခဏာတွေပါ။ အစားအစာတစ်မျိုးရဲ့အနံ့၊ အရသာ၊ ပုံသဏ္ဍာန်ကို မနှစ်မြို့လို့ ဖြစ်ပေါ်စေတဲ့ခံစားချက်က အော့အန်တာ၊ အော်ဂလီဆန်တာအထိ ခံစားရစေပါတယ်။ အစာမနှစ်မြို့တာက အများအားဖြင့် ဟိုမုန်းအပြောင်းအလဲကြောင့်ဖြစ်နိုင်ပါတယ်။ အစားမနှစ်မြို့တဲ့လက္ခဏာဖြစ်စေတဲ့ထဲက အနံ့ပြင်းတဲ့အစားအစာတွေကတော့ အသား (အထူးသဖြင့် ကြက်သားနဲ့အနီရောင်အသား)၊ ဥ၊ ပင်လာစာ၊ နို့၊ ဆီကြော်မုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကော်ဖီနဲ့ လက်ဖက်ရည်တို့ဖြစ်ပါတယ်။ အဲဒီတော့ အစာမစားချင်ဘဲ အော်ဂလီဆန်တဲ့ခံစားချက်ကို ဘယ်လိုပြေဖျောက်ကြမလဲ။

အစားများများဆောင်
လက်ထဲအစာများများရှိလေ ကိုယ်စားချင်တာကိုရွေးပြီး စားနိုင်လေပါပဲ။ ဒီလိုအစာများများဆောင်ထားတာက လိုအပ်တဲ့အာဟာရဓာတ်တွေ ခန္ဓာကိုယ်ထဲအလုံအလောက်ဝင်ရောက်ဖို့ကူညီပေးပြီး နေ့စဉ်တစ်မျိုးတည်းစားနေရတာကြောင့် ငြီးငွေ့တာကိုသက်သာစေပါတယ်။

လိုက်လျောညီထွေစား
အစာတစ်ခုစားတိုင်း စိတ်နဲ့ခန္ဓာလိုက်လျောညီထွေဖြစ်ဖို့ကြိုးစားပါ။ ဥပမာ နံနက်ခင်းကြက်ဥကြော်စားတာမကြိုက်ရင် နေ့လည်ကျပြုတ်စားတာမျိုး၊ တစ်ခုခုဖြစ်အောင်ကြိုးစားကြည့်ပါ။

အချိန်ကပ်မှပြင်ဆင်
ကိုယ်စားမယ့်အစာအကြောင်း အချိန်အကြာကြီးစဉ်းစားပြီး တွေဝေမနေရဖို့အတွက် စားကာနီးမှထပြင်တတ်တဲ့အကျင့်ပြောင်းမွေးကြည့်ပါ။ အဲဒါမှ ဗိုက်လည်းဆာ၊ ရွေးချယ်စရာလည်းမရှိနဲ့ စားမိပါလိမ့်မယ်။
ဖြည့်စွက်စာစား
အသား၊ ဥ၊ ငါး စတာတွေကို စားချင်စိတ်မရှိရင် ပဲအမျိုးမျိုး၊ ဂျုံအမျိုးမျိုးထဲကနေလည်း ရွေးချယ်စားသုံးနိုင်ပါတယ်။ နို့မကြိုက်လို့ ကယ်လ်ဆီယံဓာတ်ကို ဒိန်ခဲ၊ ဒိန်ချဉ် စတာတွေကနေလည်း ရနိုင်ပါတယ်။

ဝှက်ထား
ကိုယ်စားချင်စိတ်မရှိဘူးလို့ထင်တဲ့ အစားအသောက်မှန်သမျှ ၀ှက်ထားပါ။

သစ်သီးများများစား
ဟင်းသီးဟင်းရွက်စားချင်စိတ်မရှိသူတွေ လိုအပ်တဲ့အာဟာရရဖို့ သစ်သီးများများစားပေးပါ။ သရက်သီး၊ စတော်ဘယ်ရီသီး၊ ဖရဲသီး၊ စပျစ်သီး၊ ဆီးသီးများများစားပေးပါ။

ပရဆေးထည့်ချက်
သစ်ကြံပိုးခေါက်၊ ကရဝေးရွက်တို့လို ရနံ့သင်းပြီး စိတ်လန်းဆန်းစေတဲ့ ပရဆေးဝါးတွေလည်း လိုအပ်သလိုထည့်ချက်စားနိုင်ပါတယ်။

လက်ဖက်ရည်၊ ကော်ဖီရှောင်
ကဖိန်းက ကျန်းမာရေးနဲ့ မညီညွတ်လို့ ရှောင်တာအကောင်းဆုံးပါ။ ကဖိန်းအစား သဘာဝသစ်သီး ဖျော်ရည်မျိုးသာသောက်ပေးပါ။

ရန်နိုင်
--------------------------------------------------------

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment