လူတွေဖျားနာသလို
ခွေးလေးတွေလည်း ဖျားနာနိုင်ပါတယ်။ ခွေးလေးတွေဖျားနာနေတာ
ကြည့်ရတာ
ခွေးချစ်သူတွေအတွက်တော့ စိတ်ထိခိုက်စရာတစ်ခုပေါ့။ အကြီးမားဆုံးပြဿနာက ခွေးလေးတွေက သူတို့ဖျားနေတယ်ဆိုတာကို
မပြောနိုင်တာပါ။ ဒါပေမဲ့ သူတို့ရဲ့ အပြုအမူလေးတွေနဲ့တောပြကြတယ်။
ဒီအပြုအမူ၊
မူမမှန်တဲ့ သင်္ကေတလေးတွေကြည့်ပြီး သူတို့ဖျားနာနေတာကို ပြောနိုင်ကြတယ်။ အဲဒီတော့ သူတို့လေးတွေ
ဘယ်လိုလက္ခဏာပြကြသလဲ။
အော့အန်မယ်
အော့အန်တာ
သူတို့လေးတွေ လျှောက်သွားရင်း လမ်းမှာတွေ့တာတွေစားမိလို့လည်းဖြစ်နိုင်ပါတယ်။ တစ်ခါတလေ
အန်တာကတော့ ခန္ဓာကိုယ်တွင်းဖြစ်စဉ်တွေက မလိုအပ်တဲ့အရာတွေကို ထုတ်ပစ်လိုက်လို့ ကောင်းတယ်လို့ပြောလို့ရပါတယ်။
ဒါပေမဲ့ တစ်ရက်အတွင်း အကြိမ်ပေါင်းများစွာ အန်နေပြီဆိုရင်တော့ သတိထားရမယ့် လက္ခဏာပါ။
အန်တာ၊ အဆိပ်မိတာ၊ ဗိုင်းရပ်ကူးစက်ရောဂါ၊ တုပ်၊ သန်၊ အသည်း၊ ကျောက်ကပ်ပျက်စီးတောတွေ
ကြောင့်ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ပြသတာ အကောင်းဆုံးပါ။
ချောင်းဆိုးနှာချေမယ်
လူတွေလိုပဲ
ခွေးလေးတွေချောင်းဆိုးတတ်ပါတယ်။ တစ်ခါတရံကောင်းပေမယ့် အမြဲတမ်းနီးပါး နှာချေ၊ ချောင်းဆိုးတာကတော့
နှလုံးရောဂါ၊ အဆုပ်ရောဂါ၊ အကြိတ်စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဝမ်းသွားမယ်
မကြာခဏ၀မ်းသွားတာက
ခွေးလေးတွေမစားသင့်တာတွေစားမိတဲ့လက္ခဏာပါ။ မြန်မြန်ပြန်ကောင်းလေ့တော့
ရှိပါတယ်။
ဒါပေမဲ့ ၀မ်းသွားတဲ့အခါ သွေးစလေးတွေပါနေရင်တော့
တိရစ္ဆာန်ဆရာဝန်နဲ့ အမြန်ဆုံးပြသတာကောင်းပါတယ်။ အဓိကအားဖြင့်တော့ ကျောက်ကပ်၊
အသည်းရောဂါ၊ ကင်ဆာ၊
ဗက်တီးရီးယား၊
ဗိုင်းရပ်ကူးစက်မှု၊ အစာအိမ်အူလမ်းကြောင်းရောင်ရမ်းတာတွေကြောင့်ဖြစ်နိုင်ပါတယ်။
အစာစားချင်စိတ်ပြောင်းလဲမယ်
လူတွေလိုပဲ
ခွေးလေးတွေက နေမကောင်းတဲ့အခါ အစာစားချင် စိတ်အပြောင်းအလဲဖြစ်တတ်ပါတယ်။ အစာစားချင်စိတ်
လျော့ကျလို့ ကိုယ်အလေးချိန်ကျတာက ကူးစက်ရောဂါ၊ အသည်း၊ ကျောက်ကပ် ပြဿနာ၊ ပြင်းထန်စွာဖျားနာတာတွေကြောင့်ဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ်အပူချိန်မြင့်လာမယ်
ခွေးလေးတွေရဲ့ပုံမှန်ခန္ဓာကိုယ်
အပူချိန်က 101ံF ကနေ 102.3ံ F ကြားပဲရှိရပါတယ်။ တကယ်လို့ 103ံF ကနေ ကျော်လွန်နေရင်တော့
အဖျားရှိနေပါပြီ။ 104.5ံ F ထက် ကျော်တဲ့အပူချိန်က
ခွေးလေးတွေရဲ့ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်ပါတယ်။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment