နေ့စဉ်ဘ၀နေထိုင်မှုထဲက ခွဲထွက်ရတဲ့အလုပ်တစ်ခုဆိုရင် ခရီးထွက်တာပါပဲ။ Social Media တွေ အသုံးများတဲ့ခေတ်ကြီးမှာ ခရီးထွက်တာက ဖက်ရှင်တစ်ခုလိုဖြစ်နေပါပြီ။ ဒါပေမယ့် သေသေချာချာ ထုတ်ပိုးတတ်ရင်ပေါ့။ လိုတဲ့အရာမပါ မလိုတဲ့အရာတွေပါသွားတဲ့အခါ ခရီးထွက်ရတာ စိတ်အနှောင့်အယှက်ဖြစ်ရပါတော့တယ်။ အဲဒီတော့ ဖက်ရှင်ကျကျခရီးထွက်ဖို့ဖက်ရှင်ကျကျထုပ်ပိုးမယ့်နည်းလမ်းလေးတွေသတိထားကြည့်ရအောင်
စာရင်းလုပ်
အရေးကြီးဆုံးနည်းလမ်းပါ။ ဘယ်ကိုသွားမယ်ဆိုတာသိပြီးကတည်းက ရာသီဥတုဘယ်လို ပတ်ဝန်းကျင်ဘယ်လိုရှိတယ်ဆိုတာ ဦးဆုံးလေ့လာပြီး လိုအပ်မယ့်ပစ္စည်းတွေကို စာရင်းပြုစုဖို့ပြင်ဆင်ပါ။
လိပ်ထည့်
အ၀တ်တွေကိုလိပ်ထည့်ပါ။ ခေါက်မထည့်ပါနဲ့။ လိပ်ထည့်တဲ့အတွက် နေရာယူပိုသက်သာသွားစေပါတယ်။
တန်ဖိုးကြီးပစ္စည်းတွေ
လက်ဝတ်ရတနာ၊ ပက်စ်ပို့၊ ပိုက်ဆံစတာတွေကို တစ်ကိုယ်ရည်သုံးလက်ဆွဲအိတ်ထဲထည့်ပြီးယူသွားပါ။ ဘယ်တော့မှ အ၀တ်အိတ်ကြီးထဲထည့်ဖို့ မကြိုးစားပါနဲ့။
လေကြောင်းလိုင်းခွင့်ပြုချက်
လေကြောင်းနဲ့ခရီးထွက်မယ့်သူတွေ လေကြောင်းလိုင်းက အလေးချိန်ဘယ်လောက်ပဲခွင့်ပြုတယ်၊ ဘယ်လိုစည်းကမ်းတွေထုတ်ထားတယ်ဆိုတာ ကြိုပြီးလေ့လာဖို့လိုပါတယ်။
အ၀တ်လျှော်လို့ရတယ်
ခရီးရှည်ကြီးသွားရမှာကြောင့် နေ့စဉ်ရက်ဆက်အလိုက် အ၀တ်အစားတွေသယ်သွားစရာမလိုပါဘူး။ တည်းခိုတဲ့နေရာမှာ laundary service တွေလည်းရှိနေပါတယ်။
ခရီးသွားသုံးပစ္စည်းသာသယ်
အလှကုန်တွေကို ဗူးအကြီးကြီးတွေယူသွားစရာမလိုပါဘူး။ ခရီးသွားသုံးလောက်သာထုတ်ထားတဲ့ဘူးလေးတွေရှိပါတယ်။
#Crystal
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.mmshape.com
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
<3 စိတ်ရွှင်လန်းဖို့စာဖတ်စို့ <3 သူ့စိတ်ကိုယ့်စိတ်အေးမြအရိပ်ရှိတ်ပ်
<3 WeLoveShape
#Shape #Entertainment #Journal
#Model #Actress #Miss #Singer #Mister #Actor #Celebrity #Academy #Movie #Music #Kpop #Travel #Meal #Car #Phone #Game #Interview #Love #Story #News #Beauty #Fashion #Health #Lifestyle #Relationship #Shopping
<3 Everyday <3 Everywhere <3 ရှိတ်ပ်
0 comments:
Post a Comment