အသားအရေအတွက် ရှားစောင်းလတ်ပတ်











ဒီတစ်ပတ်ရဲ့ Beauty ကဏ္ဍလေးမှာတော့ မိတ်ကပ်နည်းပညာ ဆန်းဆန်းပြားပြား တွေမဟုတ်ဘဲ သဘာဝရှားစောင်းလက်ပတ်နဲ့ရိုးရိုး အသားအရေ ထိန်းသိမ်းပုံလေးတွေ တင်ဆက်ပေးလိုက်ပါရစေ။ ရှားစောင်းလက်ပတ်ကို အရေပြားဆံကေသာနဲ့ ကျန်းမာရေးအတွက် ကျယ်ပြန့်စွာအသုံးပြုကြပါတယ်။ ဒါတင်မကပါဘူး။ အစားအစာစွမ်းအားအပြည့်အချိုရည်နဲ့ တခြားဆေးဝါး အထောက်အကူပြုပစ္စည်းတွေမှာ လည်း သုံးပါသေးတယ်။ အဲဒီတော့ ရှားစောင်းလက်ပတ်ကို အသားအရေ အလှအပအတွက် ဘယ်လိုအသုံး ပြုကြမလဲ။

နေလောင်ဒဏ်ရာကုသပေးတယ် ရှားစောင်းလက်ပတ်က စွမ်းအားထက်မြတ်တဲ့ကုသမှုကို ပေးနိုင်တဲ့ဆေးတစ်လက်ဖြစ်ပြီး နေလောင် ဒဏ်ရာတွေကိုကုသပေးနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့သဘာဝ အာဟာရတန်ဖိုးတွေနဲ့ အင်တီအောက်ဆီဒင့် တွေက နာကျင်မှုကို သက်သာစေပြီး အရေပြားအသစ်ဖွဲ့စည်းမှုမှာ အထောက်အကူပေးပါတယ်။

ဝက်ခြံတွေကိုကုသပေးတယ်
ရှားစောင်းလက်ပတ်ရဲ့ စွမ်းအားထက်မြတ်တဲ့ အာနိသင်တစ်ခုကတော့ ၀က်ခြံတွေကိုကုသပေးနိုင် ပါတယ်။ ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ Auxin နဲ့ Gibberellins ဟိုမုန်းနှစ်မျိုးက ဒဏ်ရာတွေကို လျှင်မြန်စွာ သက်သာစေနိုင်ပြီး နာကျင်မှုကိုလျော့ချပေးတဲ့အတွက် အရေပြားဆဲလ်အဆီလေးတွေထွက် ပေါ်ဖို့ အကူအညီဖြစ်စေပါတယ်။

အသားအရေစိုပြေစေတယ်
ရှားစောင်းလက်ပတ်ဂျယ်လ်က အသားအရေကို စေးကပ်မှုမဖြစ်စေတဲ့ အရည်ပြားအမျိုးအစားအားလုံး နဲ့ သင့်တော်တဲ့ အစိုဓာတ်ထိန်းခရင်တစ်မျိုးပါ။ ဒါတင်မကပါဘူး။ မှုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးရိတ်တဲ့ အခါရလာတဲ့ ဒဏ်ရာတွေကိုကုသပေးနိုင်သလို Shavingn Cream အနေနဲ့အစားထိုးသုံးစွဲနိုင်ပါတယ်။

ဇရာကိုနှေးကွေးစေတယ်
နာရီအချိန်တွေကို နောက်ပြန်ဆုတ်မရပေမယ့် နာရီအချိန်နေ့ရက်တွေကြောင့် အိုမင်းခြင်းရဲ့ လက္ခဏာ တစ်ခုဖြစ်တဲ့ အရာကိုတော့ ရှားစောင်းလက်ပတ်ဂျယ်က တွန်းလှန်ပေးပါလိမ့်မယ်။ ရှားစောင်းလက်ဂျယ်ကို ပုံမှန်လိမ်းပေးခြင်းက မျက်နှာပြင်ပေါ်က အရေးအကြောင်းလေးတွေကို ပျောက်ကင်းစေသလို အသားအရေကို လည်း တင်းရင်းကျစ်လျစ်စေပါတယ်။

ဆံကေသာအတွက်ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်က ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပေးသလို ဆံကေသာကိုလည်းသန်စွမ်းစေပါ တယ်။ ဆံသားပျော့ဆေးအနေနဲ့ သုံးပေးမယ်ဆိုရင် ဆံကေသာကို ကျန်းမာသန်စွမ်းလာစေသလို ဆံကေသာ ခြောက်သွေ့ခြင်း၊ ဦးရေပြား ဗောက်ထခြင်းကိုလည်းကင်းစေပါလိမ့်မယ်။

အစာကျေလွယ်တယ်
ကျန်းမာရေးအရကြည့်မယ်ဆိုရင် ရှားစောင်းလက်ပတ်ပုံမှန်စားပေးခြင်းက အစာကျေလွယ်စေပါတယ်။ ရှာစောင်းလက်ပတ်ဂျယ်ကို ပုံမှန်စားပေးမယ်ဆိုရင် ခန္ဓာကိုယ်တွင်းအဆိပ်အတောက်တွေကို သန့်ရှင်းစေသလို အူလမ်းကြောင်းတစ်လျောက် အက်ဆစ်ဓာတ်တွေနဲ့ ရောင်ရမ်းနာကျင်ခြင်းတွေကိုကိုပါ သက်သာစေပါတယ်။

ဇီဝကမ္မဖြစ်စဉ်ကိုလှုံ့ဆော်ပေးတယ်
ရှားစောင်းလက်ပတ်ဂျယ်ကို ပုံမှန်စားသုံးပေးခြင်းက ခန္ဓာကိုယ်ရဲ့ ဇိဝကမ္မဖြစ်စဉ်တွေကို တိုးတက် စေသလို ခန္ဓာကိုယ်အလေးချိန်ကိုလည်း ပုံမှန်ဖြစ်အောင်ထိန်းပေးထားနိုင်ပါတယ်။

ခုခံစွမ်းအားတိုးစေတယ်
ရှားစောင်းလက်ပတ်ပုံမှန်စားပေးခြင်းက ခန္ဓာကိုယ်ရဲ့ရောဂါတွေကို ခုခံကာကွယ်နိုင်စွမ်းကိုလည်း တိုးပွားစေပါတယ်။ ရှားစောင်းလက်ပတ်ထဲပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက အသက်အရွယ်အိုမင်း ရင့်ရော်မှုလက္ခဏာတွေကို မြန်ဆန်စေတဲ့ အဖျားရောဂါတွေကိုဖြစ်ပေါ်စေတဲ့ Free radical တွေကိုတိုက် ထုတ်ပေးပါတယ်။

ဝဿန်

-------------------------------------------------------- ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape




Share on Google Plus

0 comments:

Post a Comment