အောင်မြင်မှုကိုတားဆီးပိတ်ဆို့နေတဲ့အရာလေးတွေကဘာဖြစ်မလဲ…







ဘယ်သူမဆိုအောင်မြင်မှုရနိုင်တယ်လို့ယုံကြည်ထားပါသလား။ ဒါမှမဟုတ် နေရာမှာတင်ရပ်နေပြီး ကိုယ့်ရဲ့အောင်မြင်မှုကံတရားက ကိုယ့်ဆီလာမယ့်အချိန်ကိုထိုင်စောင့်နေတာပါလား။ အောင်မြင်မှု ရတဲ့လူတွေကတော့ 'အောင်မြင်မှုဆိုတာ ကိုယ်တိုင်ဖန်တီးတည်ဆောက်ရတယ်' လို့ပြောကြတယ်။ အဲဒီတော့ အခုလက်ရှိကိုယ့်ကိုအောင်မြင်မှုကနေ အလှမ်းဝေးနေစေတဲ့အရာလေးတွေကိုလေ့ လာကြည့်ကြရအောင်။

ဘာဖြစ်မလဲ
တစ်ချို့လူတွေက အောင်မြင်မှုအတွက်အစပြုဖို့တောင်ခက်ခဲနေကြရှာပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြေအနေတစ်ခုကိုအသေးစိတ်တွက်ချက်လွန်းနေပြီး သူ့ရဲ့ဆိုးခြင်းကောင်းခြင်းတွေကို စိတ်ပူရလွန်း တာကိုး။ 'မခုန်ခင်ရှေ့ကြည့်'ဆိုတဲ့စကားပုံက တစ်ခါတလေတော့ မှန်တောင်မှန်နိုင်ပေမယ့် တစ်ခါတစ်ရံ ကျတော့ မျက်လုံးစုံမှိတ်ပြီးခုန်လိုက်တာမကောင်းဘူးလား။

ကြောက်ရွံ့မှု
ဘယ်တော့မှမကြိုးစားရင် ဘယ်တော့မှအောင်မြင်မှာမဟုတ်တော့သလို လက်လွှတ်ဆုံးရှုံးလိုက်ရတာတွေ လည်းအများကြီးပါ။ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ့်အတ္တထက်ပိုပြီးတန်ဖိုးထားမယ်ဆိုရင် အောင်မြင်မှုက အလှမ်းမဝေးပါဘူး။ ကိုယ့်ဘက်ကကြိုးစားနေလေ အောင်မြင်မှုနဲ့ပိုပြီးနီးစပ်လာလေပါ။

သတ်မှတ်ချက်နိမ့်ကျလွန်းခြင်း
လူအများစုက ရည်မှန်းချက်ပန်းတိုင်ဆိုတဲ့စကားလုံးကိုအဓိပ္ပါယ်ကောက်လွဲနေကြပါတယ်။ ရည်မှန်း ချက်ကြီးဖြစ်မြောက်ဖို့အတွက် သူသွားရာလမ်းတစ်လျှောက်က ပန်းတိုင်လေးတွေကိုမတွေးမိ သလောက် ပါဘဲ။ တကယ်တော့ ပန်းတိုင်ဆိုတာတစ်စုံတစ်ခုကိုပြောင်းလဲသွားစေတဲ့ အဆင့်တစ်ခုခုကိုရောက် ရှိသွားစေတဲ့အရာတစ်ခုပါ။ အခုသတ်မှတ်။ နောက်နေ့ပြန်ပြင်ရမယ့်အရာမဟုတ်ပါဘူး။

တာဝန်ယူမှုမရှိခြင်း
တာဝန်ယူမှုမရှိခြင်းကလည်း ကျရှုံးခြင်းရဲ့သင်္ကေတစ်ခုပါ။ အောင်မြင်မှုရနေသူတိုင်းက သူတို့ကြိုးစားနေတဲ့ လမ်းတစ်လျှောက်အောင်မြင်မှု၊ ကျဆုံးမှုသင်ခန်းစာတွေကို အောင်မြင်မှုတည်မြဲဖို့အတွက် သတ္တိရှိရှိဝန်ခံ သွားကြပါတယ်။

ဆောင်ရွက်မှုရှိခြင်း
ထီပေါက်တာကိုစိတ်ကူးယဉ်နိုင်ပါတယ်။ ဒါပေမဲ့ ထီလက်မှတ်မ၀ယ်ထားရင် ဘယ်လိုလုပ်ပြီး ထီပေါက်နိုင် ပါ့မလဲ။ အဲဒီလိုပါပဲ။ ဘ၀မှာအောင်မြင်ချင်တယ်ဆိုပြီး ကြိုးစားမှုမရှိဘဲ စိတ်ကူးသာယဉ်နေရင် ဘယ်လို မှအောင်မြင်နိုင်မှာမဟုတ်ပါဘူး။

လူတိုင်းကိုစိတ်ချမ်းသာစေဖို့ကြိုးစားတယ်
ဘယ်သူမှ ကိုယ့်ပတ်ဝန်းကျင်ကလူတွေအားလုံးကို စိတ်ကျေနပ်ပျော်ရွှင်နိုင်စေမှာမဟုတ်ပါဘူး။ အောင်မြင်မှု မှာလည်းဒီလိုပါပဲ။ ကိုယ့်ရဲ့အောင်မြင်မှုကတစ်ဘက်သူအတွက် ခါးသီးတဲ့အရာ တစ်ခုဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ တစ်ခါတစ်ရံ ကိုယ်အောင်မြင်ဖို့အတွက် လူတချို့နားမလည်နိုင် တာလေးတွေ။ မကြိုက်တာလေးတွေလုပ်ကိုလုပ်လာရမယ့်အခြေအနေဆိုတာရှိပါတယ်။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲခြင်း
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲတာကလည်း ပြဿနာတစ်ခုပါ။ ကမ္ဘာပေါ်မှာအောင်မြင်နေ ပါတယ်ဆိုတဲ့လူတိုင်း သူတို့ဘေးမှာ အကြံပေးနေတဲ့လူအနည်းဆုံးတစ်ယောက်လောက်တော့ရှိမြဲပါ။ ဘယ်သူမှ သူသိသူတတ်ကြီးမဖြစ်နိုင်ပါဘူး။

ရှင်းရှင်းလင်းလင်းအစီအစဉ်မချခြင်း
ခရီးရှည်ကြီးထွက်မယ့်လူတစ်ယောက်က မြေပုံတစ်ခုလိုအပ်သလို အောင်မြင်ချင်သူတစ်ယောက်က အစီအစဉ်တစ်ခုလိုအပ်ပါတယ်။ ဘယ်အရာကမှအစဉ်လိုက်ဖြစ်လာတယ်ဆိုတာမရှိပါဘူး။ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာက ကိုယ်တိုင်ပြင်ဆင်ရမှာပါ။

အပြောင်းအလဲကိုစိတ်အားထက်သန်ခြင်း
လူတစ်ယောက်ကအောင်မြင်မှုလမ်းကြောင်းကိုလျှောက်လှမ်းနေစဉ်တစ်ချိန်တည်းမှာပဲ ဘယ် အချိန်မှာပြောင်းလဲပစ်ဖို့လိုတယ်ဆိုတာ တွေးထားဖို့လိုပါတယ်။ ဒါလုပ်တယ်။ မအောင်မြင်ဘူး။ မအောင်မြင်တာတွေကိုပဲထပ်ခါတလဲလဲ ခေါင်းမာမာနဲ့လုပ်နေမှာလား။ တစ်ခါလောက်တော့ လမ်းကြောင်းပြောင်းကြည့်ပါ။

အောင်မြင်မှုကိုကြောက်ရွံ့တယ်
အောင်မြင်မှုဆိုတာတစ်နည်းအားဖြင့် အပြောင်းအလဲပါ။ လူတိုင်းကအောင်မြင်ချင်ပေမယ့် သေးငယ်တဲ့အပြောင်းအလဲလေးပဲဖြစ်စေ ပြောင်းလဲရမှာကိုကြောက်ရွံ့တတ်ကြပါတယ်။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment