အရပ်ရှည်တယ်ဆိုတာ
လူတစ်ယောက်ရဲ့ ကိုယ်အင်္ဂါရပ်တစ် ခုပါပဲ။ အရပ်ရှည်ခြင်းက လူတစ် ယောက်သူ့ကိုယ်သူ ဘယ်လိုခံစားရစေတယ်ဆိုတဲ့
ကျေနပ်မှုကိုပေးပါတယ်။ အရပ်ပုသူတွေ အထူးသဖြင့် အမျိုးသားတွေအတွက် သူတို့အရပ်အမောင်းကြောင့်
ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုလျော့နည်းတတ်ပါတယ်။ အရပ်ရှည်ခြင်းပုခြင်းက ခန္ဓာကိုယ်အတွင်းကြီးထွားမှုဟို
မုန်း (HGH)နဲ့ ဆိုင်ပါတယ်။ HGH ကို ဦးနှောက်အတွင်းမှာရှိတဲ့ ပစ်ကျူတရီဂလင်းလေးတွေက
ထုတ်လုပ်ပေးပြီး အရိုးများရှည်လျားဖို့ ကြီးထွားဖို့မှာအသုံးဝင်ပါတယ်။
ဆေးလိပ်သောက်ခြင်း၊
ကိုယ်ဝန်ဆောင်ကာလ ဂရုစိုက်မှုအားနည်းခြင်းတွေ၊ မွေးဖွားလာစဉ် ကျန်းမာရေးအခြေအနေတွေကလည်း
လူတစ်ယောက်ရဲ့အရပ်အ မောင်းကို ဆုံးဖြတ်ပေးပါတယ်။ လူတော်တော်များများကတော့ အရွယ်ရောက်လာတဲ့အခါ
အရပ် မရှည်နိုင်တော့ဘူးလို့ထင်ကြပါ တယ်။ ဒါပေမဲ့ အသက် ၁၈ နှစ် ကျော်သွားသည့်တိုင်အောင်
'လက် မ'အနည်းငယ်ရှည်နိုင်ပါတယ်။ အဲဒီ တော့အရပ်ရှည်ဖို့ ဘ၀နေထိုင်မှုပုံစံ ကိုဘယ်လိုပြောင်းလဲကြမလဲ။
ဂျင်ဆင်း
အာယုဒေ၀ကျမ်းစာအရ
အိန္ဒိယဂျင်ဆင်းက အရည်ရှည်ဖို့ အထောက်အကူပြုပါတယ်။ ဂျင် ဆင်းမှာ အရိုးတွေကို ရှည်လျားပြီး
သိပ်သည်းသန်မာစေတဲ့ သတ္ထုဓာတ်တွေပါဝင်နေပါတယ်။ ဂျင် ဆင်းအမှုန့်လက်ဖက်ရည်ဇွန်း(၂) ဇွန်းခန့်ကို
နွားနို့နွေးနွေးတစ်ခွက်နဲ့ ရောစပ်ပြီး ညအိပ်ရာမ၀င်ခင်မှာ ၄၅ ရက်ခန့် ပုံမှန်သောက်ပေးပါ။
နို့
နို့မှာ အရိုးများသန်မာမှုကို
ထောက်ပံ့ပေးတဲ့ ကယ်လ်ဆီယံြွကယ်ဝစွာပါဝင်ပါတယ်။ ကယ်လ် ဆီယံက အရိုးများကို ရှည်လျား
စေပါတယ်။ ဗီတာမင် A လည်း ပါဝင်တဲ့အတွက် ခန္ဓာကိုယ်တစ်ခု လုံးရဲ့ကျန်းမာရေးကို ထောက်ပံ့
ပေးပါတယ်။ အရပ်ရှည်ဖို့ နွားနို့ စစ်စစ်ကို နေ့စဉ် ၂ခွက် ၃ခွက် ခန့် ပုံမှန်သောက်ပေးပါ။
နွားနို့ အပြင် ဒိန်ခဲ၊ ဒိန်ချဉ်တွေကလည်း အရပ်ရှည်ခြင်းကိုအထောက်အကူဖြစ်စေပါတယ်။
ယောဂကျင့်စဉ်
အရပ်ရှည်ဖို့
ယောဂကျင့်စဉ် ကလည်းအရေးပါပါတယ်။ ယောဂ ကျင့်စဉ်က ခန္ဓာကိုယ်တွင်းကြီး ထွားမှုဟိုမုန်းတွေကို
ပုံမှန်လည် ပတ်စေပါတယ်။ စိတ်ဖိစီးမှုကိုကင်း စင်စေတဲ့အတွက် နောက်ကျော ကြွက်သားများတင်းမာကိုက်ခဲမှုကို
လျော့စေပါတယ်။
အကြောဆန့်လေ့ကျင့်ခန်း
အကြောဆန့်ခြင်းကလည်း
အရပ်ရှည်ဖို့နောက်ထပ်နည်းလမ်း ကောင်းတစ်ခုပါပဲ။ ခြေဖ၀ါးပေါ် အသေအချာရပ်ပြီး အကြောဆန့်
