အလှအပနဲ့ပတ်သက်ပြီး
ပြောရမယ်ဆို အားလုံးမေ့လျာ့ထားကြတာက ခြေထောက်တွေပါပဲ။ မျက်နှာကိုလှပအောင် ပြင်ဆင်တယ်။
လက်သည်းခြေသည်းပြင်ဆင်တယ်။ ဒါပေမဲ့ အားလုံးလျစ်လျူရှုနေတာက ခြေထောက်သန့်ရှင်းရေးကိစ္စပါပဲ။
ခြေထောက်က လှောင်ပိတ်ထားတဲ့ဖိနပ်မျိုးဝတ်ထားတဲ့အခါ၊ လမ်းလျှောက်ပါများတဲ့အခါ ချွေးထွက်ပြီး
အဲဒီချွေးရယ် ဖုန်နဲ့ အညစ်အကြေးပေါင်းစပ်ပြီး ဘက်တီးရီးယားတွေပေါက်ဖွားကာ အနံ့ထွက်လာပါတော့တယ်။
မိုးရာသီဆိုလည်း စိုစွတ်တဲ့ဖိနပ်၊ ခြေ အိတ်ကြောင့်၊ နွေရာသီလည်းချွေးထွက်တဲ့အတွက်အနံ့အသက်ထွက်လာပါတယ်။
ခြေထောက်အနံ့ထွက်တာက အလုံပိတ်ထားတဲ့ အခန်းမျိုးမှာ ပိုပြီးသိသာစေပါတယ်။ အဲဒီတော့ အနံ့ပြင်းလွန်းတဲ့ခြေထောက်ကို
ဘယ်လိုဂရုစိုက်ထိန်းသိမ်းကြမလဲ။
ခြေထောက်နေ့စဉ်ဆေးပါ
ပထမဆုံး ခြေထောက်အနံ့ထွက်တဲ့ပြဿနာကင်းစေဖို့ကတော့
ပုံမှန်ခြေထောက် ဆေးဖို့ပါပဲ။ တစ်နေ့ကို နှစ်ကြိမ်ပိုးသတ်ဆေးဆပ်ပြာသုံးပြီး ခြေထောက်ဆေးပါ။
ခြေ ထောက်ဆေးပြီးတိုင်းလည်းအ၀တ်နဲ့သုတ်ပေးဖို့မမေ့ပါနဲ့။ ခြေထောက် ရေစိုလျက်နဲ့ ရှူးဖိနပ်၊
ခြေအိတ်မ၀တ်ဖို့သတိပြုပါ။
ဖိနပ်တစ်ရံကိုနှစ်ရက်မ၀တ်ပါနဲ့
အထူးသဖြင့်
ပူအိုက်လွန်းတဲ့နေ့တွေ၊ မိုးရွာပြီးစိုစွတ်တဲ့နေ့တွေမှာ ဖိနပ်တစ်ရံတည်းကို နှစ်ရက်ထက်ပိုပြီး
မ၀တ်မိပါစေနဲ့။ ဖိနပ်မှာ ကပ်ငြိနေတဲ့ဖုန်အညစ်အကြေးနဲ့ ခြေထောက်ကအဆီ၊ ချွေးတို့ပေါင်းစပ်ပြီး
ဘက်တီးရီးယားတွေ ပေါက်ဖွားလာနိုင်ပြီး ခြေထောက်အနံ့ထွက်နိုင်ပါတယ်။ အဲဒါကြောင့် အိမ်ပြန်ရောက်တာနဲ့
ဖိနပ် ချွတ်ပါ။ ဖိနပ်တစ်ရံကိုလည်း ရက်ပေါင်းများစွာ မ၀တ်မိဖို့သတိပြုပါ။
ပုံမှန်ကြေးချွတ်ပါ
ခြေထောက်အနံ့ထွက်တဲ့အကြောင်းရင်းတစ်ခုကတော့
ခြေထောက်မှာ ကပ်တွယ်နေတဲ့ အရေပြားဆဲလ်အသေလေးတွေကြောင့်ပဲဖြစ်ပါတယ်။ အဲဒါကြောင့် နေ့စဉ်ပုံမှန်(ဒါမှမဟုတ်)
နှစ်ရက်တစ်ကြိမ်ခန့် ကြေးချွတ်ပေးပါ။ ကြေးချွတ်တဲ့အခါ ဓာတုပစ္စည်းတွေထက် သံလွင်ဆီ၊ သကြားညိုတို့ကို
ရော စပ်ပြီးသုံးနိုင်ပါတယ်။ သဘာဝပစ္စည်းဖြစ်တဲ့အတွက် အရေပြားဆဲလ်အသေ လေးတွေကို ဖယ်ရှား
ပေးနိုင်ရုံသာမက ခြေထောက်ကိုပါ စိုပြေစေပါလိမ့်မယ်။
ဘယ်လိုဖိနပ်မျိုးရွေးချယ်မလဲ
သားရေအတုနဲ့လုပ်ထားတဲ့
ဖိနပ်တွေက လေ၀င်လေထွက်မကောင်းတဲ့ အတွက် ခြေထောက်ကို အနံ့ထွက်စေပါတယ်။ သဘာဝ ပစ္စည်းတွေနဲ့ပြုလုပ်
ထားတဲ့သားရေ၊ ချည်သားဖိနပ်တွေကတော့ ခြေထောက်ကိုလေ၀င်လေထွက် ကောင်းစေပြီး ရနံ့ထွက်ခြင်းကင်းစေပါလိမ့်မယ်။
အကောင်းဆုံးကတော့ ခြေ ညှပ်ဖိနပ်တို့လို လေ၀င်လေထွက်ကောင်းစေတဲ့ ဖိနပ်မျိုးသာဝတ်ဆင်ပါ။
ဗီနီဂါ
ခြေထောက်အနံ့ကင်းစေဖို့
ဗီနီဂါကိုလည်းအသုံးပြုနိုင်ပါတယ်။ ဗီနီဂါနဲ့ရေ အချိုးကျရောစပ်ထားတဲ့ အရည်ထဲကို ခြေထောက်
၅၊ ၁၀ မိနစ်ခန့် စိမ်ပေး ထားတာက ခြေထောက်ကအနံ့တွေကို ဖယ်ရှားပေးပါလိမ့်မယ်။ ဗီနီဂါမှာပါဝင်တဲ့
အက်ဆစ်ဓာတ်က ခြေထောက်အနံ့ထွက်စေတဲ့ ဘက်တီးရီးယားတွေကို သေစေပါလိမ့်မယ်။
ခြေအိတ်ဝတ်ဆင်ပါ
ဖိနပ်ပါး၊
ခြေညှပ် ဖိနပ်လေးတွေက ခြေ အိတ် မပါဘဲဝတ်ဆင်တဲ့အခါ ကြည့်ကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့
ခြေဖ၀ါးနဲ့ပွတ်တိုက်မှုများ လာတဲ့အခါ ခြေထောက်က အနံ့ထွက်လာပါတော့တယ်။ အဲဒါကြောင့် ခြေအိတ်အပါး
လိုမျိုးဝတ်ဆင်ပေးပါ။
ဖိနပ်အတွင်းသန့်ရှင်းပါ
ခြေထောက်ကိုသန့်ရှင်း
နေရုံနဲ့မပြီးပါဘူး။ ခြေထောက်နဲ့အမြဲထိတွေ့နေတဲ့ ဖိနပ်ကိုလည်း သန့်ရှင်းပေးဖို့လိုပါတယ်။
ဖိနပ်အတွင်းမှာလည်း ဖုန်နဲ့အညစ်အကြေးတွေက ကပ်ညိနေနိုင်ပါတယ်။ အဲဒါကြောင့် အိမ်ပြန်ရောက်တဲ့အခါတိုင်း
ဖိနပ်ကို ပိုးသတ်ဆေးပါဝင်တဲ့ Wet Tissue လိုမျိုးနဲ့ပွတ်ပြီးသန့်ရှင်းပေးပါ။
မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါကလည်း
ခြေထောက်အနံ့ထွက်ခြင်းပြဿနာကို ကင်းစင်စေပါလိမ့်မယ်။ မုန့်ဖုတ် ဆိုဒါမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက
ချွေးထွက်တဲ့အခါ ချွေးအတွင်း ပါဝင်တဲ့စံကို ဓာတ်ပျယ်သွားစေပြီး ဘက်တီးရီးယားတွေကို
သေစေတဲ့အတွက် ခြေထောက် အနံ့ထွက်ခြင်းကင်းစေပါလိမ့်မယ်။ မုန့်ဖုတ်ဆိုဒါကို ရေခပ် နွေးနွေးနဲ့
ရောစပ်ပြီး ခြေထောက်ကိုစိမ်ထားပေးပါ။ ဒါမှမဟုတ် ဖိနပ်စီးတဲ့အခါ ခြေအိတ်အတွင်းမုန့်ဖုတ်ဆိုဒါထည့်ပြီးစီခြင်းက
ခြေထောက်အနံ့ထွက်ခြင်းကင်းစေပါလိမ့်မယ်။
ပင်စိမ်းပင်
ပင်စိမ်းပင်ကလည်း
ခြေထောက်က အနံ့အသက်တွေကို ဖယ်ရှားပေး ဖို့သဘာဝဆေးဝါးတစ်လက်ပါ။ ပင်စိမ်းမှာပါဝင်တဲ့
Tannic Acid က ချွေးထွက်ခြင်း၊ ခြေထောက်အဆီထွက်ခြင်းကို သက်သာစေပြီး မှိုနဲ့ ဘက်တီးရီးယားတွေကို
ကင်းစင်စေပါလိမ့်မယ်။ ကြိတ်ထားတဲ့ပင်စိမ်း၊ ပင်စိမ်းအမှုန့်ကို ဖိနပ်စီးတဲ့အခါ ခြေအိတ်အတွင်းထည့်ပြီးစီးပေးပါ။
စပရေးဖျန်းပေးပါ
ခြေထောက်ကအနံ့အသက်တွေကို
လွယ်ကူလျင်မြန်စွာဖယ်ရှားပေး နိုင်တဲ့နည်းလမ်းတစ်ခုကတော့ အနံ့ပျောက်ဆေးဖြန်းဖို့ပါပဲ။
ဒါက အချိန်လည်းမကုန်ဘဲ အလွယ်တကူဖျန်းပေးနိုင်ပါတယ်။ သတိထားရမှာကတော့ အနံ့ပျောက်ဆေးဖျန်းပြီးတဲ့အခါ
ခြေထောက်ကိုလေ၀င်လေထွက်ကောင်းအောင် ခဏထားပေးဖို့ပါပဲ။ ဒါမှ မှိုရောဂါတို့လို ကူးစက်ရောဂါတွေပါ
ကင်းစင်စေပါလိမ့်မယ်။
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment