အချဉ်ဖောက်အစားအစာများနဲ့ ကျန်းမာရေး










အချဉ်ဖောက်ထားတဲ့ အစားအစာတွေဆိုတာ တကယ်တော့အထူးအဆန်းမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးကလူတွေက အစားအစာအမျိုးမျိုးကို အချဉ်ဖောက်ကြပါတယ်။ ဒီလိုလုပ်တဲ့နည်းလမ်းက အစားအစာကို အာဟာရတန်ဖိုး တစ်ဘက်ကနေကြည့်ရင် အနည်းငယ်ပိုသွားစေပါသေးတယ်။ Glucose, Fructose နဲ့ Suctose တို့ကို lactic acid အဖြစ် အချဉ်ဖောက်လာတဲ့အခါ အစားအစာရဲ့ Probiotics၊ အင်ဇိုင်း၊ ဗီတာမင် နဲ့ သတ္ထုဓာတ်တန်ဖိုးမြင့်မားစေပါတယ်။ အချဉ်ဖောက်ထားတဲ့အစားအစာထဲမှာ ဒိန်ချဉ်၊ ဒိန်ရည်ကြည်၊ ကင်မ်ချီနဲ့ ချဉ်ဖတ်တို့က မြန်မာလူမျိုးတွေအတွက် အရင်းနှီးဆုံးပါပဲ။ အဲဒီတော့ အချဉ်ဖောက်ထားတဲ့အစားအစာတွေက ကျန်းမာရေးအတွက်ဘယ်လိုအကျိုးပြုသလဲ။

အူလမ်းကြောင်းကျန်းမာစေတယ်
နေ့စဉ်အချဉ်ဖောက်ထားတဲ့ အစားအစာတစ်မျိုးစားသုံပေးခြင်းက အူလမ်းကြောင်းကျန်းမာရေး ကောင်းမွန်စေပါတယ်။ အချဉ်ဖောက်နေ့စဉ်ထုတ်ပေးတဲ့ Lactic Acid က အူလမ်းကြောင်းထဲက flora တွေကို ကျန်းမာစေတဲ့အတွက် မကောင်းတဲ့ဘက်တီးရီးယားတွေ ခန္ဓာကိုယ်တွင်းကင်းစင်စေပါတယ်။ အဆိပ်အတောက်ကင်းစေပါတယ်။
အဆိပ်အတောက်ကင်းစေတယ်
ခန္ဓာကိုယ်က အစားအစာ၊ ရေနဲ့ပတ်ဝန်းကျင်က ဓာတုပစ္စည်းတွေ၊ ဇီဝဓာတုပစ္စည်းတွေနဲ့ အမြဲထိတွေ့နေရတာပါ။ အချိန်ကြာလာတာနဲ့အမျှ အဆိပ်တွေများလာတဲ့အခါ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ ခန္ဓာကိုယ်အလေးချိန်အတက်အကျလွယ်တာ၊ အစာခြေလမ်းကြောင်းပြဿနာတွေဖြစ်စေပါတော့တယ်။ အချဉ်ဖောက်ထားတဲ့အစားအစာတွေစားသုံးခြင်းက ဒီပြသသနာတွေကို ကင်းစေပါလိမ့်မယ်။
ကိုယ်ခံအားကောင်းစေတယ်
အူမှာ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက်ပိုပြီး immune cells တွေပါပါတယ်။ အချဉ်ဖောက်ထားတဲ့ အစားအစာတွေမှာပါတဲ့ microbes တွေကတော့ အူလမ်းကြောင်းကိုကျန်းမာစေပြီး ကိုယ်ခံအားကောင်းစေပါတယ်။ ဒီလိုဘက်တီးရီးယားလေးတွေလျော့ပါးလာခြင်းက အူလမ်းကြောင်းယောင်ယမ်းတာတွေဖြစ်စေပြီး နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချိုရောဂါတွေဖြစ်လာနိုင်ပါတယ်။
ဦးနှောက်ကို ကျန်းမာစေတယ်
အချဉ်ဖောက်ထားတဲ့အစားအစာတွေစားပေးတာက ဦးနှောက်ကိုပါကျန်းမာစေပါတယ်။ အချဉ်ဖောက်ထားတဲ့အစားအစာတွေမှာပါတဲ့ microbes တွေက ဦးနှောက်ကိုကျန်းမာစေပါတယ်။
ကင်ဆာကိုလျော့ချပေးတယ်
အချဉ်ဖောက်ထားတဲ့အစားအစာတွေက ကင်ဆာရောဂါ အထူးသဖြင့် ဆီးအိတ်ကင်ဆာကိုလျော့ချပေးပါတယ်။ နို့များများသောက်ပေးခြင်းက ဆီးအိတ်ကင်ဆာကိုကာကွယ်ပေးပါတယ်။
စွမ်းအားတိုးစေတယ်
အချဉ်ဖောက်ထားတဲ့အစားအစာတွေကြောင့် ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေကို ပိုကောင်းအောင်လည်ပတ်စေပါတယ်။ ပြီးတော့ ခန္ဓာကိုယ်က အစားအစာ၊ ရေတို့က အာဟာရတွေကိုပိုပြီးစုပ်ယူပေးနိုင်တဲ့အတွက် တစ်နေ့တာလုံးစွမ်းအင်ပြည့်ဝနေစေပါတယ်။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 








Share on Google Plus

0 comments:

Post a Comment