တစ်ယောက်ဘ၀ထဲ တစ်ယောက်ခိုဝင်ဖို့ကြိုးစားတဲ့အခါ သစ္စာတရားက ဘယ်လိုနံပါတ်စဉ်မှာရှိမှာလဲ…




သစ္စာတရားဆိုတာ ဆက်ဆံရေးတစ်ခုမှာ အရေးကြီးဆုံးအရာပါ။ သူငယ်ချင်းဆက်ဆံရေး၊ မိသားစု ဆက်ဆံရေး၊ လုပ်ငန်းခွင်ဆက်ဆံ ရေး၊ ချစ်သူရည်းစားဆက်ဆံရေး စသည်ဖြင့် ဘယ်ဆက်ဆံရေးမှာ မဆိုပေါ့။ အထူးသဖြင့်စိတ်ဓာတ် နေထိုင်မှုပုံစံခြင်း၊ အတွေးအမြင် အယူအဆခြင်းမတူညီသူယောကျာ်း၊ မိန်းမ ဘယ်သူမဆို တစ်ယောက် ဘ၀ထဲတစ်ယောက်က ခိုလှုံဖို့ကြိုး စားတဲ့အခါမှာ သစ္စာတရားက အရေးကြီးလှပါတယ်။ အဲဒီတော့ ကိုယ့်ချစ်သူကကိုယ့်အပေါ် သစ္စာရှိတယ်၊ မရှိဘူးဆိုတာ ဘယ်အ ချက်လေးတွေက သံသယဖြစ်ဖွယ် ထောက်ပြနေသလဲ၊ ဘယ်အချက်လေးတွေက ကိုယ့်ကိုယုံကြည်မှုရ စေသလဲဆိုတာ လေ့လာကြည့်ကြရအောင်။

သူ့သူငယ်ချင်းတွေက ကိုယ့်အကြောင်းသိကြတယ်
ချစ်သူနှစ်ဦးသား ဘယ်သူမ ဆို တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်နေတာကို သူငယ်ချင်း တွေဆီမှာဝန်ခံဖူးကြမှာပါ။ တကယ်လို့ ကိုယ်ကသူ့သူငယ်ချင်း တွေနဲ့တွေ့လို့ကိုယ့်အကြောင်း မသိဘဲ မျက်စိပျက်၊ မျက် နှာပျက်ဖြစ်နေတဲ့အခါ ပြောစရာစကားရှာမရ ရှိုးတိုးရှန်းတန်းဖြစ်နေတဲ့ အခါ ဘာကြောင့်လဲဆိုတာ သူ့ရဲ့သစ္စာတရား အပေါ် ပထမဆုံးသံသယ၀င်လိုက်ပါ။

အကြောင်းမရှိ အကြောင်းရှာဖုန်းခေါ်မယ်
ကိုယ့်ချစ်သူက ကိုယ့်ကိုအကြောင်းပြချက်မရှိ ဖုန်းခေါ်တာမျိုး ဘယ်သူမဆိုကြုံဖူးကြမှာပါ။ ပြီးတော့ 'ဘယ်သူနဲ့ရှိနေသလဲ'၊ 'ဘာလုပ်နေသလဲ'စသဖြင့် မေးခွန်းလေးတွေထုတ်မယ်။ ဒါကိုယ့်ကို ယုံကြည်မှုမရှိလို့ သံသယ၀င်နေလို့ ဖုန်းခေါ်တာမဟုတ်ပါဘူး။ ကိုယ့် ချစ်တဲ့လူတစ်ယောက် ဘာဖြစ်နေသလဲ၊ ဘာလုပ်နေသလဲ စိုးရိမ်စိတ်နဲ့ ဖုန်းခေါ်တာဖြစ်ပါတယ်။


သူ့ရဲ့တစ်နေ့တာကိုပြောပြပါလား
တစ်ယောက်အကြောင်းတစ် ယောက်ဝင်ရောက်စွက်ဖက်ပိုင် ခွင့်သိပ်ပြီးမရှိလှပေမယ့် တစ် နေ့လုံးမတွေ့ရတဲ့အခါ၊ ဖုန်းမပြော ဖြစ်တဲ့အခါ၊ စကားမပြောဖြစ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘာလုပ်နေကြမလဲဆိုတာ သိချင်ကြမှာ သဘာဝကျပါတယ်။ အဲဒီအတွက် စကားပြော ဖြစ်တဲ့အခါမေးကြမယ်။ တစ်ခါတရံကိုယ်မေးလိုက်တဲ့မေးခွန်းက ကိုယ်တိုင်သတိမထားမိလောက်အောင် သံသယသံလေး အနည်းငယ် ပါဝင်နေပါလိမ့်မယ်။ အဲဒါ ကြောင့်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ပါ။ တစ်ခါတရံမှာတော့ တချို့သော ချစ်သူရည်းစားတွေက ကိုယ်ကမမေးပေမယ့် ကိုယ့် တစ်နေ့တာကို စီကာပတ်ကုံးပြောပြနေပါလိမ့်မယ်။ ဒါက 'သူ့ကို မစိုးရိမ်ပါနဲ့'လို့ သွယ်ဝိုက်ဖော်ပြနေတဲ့သူ့ရဲ့သစ္စာတရားဖြစ်ပါတယ်။

သူ့ရဲ့မျက်ဝန်းတွေ
ယောကျာ်းလေး အများစု မိန်းကလေးအများစုက ချောမောလှပတဲ့ ရုပ်ဖြောင့်တဲ့ မိန်းကလေး၊ ယောကျာ်းလေးတွေ ကို မြင်တဲ့အခါ မျက်လုံးကစား တတ်ကြတာသဘာဝပါ။ စိတ် အနှောင့်အယှက်တော့ မဖြစ်လိုက် ပါနဲ့။ လူတစ်ယောက်ရဲ့ သဘာဝ မို့လို့ပါပဲ။ ဒါပေမဲ့ ကိုယ်တစ် ယောက်လုံးကားမှာပါလာပါလျက် နဲ့ အိနြေ္ဒပျက်လောက်အောင် ကြည့်တတ်တယ်ဆိုရင်တော့ သူ့ရဲ့ ဖျောက်ဖျက်မရတဲ့ ဗီဇကိုအနည်း ငယ်ပြန်စဉ်းစားဖို့လိုလာပါပြီ။

ကိုယ့်ကိုသာကျေနပ်ပျော်ရွှင်စေချင်တယ်
'ဒီနေ့ဘယ်လိုနေသလဲ' … သူ့ရဲ့အသွင်အပြင်၊ ၀တ်စားဆင်ယင်ပုံနဲ့ပတ်သက်ပြီး ကိုယ့်အမြင်ကို မေးလာတဲ့မေးခွန်းက သူ့ရဲ့သွင်ပြင်က ကိုယ်တစ်ယောက် တည်းကျေနပ်ပျော် ရွှင်စေဖို့အတွက်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါ တယ်။ ဘယ်သူ့အတွက်မှမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်းကို ကျေနပ်ပျော်ရွှင်စေဖို့ ကြိုးစား တဲ့ သူ့ရဲ့သစ္စာတရားပါ။


ဖုန်းလာတဲ့အခါ
ဒါကတော့ ဘယ်သူမဆိုကြုံ ဖူးကြတဲ့သဘာဝပါ။ ကိုယ့်ချစ်သူက ဖုန်းလာတဲ့အခါ ကိုယ့်ရှေ့မှာ မဖြေဘဲ တခြားကွယ်ရာမှာဖုန်း ပြောနေမယ်။ ကိုယ်မကြားအောင် တိုးတိုးတိတ်တိတ်ပြောမယ်။ ဒါမျိုး က ချစ်သူရည်စားတွေအတွက် အလွန်သံသယ၀င်စရာကောင်းတဲ့ အသည်းယားစရာအဖြစ်အပျက်ပါပဲ။ ဒါမျိုးထပ်ကာတလဲလဲကြုံလာ ရင်တော့ ပွင့်ပွင့်လင်းလင်းမေးပြီး ပြန်သုံးသပ်ဖို့ကောင်းနေပါပြီ။

