အောင်မြင်ပျော်ရွှင်ချင်တယ်ဆိုရင်…











အောင်မြင်မှုနဲ့ပျော်ရွှင်မှု ဘ၀တစ်လျှောက်လုံး တပြိုင်တည်းရလိုက်ရင် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ..။ ငယ်ငယ်တုန်းက ကျောင်းမှာတော့ အဆင့်ကောင်းဖို့ ပညာတွေသင်ခဲ့တယ်။ သချာင်္ပညာ၊ အင်္ဂလိပ်စာ၊ ပြဿနာဖြေရှင်းနည်းတွေ..စသည်ဖြင့်ပေါ့။ ဒါပေမယ့် ကျောင်းပြီးသွားတော့ရော..။ သင်ကြးတာတွေ၊ လေ့လာတာတွေက အဆုံးသတ်သွားပြီလား။ တကယ်တော့ ကျောင်းမှာသင်ခဲ့တာလေးတွေနဲ့ ဘ၀တလျောက်လုံးအောင်မြင်၊ ပျော်ရွှင်ဖို့ဆိုတာမလုံလောက်ပါဘူး။ အဲဒီတော့ ဘ၀မှာအောင်မြင်ပျော်ရွှင်ဖို့ ဘာအရည်အချင်းတွေလိုအပ်သေးလဲ။

သပ်ရပ်သန့်ရှင်းစုစည်း
စုစုစည်းစည်းထားတတ်တာက အောင်မြင်မှုရဲ့လမ်းစပါ။ သပ်ရပ်တဲ့အိပ်ရာ၊ သန့်ရှင်းတဲ့မီးဖိုဆောင်၊ စုစုစည်းစည်းထားတဲ့စာကြည့်စားပွဲ…လူကိုအမောပြေပြီး ပျော်ရွှင်သွားစေပါတယ်။ ဒါမှလည်း ကိုယ်လုပ်တဲ့အလုပ်အပေါ်အာရုံစိုက်လို့ကောင်းမှာကိုး။

စိတ်ဝင်တစားနားထောင်လိုစိတ်
ဘယ်လောက်ပဲသိနေပါစေ တစုံတစ်ယောက်ပြောနေရင် စိတ်ဝင်တစားနားထောင်ပေးလိုက်ပါ။ ဒီလိုစိတ်ဝင်တစားနားထောင်တတ်တဲ့အကျင့်က လူတွေရဲ့အမူအကျင့်ကိုပိုပြီးနားလည်စေပါတယ်။ အဲဒီတော့ ကိုယ့်ဆက်ဆံရေးတွေပိုကောင်းလာတာပေါ့။

သဘောကျအောင်နေ
လိုက်လျောညီထွေနေတတ်တာကို ပြောတာပါ။ ကိုယ်အလုပ်ရသွားတယ်…အကြောင်းက သူတို့သဘောကျလို့ပါ။ သဘောကျစရာကောင်းတဲ့လူတွေနဲ့ ခင်မင်ခွင့်ရတယ်။ ပိုပြီးပျော်ရွှင်ရတယ်။

အသစ်တွေကိုအမြဲလေ့လာ
အောင်မြင်ဖို့နဲ့ပျော်ရွှင်ဖို့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ အသစ်အသစ်တွေကို အစဉ်တစိုက်လေ့လာနေဖို့ပါပဲ။ ပိုသိလေ ပိုမျှတနိုင်ပြီး ပိုပျော်ရွှင်ရလေပါပဲ။

အကောင်းမြင်
မကောင်းမြင်စိတ်က အထက်ကိုရောက်အောင်ခေါ်သွားမှာမဟုတ်ပါဘူး။ အကောင်းမြင်စိတ်ကသာ လူတွေကိုပိုနားလည်ပြီးဆက်ဆံရေးပိုကောင်းစေမှာပါ။

ပဋိပက္ခကို ကိုင်တွယ်နိုင်စွမ်း
ပဋိပက္ခတစ်ခုကို ဘက်မလိုက်ဘဲကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကလည်း အောင်မြင်မှုရဲ့လမ်းစတစ်ခုပါ။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက အရေးကြီးပါတယ်။ မွေးကတည်းက ပါလာတာမဟုတ်ပါဘူး။ ကိုယ်တိုင်မွေးမြူနေရတာပါ။ ကိုယ်တိုင်မှမယုံကြည်ရင် ဘယ်သူကမှယုံကြည်မှာမဟုတ်ပါဘူး။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 




Share on Google Plus

0 comments:

Post a Comment