အချစ်စစ်နဲ့ဘ၀လက်တွဲဖော် ရှာတွေ့ပြီးဆိုရင်…






ဒိတ်လုပ်တာ လူငယ်ဘ၀ရဲ့ အရသာတစ်ခုပါ။ ဒါပေမယ့် အချစ်စစ်နဲ့ ဘ၀လက်တွဲဖော်ရှာဖွေတာကတော့ နောက်တစ်ဆင့်ရောက်သွားပြီပေါ့။ တစ်စုံတစ်ယောက်ကိုချစ်နေတဲ့အချိန်၊ တစ်စုံတစ်ယောက်က ကိုယ့်ကိုချစ်နေတဲ့အချိန် ခံစားရတာဘာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး။ အချစ်ကြောင့်ပဲ ပတ်ဝန်းကျင်ကို သေးသေးမွှားမွှားလေးကအစ လေးစားသတိပြုမိလာတယ်။

အကောင်းဆုံးဖြစ်လာတယ်
ဘ၀လက်တွဲဖော် အချစ်စစ်ရှာတွေ့ချိန်က ကိုယ့်အတွက်အကောင်းဆုံးလို့ ခံစားလိုက်ရတဲ့အချိန်ပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကလည်းသူ့အတွက်အရေးကြီးတယ်။ သူကလည်းကိုယ့်အတွက် အရေးကြီးတယ်။

အားလုံးကို ပိုင်ဆိုင်သွားတယ်
အချစ်စစ်ကို ရှာတွေ့လိုက်တယ်ဆိုတာအချစ်တစ်ခုတည်းတင်မဟုတ်ပါဘူး။ အကောင်းဆုံးသူငယ်ချင်း၊ မိဘ၊ မောင်နှမ အားလုံးတစ်ပြိုင်နက်ရလိုက်သလိုပါပဲ။

ပြန်ပေးတယ်
တစုံတစ်ယောက်ဆီက အချစ်၊ စိတ်ဝင်စားမှု၊ ဂရုစိုက်မှုတွေရတာကောင်းပါတယ်။ ဒါပေမယ့် ဒီခံစားချက်တွေကို ကိုယ်ချစ်တဲ့လူဆီပြန်ပေးတာ ပိုပြီးကောင်းတဲ့ခံစားချက်ပါ။

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာမယ်
အရင်ကတော့ ဘ၀ကိုဖြစ်ကတက်ဆန်း ကုန်လွန်ခဲ့တာပေါ့။ ဒါပေမယ့် အခုကိုယ့်ကိုယ် တန်ဖိုးထားတဲ့လူရှိနေတော့ ကိုယ့်ဘ၀ကိုယ်လည်းပိုပြီး တန်ဖိုးထားမြတ်နိုးတတ်လာမယ်။

ရန်ဖြစ်တယ်
သာမန်အချစ်မျိုးလောက်ကတော့ ဒါကမ္ဘာကြီးအဆုံးသတ်သွားသလိုပါပဲ။ ဒါပေမယ့် အချစ်စစ်မှာ သူလည်းနိုင် ကိုယ်လည်းနိုင် (win-win situation) တိုက်ခိုက်ကြတာပါ။

ဟန်ဆောင်စရာမလို
အချစ်စစ်ဆိုတာ အားလုံးကိုလက်ခံထားပြီးသားပါ။ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းတာ၊ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းတာတွေကို ကြိုးစားပြီး ဖုံးကွယ်နေစရာမလိုပါဘူး။

နာကျင်မှုသက်သာစေတယ်
မယုံမရှိပါနဲ့။ ခေါင်းမူး ခေါင်းကိုက်၊ နှာစေး၊ ဖျားနာနေချိန် သူ့ပုံလေးထုတ်ကြည့်ရုံ၊ သူ့လက်ကလေးကိုင်ထားရုံနဲ့တင် နာကျင်မှုဝေဒနာက တစ်ဝက်လောက်သက်သာသွားပြီဖြစ်ပါတယ်။

Whitney
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.mmshape.com
www.facebook.com/shapejournal
www.facebook.com/groups/weloveshape

https://static.xx.fbcdn.net/images/emoji.php/v9/f6c/1/16/2764.png<3 စိတ်ရွှင်လန်းဖို့စာဖတ်စို့ https://static.xx.fbcdn.net/images/emoji.php/v9/f6c/1/16/2764.png<3 သူ့စိတ်ကိုယ့်စိတ်အေးမြအရိပ်ရှိတ်ပ်
https://static.xx.fbcdn.net/images/emoji.php/v9/f6c/1/16/2764.png<3 WeLoveShape
#Shape #Entertainment #Journal
#Model #Actress #Miss #Singer #Mister #Actor #Celebrity #Academy #Movie #Music #Kpop #Travel #Meal #Car #Phone #Game #Interview #Love #Story #News #Beauty #Fashion #Health #Lifestyle #Relationship #Shopping

https://static.xx.fbcdn.net/images/emoji.php/v9/f6c/1/16/2764.png<3 Everyday https://static.xx.fbcdn.net/images/emoji.php/v9/f6c/1/16/2764.png<3 Everywherehttps://static.xx.fbcdn.net/images/emoji.php/v9/f6c/1/16/2764.png<3 ရှိတ်ပ်

Share on Google Plus

0 comments:

Post a Comment