လေ့ကျင့်ခန်းလုပ်ပေးပါ။ နေ့စဉ် ပုံမှန်အကြိမ်များများလုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကြွက်သားတွေကို
ပြေလျော့စေပြီး အရပ်ရှည်ခြင်း ကိုအထောက်အကူပေးပါလိမ့်မယ်။
လေ့ကျင့်ခန်းအားကစားပုံ မှန်လုပ်ပါ
လေ့ကျင့်ခန်းအားကစားပုံမှန်
လုပ်ပေးခြင်းက အရပ်ရှည်ခြင်းကို အထောက်အကူဖြစ်စေမယ့် ခန္ဓာ ကိုယ်တွင်းကြီးထွားစေတဲ့
ဟိုမုန်း တွေကို ထုတ်လုပ်ပေးပါတယ်။ အရပ်ရှည်ဖို့ ထိရောက်တဲ့အားက စားကတော့ ကြိုးခုန်အားကစားပါ
ပဲ။ နေ့စဉ် မိနစ် ၃၀ ခန့်ကြိုးခုန် ပေးပါ။ ခြေထောက်နဲ့အနည်းငယ် လွတ်တဲ့အမြင့်တစ်နေရာကနေ
ဘားတန်းခုခြင်းကလည်း ကျောရိုးများနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဆွဲ ဆန့်လိုက်သလိုဖြစ်စေပြီး
အရပ် ရှည်ဖို့အထောက်အကူဖြစ်စေပါလိမ့် မယ်။ တစ်နေ့ကိုအနည်းဆုံး (၆) ကြိမ်ခန့်၊ တစ်ကြိမ်ကို
(၁၀)စက္ကန့် ဘားတန်းခိုနိုင်ပါတယ်။
ဘတ်စကက်ဘော၊
တင်းနစ် ကစားနည်းတွေလို ခန္ဓာကိုယ်လှုပ် ရှားရပြီး မကြာခဏခုန်ရတဲ့အား ကစားတွေကလည်း အရပ်ရှည်ဖို့
အထောက်အကူဖြစ်စေပါလိမ့်မယ်။
ပုံမှန်အနားယူပါ
ခန္ဓာကိုယ်ကအနားယူနေစဉ်မှာ
ကြီးထွားနေပြီး ကိုယ်တွင်း တစ်သျှူးများကို လည်ပတ်နေစေ ပါတယ်။ အရပ်ရှည်ဖို့အဓိကတာ ၀န်ယူတဲံ့ကာညွေမသတအံ့သမာသညန
(Human Growth Hormone (HGH) က ကောင်းမွန်စွာ အိပ်စက်အနားယူနေစဉ်အတွင်းမှာ သာထုတ်ပေးပါတယ်။
နှစ်ခြိုက် စွာအိပ်ပျော်နေစဉ်မှာ ဦးနှောက်က အနားယူနေပြီး ခန္ဓာကိုယ်ကြီးထွား စေတဲ့ ဟိုမုန်းဓာတ်တွေပိုထုတ်
လုပ်ပေးပါတယ်။ အိပ်စက်အနား ယူချိန်နည်းပါးတဲ့အခါ ဟိုမုန်းထုတ် လုပ်မှုနည်းပါးသွားပြီး
အရပ်ရှည်ဖို့ ကိုအနှောင့်အယှက်ဖြစ်စေပါတယ်။
သင့်တင့်မျှတစွာစားပါ
ခန္ဓာကိုယ်အတွင်း
အဟာရ ချို့တဲ့ခြင်းကလည်း အရပ်မထွက် ခြင်းရဲ့ ပြဿနာတစ်ခုပါ။ သံဓာတ်၊ ဗီတာမင် C၊ မဂ္ဂနိစ်၊
ပရိုတိန်း၊ ပိုတက်စီယမ်၊ ကယ်လ်ဆီယံ၊ ဖော့စ်စရပ်တွေက အရပ်ရှည်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။
အဆိနည်းပါးတဲ့ နို့ထွက်ပစ္စည်းတွေ၊ သစ်သီး၊ ဂျုံ၊ အစေ့အဆန်တို့ကို အချိုးအစားမျှတစွာစားသုံးပေးပါ။
နေရောင်ခြည်
နေရောင်ခြည်က
အရပ်ရှည် ခြင်းကို အထောက်အကူဖြစ်စေတဲ့ ဗီတာမင် D ကိုတိုးပွားစေပါတယ်။ ခန္ဓာကိုယ်က ဗီတာမင်
D အလုံ အလောက်မရရှိတဲ့အခါ အရိုးများအားနည်းလာသလို အရပ်ရှည်ခြင်းကို အဟန့်အတားဖြစ်စေပါလိမ့်မယ်။
နေ့စဉ်နေရောင်ခြည် မိနစ် (၃၀)ခန့် ခံပေးပါ။
#ရန်နိုင်
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment