အသားအရေထိန်းသိမ်းဖို့ သဘာဝပစ္စည်းတွေသုံးပါ














အသားအရေဂရုစိုက်ထိန်းသိမ်းရမယ်ဆိုတာ မိန်းကလေးတိုင်းလုပ်သင့်တယ်ဆိုတာ သိတဲ့ကိစ္စတစ်ခုပါ။ ဒါပေမဲ့ skincare ပစ္စည်းတွေကဈေးကြီးပါတယ်။ ပြီးတော့ ဘယ်လိုအန္တရာယ်ရှိတဲ့ပစ္စည်းတွေပါနေမှန်း ကိုယ်သိတာမှမဟုတ်တာ။ ဒီပြဿနာတွေအတွက် အဖြေကတော့ရိုးရှင်းပြီး သဘာဝကျတဲ့ ပစ္စည်းတွေသုံးဖို့ပါ။ အဲဒီတော့ ဘာတွေဘယ်လိုသုံးကြမလဲ။

ခြေဖ၀ါးအသားမာဖယ်ရှားဖို့

မုန့်ဖုတ်ဆိုဒါက ခြေထောက်ကဆဲလ်အသေလေးတွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါနဲ့ သံလွင်ဆီကိုရေခပ်နွေးနွေးထဲရောစပ်ပြီး မိနစ်(၂၀)ခန့် စိမ်ထားပေးပါ။ ပြီးမှ ခြောက်သွေ့အောင်သုတ်ပြီး ပုံမှန်သုံးနေကျအလှဆီလိမ်းပေးနိုင်ပါတယ်။

ဝက်ခြံသမားတွေအတွက်
အထိရောက်ဆုံးက ပန်းသီးဗီနီဂါပါ။ ပန်းသီးဗီနီဂါကို ရေနဲ့ရောစပ်ပြီး မျက်နှာသစ်တိုင်းသုံးပေးရင် ၀က်ခြံကင်းစင်စေသလို ဘက်တီးရီးယား၊ မှိုရောဂါလည်းကင်းစင်စေပါတယ်။

လက်သည်းဖယောင်းလွှာတွေအတွက်
ခြောက်သွေ့နေတဲ့ လက်သည်းဖယောင်းလွှာတွေကို အုန်းဆီလေးသုံးပြီး စိုစွတ်သွားအောင် လုပ်ပေးနိုင်ပါတယ်။ ခြောက်သွေ့နေတဲ့ဖယောင်းလွှာပေါ် အုန်းဆီလေးလိမ်းပြီးခပ်ဖွဖွနှိပ်နယ်ပေးပါ။ အုန်းဆီက အချိန်အတော်ကြာ အစိုဓာတ်ဖြည့်ပေးပြီး အသားအရေကို ကြံ့ခိုင်အားဖြည့်စေပါတယ်။

ကြေးချွတ်ဖို့အတွက်
ဒိန်ချဉ်သုံးပြီး မျက်နှာပြင်ပေါ်ကဆဲလ်အသေတွေကို အလွယ်တကူကြေးချွတ်နိုင်ပါတယ်။ ဒိန်ချဉ်မှာပါတဲ့ Lectic acid က ဆဲလ်အသေတွေကိုဖယ်ရှားပေးပြီး အသားရောင်ညီညာစေပါတယ်။

ခြောက်သွေ့ကြမ်းတမ်းတဲ့လက်တွေအတွက်
နွားနို့ခပ်နွေးနွေး၊ ပျားရည်၊ ဗာဒံဆီရောစပ်ပြီး လက်ချောင်းလေးတွေကို ၁၀ မိနစ်လောက် စိမ်ထားပေးပါ။ နို့က ကြမ်းတမ်းနေတဲ့လက်ကို နူးညံ့သွားစေပြီး အစိုဓာတ်ဖြည့်ပေးပါလိမ့်မယ်။

သဘာဝအတိုင်းအသားဖြူစေဖို့
သဘာဝအတိုင်းဖြူစင်ကြည်လင်တဲ့အသားအရေပိုင်ဆိုင်ဖို့ ဒိန်ချဉ်၊ သံလွင်ဆီနဲ့ သံပုရာရည်ရောစပ်ပြီး မျက်နှာနဲ့ခန္ဓာကိုယ်အနှံ့ သုံးပေးနိုင်ပါတယ်။

နုပျိုစေဖို့
သဘာဝအတိုင်းနုပျိုလှပတဲ့ အသားအရေပိုင်ဆိုင်စေဖို့ ထောပတ်သီး၊ ပျားရည်၊ ထောပတ်သီးအဆီရောစပ်ပြီး mask အနေနဲ့သုံးပေးနိုင်ပါတယ်။
ဝဿန်
--------------------------------------------------------

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 


Share on Google Plus

0 comments:

Post a Comment