သူ့ရဲ့ဖုန်း၊ ကွန်ပျူတာကို ကြည့်ခွင့်ပေးမယ်
ကိုယ့်ချစ်သူက ကိုယ့်ဖုန်း၊ ကွန်ပျူတာကိုကြည့်ဖို့တောင်းဆိုတဲ့အခါ အသာတကြည်ခွင့်ပြုမယ် ဆိုရင်တော့ ပြဿနာမရှိပါဘူး။ သံသယဖြစ်စရာ အချက်အလက်တွေကိုကြိုတင်ရှင်းထုတ်ထားသလားလို့ မေးစရာရှိပါတယ်။ ဒါက တော့ ကိုယ့်ခံစားချက်အပေါ်သာ မူတည်ပါတယ်။ ဘယ်သူကများ ဖုန်းကို အမြဲတစေ သတိထားနေ မှာပါလဲ။

အနာဂတ်အကြောင်းပြောမယ်
သူ့ရဲ့ဘ၀ရှေ့ရေးအကြောင်း ပြောဆိုတဲ့အခါ သူပြောသမျှ အစီ အစဉ်အတိုင်းနီးပါးမှာ ကိုယ်ပါနေမယ်။ ဒီလိုမှမဟုတ်ဘဲ သူ့ဘ၀ကို ဘယ်အခြေအနေရောက်အောင် ဘယ်လိုလုပ်မယ်ဆိုတာသာတွင် တွင်ပြောနေရင်တော့ ပြန်စဉ်းစား ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ်ဘယ် အဆင့်မှာ ချန်ထားခဲ့တာလဲ၊ ကိုယ်က ဘယ်အတိုင်းအတာလောက် အထိပဲအရေးကြီးသလဲ…။

စကားများရန်ဖြစ်တဲ့အခါ
ပဋိပက္ခတစ်ခုဖြစ်တဲ့အခါ စကားများရန်ဖြစ်ခြင်းကလည်း သံယောဇဉ်မေတ္တာပမာဏကိုဖော် ပြပေးနေတဲ့ပြယုဂ်တစ်ခုပါ။ တစ် ယောက်နဲ့တစ်ယောက် အတိုင်းအ တာတစ်ခုအထိ စိတ်ကျေနပ်မှုရ အောင်ကြိုးစားနေတာမျိုးပေါ့။ ဒါမှမဟုတ် စကားများရန်ဖြစ်တဲ့အခါ သူ့ဘက်က အလွယ်တကူအ လျှော့ပေးတတ်ရင်တော့ ဒါသူ့ စိတ်ထဲမှာ တစ်စုံတစ်ခုရှိနေသလားဆိုတာ သံသယ၀င်ဖို့ကောင်းပါပြီ။
 #Whitney

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape
<3 စိတ်ရွှင်လန်းဖို့စာဖတ်စို့ <3 သူ့စိတ်ကိုယ့်စိတ်အေးမြအရိပ်ရှိတ်ပ်
<3 WeLoveShape
#Shape #Entertainment #Journal
#Model #Actress #Miss #Singer #Mister #Actor #Celebrity #Academy #Movie #Music #Kpop #Travel #Meal #Car #Phone #Game #Interview #Love #Story #News #Beauty #Fashion #Health #Lifestyle #Relationship #Shopping
<3 အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ
<3 Every Weekly <3 Saturday <3 ရှိတ်ပ်

 

Share on Google Plus

0 comments:

Post a Comment