Facebook,
Instagram, Twitter တို့လို Social Network တွေ လူသုံးများလာတာနဲ့အတူ ရေပန်းစား လာတာကတော့ Selfie ရိုက်တာပါပဲ။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ
အနည်းအများတော့ Selfie ရိုက်ကြမှာပါ။ ဓာတ်ပုံရိုက်ကွင်းတွေ၊
အပြင်သွားတဲ့အခါ၊ ပွဲတက်တဲ့အခါ မိတ်ကပ်လိမ်းခြယ် နည်းတွေရှိသလို Selfie ရိုက်သူများအတွက် မိတ်ကပ်ပြင်ဆင်ပုံနည်းလမ်းလေးတွေလည်း
ရှိပါတယ်။ အဲဒီတော့ Selfie ရိုက်တဲ့အခါ အလှဆုံးဖြစ်စေဖို့ ဘယ်လိုမိတ်ကပ်ပြင်ဆင်ကြမလဲ…
နေရောင်ကာလိမ်းဆေး အသုံးပြုခြင်းရှောင်
ဘယ်နေရာဘယ်အချိန်ရောက်ရောက်
နေရောင်ကာလိမ်းဆေးလိမ်းဖို့တိုက်တွန်းကြပေမယ့် Selfie ရိုက်တဲ့အခါ နေရောင်ကာကွယ်ဆေးအသုံးမပြုဖို့လိုပါတယ်။
နေရောင်ကာကွယ်ဆေးက လှပတဲ့ Selfie
ကို ပျက်စီးစေပါလိမ့်မယ်။
Physical Sunscreen မှာပါဝင်တဲ့ Titanium Oxide, Zinc Oxide တွေက ကင်မရာမှာထင်ရှားနေပြီး
မျက်နှာကိုကြည့်ရဆိုးစေပါလိမ့်မယ်။ လိမ်းမယ်ဆိုရင်တော့ ဓာတုပစ္စည်း နဲ့လုပ်ထားတဲ့ Chemical
Sunscreen
ကိုသာသုံးပေးပါ။
အဆီမပြန်တဲ့မိတ်ကပ်
မိတ်ကပ်ရွေးချယ်မှုကလည်းအရေးပါပါတယ်။
Selfie သမားများအနေနဲ့ မိတ်ကပ်အခြောက် ကိုသာ သုံးပေးပါ။ အဆီပါဝင်တဲ့မိတ်ကပ်ဟာ အလင်းပြန်ပြီး
မျက်နှာကို မညီမညာဖြစ်စေပါတယ်။ နောက်ထပ် မျက်နှာကိုပုံစံကျစေတဲ့ တောက်ပတဲ့ အမှုန်တွေကလည်း
မျက်နှာပြင်ကိုပိုပြီး ထင်ရှားသွားစေတဲ့အတွက် အဆီမပါဝင်တဲ့မိတ်ကပ်အခြောက်သာသုံးပါ။
မိတ်ကပ်အောက်ခံ
မိတ်ကပ်အောက်ခံသုံးဖို့လိုပါတယ်။
မိတ်ကပ်အောက်ခံက အသားရောင်မညီညာခြင်း မျက်နှာပြင်အား နည်းချက်တွေကိုဖုံးဖိပေးနိုင်ပါတယ်။
ဒါ့အပြင် အပေါ်ကလိမ်းထားတဲ့မိတ်ကပ်ကိုညီညာစေပြီး Selfie ရိုက်တဲ့အခါ အပြစ်ကင်းစင်လှပစေပါလိမ့်မယ်။
ကွန်ဆယ်လာသုံးပါ
မျက်ကွင်းညိုသူများ
မျက်နှာပေါ်မှာအားနည်းချက်ရှိသူများ Concealer သုံးဖို့ဘယ်တော့မှမမေ့ပါနဲ့။ ကွန်ဆယ်လာသုံးတဲ့အခါ
မျက်နှာပြင်ပေါ်မှာသေချာပျံ့နှံ့အောင်လိမ်းပေးဖို့လိုပါတယ်။
သဘာဝအလင်းရောင်
မိတ်ကပ်လိမ်းတဲ့အခါ
အရေးကြီးဆုံးက သဘာဝအလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ လိမ်းပေး ဖို့လိုပါတယ်။ အခန်းတွင်းအလင်းရောင်က
မိတ်ကပ်မညီညာဖို့များတဲ့အတွက် ကိုယ်တိုင်လိမ်းတဲ့အခါ သဘာဝအလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ
မိတ်ကပ်လိမ်းပေးပါ။ အဲဒါမှ မိတ်ကပ်မညီညာပြီး Selfie ရိုက်တဲ့အခါ အဆင်ပြေလှပစေပါလိမ့်မယ်။
ပေါင်ဒါအရောင်ရွေးချယ်ရာဝယ်
မိတ်ကပ်ရွေးချယ်လိမ်းရုံနဲ့မပြီးပါဘူး။
မိတ်ကပ်ကိုအဆုံးသတ်ခြယ်သမယ့် ပေါင်ဒါအရောင်ကလည်း အရေးပါပါတယ်။ ပေါင်ဒါအများစုမှာ မျက်နှာကိုလင်းလက်တောက်ပစေတဲ့
Crystal အမှုန်လေးတွေ ပါတဲ့အတွက် Selfie ရိုက်တဲ့အခါ အဆင်မပြေဖြစ်စေပါလိမ့်မယ်။ အကောင်းဆုံးကတော့
အသားရောင်နဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် အ၀ါရောင်ကိုသာ ရွေးချယ်သုံးစွဲပါ။
မျက်ဝန်းကိုခြယ်သရာဝယ်
Selfie ရိုက်တဲ့အခါ
အဓိကကျတာကတော့ မျက်ဝန်းပဲဖြစ်ပါတယ်။ လှပပြီးဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းလေး ပိုင်ဆိုင်ဖို့
မျက်ဝန်းထောင့်အတွင်းဘက် မျက်ခုံးရိုးအောက်ဘက်ကို အသားပေးခြယ်သပါ။ အချိန် သတ်မှတ်ပြီး
Selfie ရိုက်သူများအနေနဲ့ ဓာတ်ပုံရိုက်နေစဉ်အတွင်း မျက်လုံးမမှိတ်သွားစေဖို့ အချိန်ပြည့် ကာနီးမှ
မျက်လုံးကိုဖွင့်လိုက်ပါ။ မျက်ဝန်းအလှကိုပိုပြီး စူးရှပေါ်လွင်စေပါလိမ့်မယ်။
မျက်ခုံးအရေးကြီးတယ်
Selfie ထဲမှာ
အလှပဆုံးဖြစ်နေစေဖို့ မျက်ခုံးတွေကတိကျပေါ်လွင်နေဖို့လိုပါတယ်။ အဲဒါကြောင့် မျက်ခုံးတွေကို
တိကျစွာပုံဖော်ခြယ်သပေးပါ။ အရောင်ရွေးချယ်မှုအနေနဲ့ နက်မှောင်တဲ့အရောင်မျိုးရွေးချယ်သုံးစွဲပါ။
မျက်နှာကိုတိကျစွာပုံဖော်ပါ
ကိုယ်တိုင်ရိုက်တဲ့ဓာတ်ပုံဖြစ်တဲ့အတွက်
Camera ကို လိုသလိုချိန်ဆနိုင်ပေမယ့် မျက်နှာကို လိုအပ်သလိုပုံသွင်းပေးဖို့လိုပါတယ်။
Blush, Bronzer တို့ကို လိုအပ်တဲ့နေရာမှာ သဘာဝကျကျသုံးပေးခြင်းက လှပပြီးထူးခြားတဲ့
Selfie ကိုရရှိစေမှာဖြစ်ပါတယ်။
ဝဿန်
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment