အနုပညာရှင်နဲ့ မီဒီယာကြားမှာ ဘယ်သူနဲ့ ဘယ်သူရယ်လို့ နားလည်မှုနဲ့ အမှန်တရားလေးတစ်ခုရှိသင့်တယ်ထင်တယ်… ခိုင်သဇင်ယုဝါ




ညီမက အမေအတွက်ဆိုရင် ဘယ်လိုသမီးမျိုးလဲ

အမေ့အတွက် သမီးဆိုရင် အမေကတော့ သမီးကိုစိုးရိမ်တယ်။ ဒါပေမဲ့ သမီးစိတ်ထဲမှာ အပြင်က သာဆိုးရင်ဆိုးလိမ့်မယ်။ ဒါပေမဲ့ အမေက နံပါတ်(၁)။ အမေ့မျက်နှာညှိုးရင် မနေနိုင်တဲ့သမီးမျိုးပေါ့နော်။ အမေ့မျက်နှာညှိုးရင်၊ စိတ်ဆင်းရဲရင် သမီးမနေနိုင်ဘူး။ ဥပမာ အမေတစ်ခုခုလိုချင်တောင့်တလို့ ပါးစပ်က ပြောလိုက်တယ်ဆိုရင်တောင် သမီးအဲဒါလေးကိုရအောင်ဖြည့်ဆည်းပေးချင်တယ်။ အကယ်၍ ချက်ချင်းမဖြေရှင်းပေး နိုင်ရင်တောင် တစ်နေ့နေ့တစ်ချိန်ချိန် ငါ့အမေ ဒါမျိုးဖြစ်စေရမယ်ဆိုတဲ့ ညီမရဲ့အိပ်မက်တွေရှိတယ်ပေါ့နော်။ ညီမ အဲဒီအိပ်မက်တိုင်းကိုလည်း အမြဲတမ်း အကောင်အထည်ဖော်ခဲ့ပါတယ်။

ညီမတို့က အမြွာညီအစ်မဆိုတော့ညီမတို့ရဲ့ အနုပညာ လှုပ်ရှားမှုလေးတွေ၊ တစ်ယောက်နဲ့ တစ်ယောက်ချိတ်ဆက်ပြီးလုပ်ဖို့တွေရော စိတ်ကူး မျှော်လင့်ချက်လေးတွေ၊ ဥပမာ အမြွာဇာတ်ကား ရိုက်မယ်။ အဲဒါမျိုးလေးတွေ မျှော်လင့်ထားတာ၊ ကိုယ့်ဘာသာစိတ်ကူးထားတာလေးတွေများ ရှိပါသလား။

ကိုယ့်ကိုယ်ကိုယ်တော့ ညီမငယ်ငယ်ကတည်းက မျှော်လင့်ခဲ့ဖူးတယ်ပေါ့နော်။ အမေ့ရဲ့မျှော်လင့်ချက် ဆိုရင်လည်း မမှားဘူး။ ညီမတို့ ညီအစ်မနှစ်ယောက်လုံးက ငယ်ငယ်ကတည်းက၊ ငယ်ငယ်ကတည်းကဆိုတာ မော်ဒယ်စလုပ်ကတည်းက အနုပညာလုပ်ငန်း စ၀င်ကတည်းက ညီမတို့မှာအိပ်မက်တွေရှိတယ်။ အြွမာလည်းဖြစ်တဲ့အတွက်ကြောင့် မြန်မာပြည်မှာ တကယ့်အြွမာအစစ်နဲ့ ကားရိုက်တယ်ဆိုတာမရှိဘူး။ ညီမစိတ်ထဲမှာ စိတ်ကူးယဉ်ထားတာက ညီမတို့ အမြွာညီအစ်မနှစ်ယောက်ဇာတ်ပြိုင်ကလေးပေါ့။ တည့်တဲ့ ကားဖြစ်စေ၊ မတည့်တဲ့ကားဖြစ်စေ ဇာတ်ပြိုင်ကလေးပေါ့။ ညီမနှစ် ယောက်လုံးမှာ ရိုက်ချင်တဲ့ဆန္ဒလေး တော့ရှိပါတယ်။

ညီမအခုအနုပညာလောကထဲမ၀င်ခင် ငယ်ငယ်ကပေါ့ ညီမရဲ့မျှော်လင့်ချက်၊ ဒီလိုတစ်နေ့ အနုပညာလောကထဲမှာ လျှောက်လှမ်းမယ်လို့ ရည်ရွယ်ချက်ရှိခဲ့တာလား။ ဒါမှမဟုတ် မမျှော်လင့်ဘဲ ဖြစ်လာခဲ့တာလားဆိုတာ သိချင်ပါတယ်…

မမျှော်လင့်ဘဲဖြစ်ခဲ့တယ်လို့ ပြောရမယ့်ပုံစံရှင့်။ ညီမငယ်ငယ်ကတည်းက လေယာဉ်မယ်ဖြစ်ချင်တယ်။ လေယာဉ်မယ်ကတစ်ဆင့် လေယာဉ်မောင်းတဲ့ Pilot ဖြစ်ချင် တယ်ပေါ့။ ဒါက ညီမရဲ့အိပ်မက်ပေါ့။ ငယ်ငယ်လေး ကတည်းက မက်ခဲ့တယ်။ အခုချိန်ထိလည်း ဒီအိပ်မက် ရှိနေပါတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ အကြောင်း အမျိုးမျိုးကြောင့် အခုလေယာဉ်မယ်သင်တန်းတက်ဖို့ မော်ဒယ်သင်တန်းစတက်တယ်။ အဲဒီကနေမှတစ်ဆင့် မတင်မိုးလွင်က ညီမတို့နှစ်ယောက်ကိုချစ်လို့ဆိုပြီး မြေတောင်မြှောက်ပေးခဲ့တယ်။ ဆိုလိုတာကတော့ မမျှော်လင့်ဘဲဖြစ်လာခဲ့တယ်ပေါ့။

ညီမရဲ့ဘ၀မှာအနုပညာလောကမှာဖြစ်ဖြစ်၊ ပြင်ပလောကမှာဖြစ်ဖြစ် စံပြပုဂ္ဂိုလ်ရှိလား။ ရှိရင်ဘယ်သူဖြစ်မလဲဆိုတာလေးသိချင်ပါတယ်…

အနုပညာလောကမှာနဲ့ ပြင်ပလောကမှာဆိုရင် ညီမစံပြထားတယ်ဆိုတာမရှိပါဘူး။ ညီမကစံပြထားတယ် ဆိုတာထက် အတုယူတာပိုများတာပေါ့။ စံပြတစ်ယောက် တည်းမထားဘူး။ ဘာလို့လဲဆိုတော့ စံပြတစ်ယောက် တည်းထားရင်သည်လူသည် ဥပမာ- အဲဒီ လူမှာတစ်ဖက် စွန်းရောက်တဲ့စိတ်ရှိတယ်။ သူအရမ်းကြိုးစားပြီး အရမ်း အောင်မြင်တဲ့လူဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူ့ဆီမှာမကောင်းတဲ့စိတ်က တစ်ဖက်စွန်းရောက်တဲ့ စိတ်ရှိနေတဲ့အတွက် အဲဒါကြောင့် ညီမစံပြပုဂ္ဂိုလ် တစ်ယောက်တည်းမထားဘူး။ ညီမအတုခိုးသင့်တဲ့ လူတိုင်းကို ညီမအတုခိုးတယ်။ ညီမယူသင့်ယူထိုက်တဲ့ ဗဟုသုတတွေ၊ အတွေ့အကြုံတွေအားလုံးကို သူတို့ဆီက ညီမရအောင်ယူတယ်။ စံပြဆိုတာထက် ညီမကအတွေ့ အကြုံနဲ့ ဗဟုသုတကိုယူတာပိုများတယ်။

ညီမက ဒီအနုပညာလောကထဲမှာ သရုပ်ဆောင်ဘက်ကို ဇောက်ချပြီးလုပ်သွားဖို့ အတွက်ဆိုရင် ဘယ်သူတွေရဲ့ အိုက်တင်က ကိုယ့်အတွက်အားကောင်းစေမယ့်အိုက်တင်ဖြစ်နိုင်မလဲ။

ညီမကကျတော့ Open Type ဖြစ်တယ်။ ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်တယ်။ ပေါ့ပေါ့ပါးပါး နေတတ်တယ်။ သွက်သွက်လက်လက်ရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ်ခံစားရတယ်။ ဘယ်လိုပြောမလဲ လူငယ်ပီပီနေတတ်ထိုင်တတ်တဲ့ အခါမျိုးကျတော့ အခုခေတ်နာမည်ကြီးနေတဲ့ ရွှေမှုံရတီ၊ မကစ်၊ ဖွေးဖွေးတို့ သူတို့တွေဆိုရင် လူငယ်ပိုင်းမှာလည်း ခေတ်စားနေတဲ့လူ တွေပေါ့နော်။ တကယ်ကိုတော်လည်းတော်တယ်။ သူတို့ရဲ့ အိုက်တင်တွေက အပြင်မှာနဲ့လည်း သဘာဝကျပါတယ်။ ညီမကိုယ်တိုင်ကလည်း အဲဒီလိုအိုက်တင်မျိုးကို တကယ့်ကို သရုပ် ဆောင်ချင်တယ်ဆိုတော့ ညီမတကယ့်အပြင်နဲ့ လက်တွေ့ဘ၀ဆိုရင် သရုပ်ဆောင်နဲ့ကို မတူအောင် တကယ့်လက်တွေ့ကျတဲ့ သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ချင်တာပေါ့နော်။

ညီမအချစ်ရေးအကြောင်း လေးလည်းပြောပေးပါဦး။ ဘယ်အရွယ်ကတည်းက အချစ်ဆိုတာ ကိုတွေ့ဖူးသလဲ။ အဲဒီအပေါ်မှာ ညီမပြန်လည်တုံ့ပြန်တဲ့ ကောင်းခြင်း၊ ဆိုးခြင်းခံစား ချက်လေးပြောပေးပါဦး။

အချစ်ရေးကျတော့ ညီမအချစ်ရေး ကံမကောင်းဘူးလို့ပဲ ပြောရမှာပေါ့နော်။ ကံမကောင်းဘူး ဆိုတာထက် ညီမကိုယ်တိုင် ရွေးချယ်နေဆဲဆိုရင် ပိုမှန်မယ်ပေါ့နော်။ ညီမကမချစ်တတ်တဲ့လူမျိုးတော့မဟုတ်ဘူးပေါ့နော် ခံစားတယ်။ ဒါပေမဲ့ ညီမဆုံးဖြတ်ထားတာက ညီမမိဘကို ညီမမြင်ချင်တဲ့ ညီမထားစေချင်တဲ့ပုံစံအတိုင်း မဖြစ်မချင်းအချစ်ရေးကိုဘယ်တော့မှဦးစား ပေးမှာမဟုတ်ဘူးပေါ့နော်။

ညီမကြိုက်တဲ့ဖက်ရှင်၊ ပြီးတော့အနုပညာရှင်တစ်ယောက် အနေနဲ့ကြိုက်တဲ့ဖက်ရှင်မျိုးလေးတွေပြောပေးပါဦး။

ဖက်ရှင်အနေနဲ့ ညီမကဖက်ရှင်ဆိုတာကြီးကို ခေါင်းထဲထည့်ပြီး ငါဒါကြီးဝတ်ရမယ်ဆိုပြီး မစဉ်းစားဘူး။ ညီမအကျင့်တစ်ခုတော့ရှိတယ်။ ညီမအခုအပြင်သွားတယ် ပဲဖြစ်ဖြစ် တကယ့်ကိုပွဲတွေရှိရင် ညီမနဲ့လိုက်ဖက်မယ့်၊ အဆင်ပြေမယ့်ဟာကို ညီမအနေနဲ့အပေါ့ပါး ဆုံးပုံစံမျိုးရွေးဝတ်တယ်။ ညီမကိုယ်တိုင် အရပ်ရှည်တဲ့ အခါကျတော့ အတိုတွေဝတ်လို့အဆင်မပြေဘူး။ ပြီးတော့ညီမက မိန်းကလေးဆန်ဆန်ဝတ်ရင် ညီမနဲ့မလိုက်ဘူးလို့ ကိုယ့်ကိုယ်ကိုယ်ခံစားရတယ်။ ညီမ အပေါင်းအသင်း၊ အသိုင်းအ၀ိုင်းတစ်ခုလုံးကလည်း ညီမကိုမိန်းက လေးဆန်ဆန်ဂါဝန်လေးဝတ်လိုက် ရင်ကြည့်မကောင်းဘူး၊ မလိုက်ဘူး။ အဲဒီလိုတွေ ပြောကြတယ်။ ညီမက အ၀တ်အစားဖက်ရှင်ထဲမှာဆို ဖွေးဖွေးကိုသဘောကျတယ်။ သူက အပြင်မှာဝတ်တဲ့ အတိုင်း တကယ့်ရုပ်ရှင်ထဲမှာဆိုရင် သူ့ရဲ့  Lifestyle နဲ့ တစ်သားတည်းကျတယ်။  ညီမ အဲဒါကိုသဘောကျတယ်။

နောက်တစ်ခုက Shape ဂျာနယ်အပါအ၀င် ဂျာနယ်လောကနဲ့ပတ်သက်ပြီး ညီမရဲ့ခံစားချက်လေး ပြောပေးပါဦး။

ညီမ မီဒီယာကိုမစော်ကားပါဘူး။ စော်လည်း မစော်ကားရဲဘူး။ နောက်ပြီး ညီမဘက်ကခံစားချက် အတိုင်းပွင့်ပွင့်လင်းလင်းပြောရရင် တစ်ခုပဲပေါ့နော်… ဂျာနယ်တွေအားလုံးမှာ တချို့ဂျာနယ်တွေမှာ ကောင်းတဲ့၊ မကောင်းတဲ့ဂျာနယ်တွေလည်းရှိတယ်။ ခေါင်းစဉ်တွေမှာ ကိုယ်မဖြေခဲ့တဲ့ညီမတို့အရှေ့မှာ မော်ဒယ်တွေအများကြီး ကြုံတွေ့ခဲ့ပြီးပြီ။ ကိုယ်ပြောတဲ့အင်တာ ဗျူးအဖြေကတစ်မျိုး၊ တကယ်တပ်ထားတဲ့ ခေါင်းစဉ်ကတစ်မျိုး တကယ့်တကယ် ကြည့်လိုက်ရင် မော်ဒယ်နဲ့အနုပညာရှင်ကထိခိုက်တယ်။ ညီမ Request လေးတစ်ခုလုပ်ချင်တာက အနုပညာရှင်နဲ့မီဒီယာ ကြားမှာ ဘယ်သူနဲ့ဘယ်သူရယ်လို့အမှန်တရားလေးတစ်ခု ရှိသင့်တယ်လို့ ညီမထင်တယ်ပေါ့။ အနုပညာ ရှင်ကိုယ်တိုင်ကလည်း ပွင့်ပွင့်လင်းလင်း အင်တာဗျူးဖြေနေတဲ့အချိန်မှာ ကိုယ်ပြောထားတဲ့ခေါင်းစဉ်ကို လှလှလေးပဲမြင်ချင်တယ်။ ဖတ်ရတာလည်းစိတ်ချမ်းသာတာပေါ့နော်။

ညီမနဲ့စကားပြောရ သလောက်ပွင့်ပွင့်လင်းလင်းရှိတယ်။ ညီမရဲ့ Type က သိပ်ပြီးမိန်းကလေး မဆန်ဘူးလားလို့လေ။

ညီမရဲ့ Type က မိန်းကလေး မဆန်ဘူးလို့ အိမ်ကလူတွေလည်း ပြောတယ်။ ညီမရဲ့အပေါင်းအသင်း တွေအကုန်လုံးလည်း ညီမကို စကား ပြောဖူးတာနဲ့သိတယ်။ မိန်းကလေး မဆန်ဘူး ပွင့်ပွင့်လင်းလင်း နေတတ် တယ်။ အပေါင်းအသင်းဆိုရင်လည်း ယောကျာ်းလေးများတယ်။ ဘာလို့လဲ ဆိုတော့ ညီမ ကိုယ်တိုင်ယောကျာ်း လေးလို ပြောတတ်ဆိုတတ်တယ်။ ဘာလို့လဲဆိုတော့ မိန်းကလေးတော် တော်များများက သူတို့ကိုပွင့်ပွင့် လင်းလင်းပြောရင်မကြိုက်ဘူး။ ညီမကအဲဒီလိုမဟုတ်ဘူး။ ညီမကို ဒဲ့ပြောရင်ကြိုက်တယ်။ ယောကျာ်းလေးတွေအားလုံးက ပွင့်ပွင့်လင်းလင်းရှိတယ်။ ညီမတကယ်မလုပ်နိုင်တဲ့ အလုပ်ဆိုရင် အတတ်နိုင်ဆုံးတော့ လိုက်လျောပေးတယ်။ အကယ်၍ အဆင်မပြေဘူးဆိုရင် လုံးဝမလုပ်ဘူး။ အားလည်းမနာတတ်ဘူး။

ခုနက မီဒီယာတွေအပေါ် မေတ္တာရပ်ခံ ချင်တာလေးပြောပြီးတော့ ဒီတစ်ခေါက်အနုပညာ ရှင်တွေဘက်ကိုပေါ့နော်။ မီဒီယာနဲ့ဆက်ဆံတဲ့အခါ ဘာတွေလုပ်ပေးသင့်တယ်ဆိုတာလေး ပြောပေးပါဦး။

အနုပညာရှင်တွေဘက်က ပြောရမယ်ဆိုရင် တချို့တွေက စကားပြော မတတ်တဲ့လူတွေရှိတယ်။ အဲဒီအခါကျတော့ မီဒီယာဘက်ကို ရိုင်းသွားတာလေးတွေလည်းရှိတက်တယ်။ ပြီးတော့ တချို့တွေဆိုရင် မီဒီယာကို respect မပေးဘူး။ မြန်မာ ပြည်ဆိုတာလည်းပါတယ်ပေါ့နော်။ တချို့တွေက နိုင်ငံခြားမီဒီယာကိုအရမ်းအလေးထားတယ်။ ညီမက မီဒီယာက Respect ပေးတယ်။ အလေးအနက်ထားတယ်။ စော်လည်း မစော်ကားဘူး။ ဒါပေမဲ့ ကိုယ့်ဘက်က Respect ပေးသလို အပြန်အလှန်လေးတော့ ညီမရှိစေချင်တယ်ပေါ့နော်။ ကိုယ့်ဘက်ကလည်း အကောင်းဆုံး၊ သူ့ဘက်ကလည်း အကောင်းဆုံးဖြစ်အောငွ်ျနျစနခအ ပေးမယ်။ ဖြေတဲ့ အနုပညာရှင်ကလည်း သူဖြေတဲ့အပေါ် ခေါင်းစဉ်တပ်ပြီး အဲဒီဂျာနယ် နာမည်ကြီးသွားသလို အဲဒီမော်ဒယ်လည်း နာမည်ကြီးသွားနိုင်တယ်။



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
Share on Google Plus

0 comments:

Post a Comment