ချစ်မိပြီဆိုသောအခါ








အချစ်ကအားလုံးကို ပြောင်းလဲသွားစေတယ်။ တစ်စုံတစ်ယောက် ကိုချစ်မိပြီဆိုရင် တစ်ချိန်ကအရေး ကြီးတယ်လို့ထင်ခဲ့သမျှ အရာအားလုံးက အရေးမကြီးတော့ပါဘူး။ ချစ်လာပြီဆို အရေးကြီးဆုံးက ကိုယ်ချစ် တဲ့သူနဲ့ အတူရှိနေဖို့ပါပဲ။ ချစ်ဖူးသူတိုင်း ဒီခံစားချက်က ဘာကိုဆိုလိုတယ်ဆိုတာသိပါလိမ့်မယ်။ ဒါကို ဘယ်လိုလုပ်ပြီးရှင်းပြနိုင်မလဲ။ အချစ်က ရူးကြောင်ကြောင်နိုင်ပါတယ်။ တစ်ခါတရံ အံ့သြစရာကောင်းပါတယ်။ ချစ်ဖူးသူတိုင်း ဒီခံစားချက်မျိုးကို သိပါလိမ့်မယ်။

သူ့ကိုမကြည့်ဘဲမနေနိုင်
ကိုယ်ချစ်သူနဲ့ တစ်နေကုန်ရှိနေပါစေ သူ့ကိုကြည့်မ၀နိုင်၊ သူ့ဆီက မျက်လုံးမခွာနိုင်ဖြစ်နေပါတယ်။ သူ့ ရဲ့အပြုံးလေးတွေ၊ သူ့ရဲ့မျက်ဝန်း၊ သူ့ရဲ့မျက်နှာပြင်လေးကို တစိမ့်စိမ့်ကြည့်မ၀နိုင် ဖြစ်နေတတ်ကြတာ ဒါချစ်ဖူးသူတိုင်း လုပ်လေ့လုပ်ထရှိကြတဲ့ အပြုအမူတစ်မျိုးပါ။

စကားမပြောရမနေနိုင်
ဘယ်လောက်ပဲ အလုပ်တွေများနေပါစေ၊ ဘယ်လောက်ပဲအချိန် မပေးနိုင်ဖြစ်နေပါစေ။ သူနဲ့စကား ပြောလိုက်ရတဲ့ခဏတာလေးက ကိုယ့်အတွက်ကြည်နူးစရာအတိဖြစ်နေပါတယ်။ ဘယ်လောက်ပဲ ပတ်ဝန်း ကျင်နဲ့ကင်းကွာနေပေမယ့် သူနဲ့ဆုံတဲ့အခါ သူနဲ့စကားပြောတဲ့အခါ အကြောင်းအရာလေးတွေက ပြောလို့မ၀ နိုင်ဖြစ်နေပါတယ်။ စကားပြောနေရင်း အချိန်မကုန်မှန်းမသိ လျင်မြန်စွာကုန်သွားရလေ့ရှိပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ဝေးနေချိန် …
အချိန်နာရီပိုင်း ခဏလေးဖြစ်နေပါစေ၊ သူကိုကျောခိုင်းပြီး အိမ်ပြန်တဲ့ခဏတာအချိန်လေးက ရင် ကိုမောပန်းပြီး အင်အားချိနဲ့သွားစေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဝေးနေချိန်မှာ ဒီအချိန်ဆို သူဘာလုပ်နေမလဲ။ အိပ်နေပြီလား… စတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ထဲရင်လေးစရာ ဖြစ်နေပါတယ်။ စိတ်မချတဲ့ခံစားချက်မဟုတ်ပါဘူး။ အချစ်ရဲ့ခံစားချက်တွေပါ။

သူ့ရဲ့ကိုယ်သင်းရနံ့လေးတွေ
ဒါက ချစ်ဖူးသူတိုင်းသာ ခံစားဖူးကြမယ့်အတွေ့အကြုံပါ။ သူ့ဆီကရတဲ့ ကိုယ်သင်းရနံ့လေးတွေ ရေမွှေးရနံ့ဖြစ်စေ နောက်ဆုံးဆေးလိပ်ရနံ့၊ ကွမ်းရနံ့လေးတွေက ကိုယ့်ရဲ့ရင်ထဲ နွေးထွေးပြီးကြည်နူး သွားစေပါတယ်။ လမ်းသွားရင်း သူနဲ့အတူရနံ့မျိုးကြောင့် 'သူလား' ဆိုပြီး ရှာဖွေမိတဲ့ကိုယ့်ရဲ့မသိစိတ် က ကိုယ့် ကိုယ် ကိုယ် တိတ်တခိုး ကြည်နူးသွားရစေပါတယ်။

စိတ်တွေပျံ့လွင့်နေမယ်
သူမရှိတဲ့အချိန် သူနဲ့ဝေးကွာနေချိန် ပတ်ဝန်းကျင်၊ အလုပ်ကို အာရုံစိုက်ဖို့ဆိုတာ တော်တော်ခက်ခဲတဲ့ကိစ္စ တစ်ခုပါ။ ဘယ်လောက်ပဲ သူငယ်ချင်းတွေဘေးကထိုင်ပြီး စကားတွေပြောနေပါစေ သူ့ရဲ့အတွေးတွေက တစ်ချိန်လုံးလူကို စိုးမိုးထားပါတယ်။ ပြက္ခဒိန်စာရွက်တွေသာ တစ်ရွက်ချင်းရေတွက်ရင်း သူနဲ့ဆုံမယ့်အချိန်ကို မျှော်လင့်တောင့်တနေမိပါတယ်။

သူ့အနားရှိနေချိန်
သူ့အနားမှာရှိနေတဲ့အခါမှာတော့ ပတ်ဝန်းကျင်ကအရာအားလုံးက ပိုပြီးလှပလာပါတယ်။ ရုပ်ရှင်အတူ ကြည့်နေချိန်မှာ ဟသဇာတ်ကားကလည်းပိုပြီး ရယ်ရလာမယ်။ အတူစားတဲ့ မုန့်လေးတွေက ပိုပြီးစားလို့ ကောင်းလာပါတယ်။

သူ့အကြောင်း မသိရမနေနိုင်…
ကိုယ်ချစ်တဲ့လူတစ်ယောက်အကြောင်း အစအဆုံးသိချင်ကြတာ လူတိုင်းသဘာဝပါ။ ကိုယ့်ချစ်သူ ငယ်ငယ်တုန်းက ဘယ်လိုအကျင့်မျိုးရှိခဲ့တယ်။ ဘယ်သူတွေနဲ့ ပေါင်းသင်းခဲ့တယ် ဆိုတာလေးတွေ သိချင်ကြမှာပါ။ ဒါစုံစမ်းချင်၊ စပ်စုချင်တဲ့ စိတ်ကြောင့်မဟုတ်ပါဘူး။ ချစ်တဲ့စိတ်ကြောင့်ပါ။

တစ်ယောက်နားတစ်ယောက် ထာဝရရှိချင်နေမယ်
တစ်ယောက်နဲ့တစ်ယောက် ချစ်ပြီဆိုမှတော့ အဆုံးသတ်က တစ်ယောက်အနားတစ်ယောက်ရှိ နေဖို့ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီဖို့မဟုတ်ပါလား။ ကမ္ဘာကြီးမှာ ဘာတွေဖြစ်ပျက်နေပါစေ သူ့အနားမှာ သာလျှင်ရှိနေချင်တာ ချစ်သူတွေရဲ့ခံစားချက်ပါပဲ။

Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment