နာကျင်ခါးသီးမှုတွေထဲက ရုန်းထွက်ချင်တယ်ဆိုရင်…ဒီလိုနေပါ





တစ်ခါတလေ ဘ၀ဆိုတာ ဖြစ်ချင်တိုင်းဖြစ်မလာတတ်ပါဘူး။ စီစဉ်ထားတာတွေမှားကုန်တယ်။ သစ္စာဖောက်ခံရတယ်။ နာကျင်မှုတွေ၊ ခါးသီးမှုတွေနဲ့ ကျန်ခဲ့ရတယ်။ သိတဲ့အတိုင်းပဲ ဒီခံစားချက်တွေက ဘယ်လောက်ပဲအကောင်းတွေးချင်၊ မြင်ချင်ပေမယ့် ခက်ခဲပါတယ်။ ဒေါသကတောင် လူကို စွမ်းအင်တစ်ခုဖြစ်စေပေမယ့် ခါးသီးမှုကတော့ ဒီခံစားချက်ထဲမှာတင် ပိတ်မိပြီး ရှေ့ဆက်တိုးဖို့ခက်ခဲစေပါတယ်။ အဲဒီတော့ ခါးသီးမှု၊ နောင်တတွေကို ဘယ်လိုမျိုးကျော်ဖြတ်ကြမလဲ။

ကျေးဇူးတင်တတ်ဖို့ကြိုးစား

နာကျင်ခါးသီးမှုတွေနဲ့ ပိတ်မိနေချိန် ဘ၀မှာအံ့သြစရာကောင်းတဲ့အရာတွေကို မေ့လျော့နေတတ်ကြပါတယ်။ ကိုယ့်ရဲ့ကျန်းမာတဲ့ခန္ဓာကိုယ်ကို ကျေးဇူးတင်တတ်ဖို့ မေ့လျော့သွားတယ်။ သူငယ်ချင်းတွေကို ကျေးဇူးတင်တတ်ဖို့ မေ့လျော့သွားတယ်။ အဲဒီတော့ ကိုယ့်မှာရှိတာလေးနဲ့ အခုချိန်အထိ ကိုယ့်ကိုယ်ရှင်သန်နေစေတာလေးတွေကို ကျေးဇူးတင်ကြည့်ပါ။

အမှန်အတိုင်းပြော

နာကျင်ခါးသီးမှုတွေကြောင့် ကိုယ်ကတရားခံဖြစ်သွားရပါတယ်။ ဒီလိုခံစားရလေ ပိုပြီးဆိုးရွားလေပါ။ အဲဒီတော့ စိတ်ပေါ့ပါးသွားအောင် အမှန်အတိုင်းဖွင့်ပြောလိုက်ပါ။

အနာဂတ်ကိုအကောင်းမြင်

အခုချိန်မှာ ခါးသီးနာကျင်နေရလို့ တစ်သက်လုံးဒီလိုပဲခံစားသွားရမယ်လို့ မဆိုလိုပါဘူး။ ဘ၀မှာ ရှေ့ဆက်ပြီးပျော်ရွှင်စရာတွေရှိနေပါသေးတယ်။ ဒီခါးသီးမှုတွေက ခဏတာပါ။

တာဝန်ယူ

ဆုံးဖြတ်ချက်ကို နောင်တရတတ်သူတွေက တာဝန်ယူစိတ်နည်းပါးတတ်ကြပါတယ်။ အဲဒီတော့ ဆုံးဖြတ်ချက်ကြောင့် မှားယွင်းသွားတာတွေကို နောင်တမရပါနဲ့။ တာဝန်ယူတတ်ဖိ့ကြိုးစားကြည့်ပါ။

Social Media သိပ်မသုံးနဲ့

နာကျင်ခါးသီးမှုထဲ တ၀ဲလည်လည်ဖြစ်နေတဲ့အကြောင်းတစ်ခုကတော့ social media ကြောင့်ပါ။ social media တွေပေါ်က လူပေါင်းစုံရဲ့စကားလုံးပေါင်းစုံက ကိုယ့်ကိုယ်ပိုပြီးနာကျင်စေပါတယ်။

သဘာဝကိုပျော်ရွှင်

Social Media တွေကနေရုန်းထွက်လိုက်ပါ။ ဘ၀ကိုလက်တွေ့ကျကျ ပျော်ရွှင်ရယ်မောလိုက်ပါ။ စိတ်ထဲကနာကျင်မှုဝေဒနာတွေ အများကြီးမဟုတ်တောင် သက်သာသွားပါလိမ့်မယ်။

ခွင့်လွှတ်

ခွင့်လွှတ်တယ်ဆိုတာ ဒီလိုအမှားမျိုးနောက်တစ်ကြိမ်ကျူးလွန်ခွင့်ပေးတာမဟုတ်ပါဘူး။ ကိုယ့်စိတ်ကိုယ် သက်သာစေချင်လို့ခွင့်လွှတ်လိုက်တာပါ။

#ရန်နိုင်
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.mmshape.com
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
<3 စိတ်ရွှင်လန်းဖို့စာဖတ်စို့ <3 သူ့စိတ်ကိုယ့်စိတ်အေးမြအရိပ်ရှိတ်ပ်
<3 WeLoveShape
#Shape #Entertainment #Journal
#Model #Actress #Miss #Singer #Mister #Actor #Celebrity #Academy #Movie #Music #Kpop #Travel #Meal #Car #Phone #Game #Interview #Love #Story #News #Beauty #Fashion #Health #Lifestyle #Relationship #Shopping

<3 Everyday <3 Everywhere <3 ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment