အသားအရေလှပဖို့ထောပတ်သီးသုံးမယ်









ထောပတ်သီးဆိုတာ ဗီတာမင်သတ္တုဓာတ်တွေ ကျန်းမာစေတဲ့အဆီတွေ၊ တခြားအာဟာရတန်ဖိုး တွေကြွယ်ဝတဲ့အဆီဆိုတာ လူတိုင်းသိထားပြီးသားပါ။ ဒါတင်မကပါဘူး။ သူ့မှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုတွေ က အရေပြားနဲ့ဆံကေသာအလှအပအတွက်မှာလည်း အသုံးပြုနိုင်ပါသေးတယ်။ ထောပတ်ဆီကိုအလှအပ အတွက် ဘယ်လိုသုံးနိုင်သလဲဆိုတာလေ့လာကြည့်ရကြရအောင်။

မျက်ဝန်းအရေပြားအတွက်
ထောပတ်ဆီက ပင်ပန်းနွမ်းနယ်နေတဲ့မျက်ဝန်းတစ်ဝိုက် အကောင်းဆုံးကသပေးနိုင်တဲ့ အသီးတစ်လုံး ပါ။ သူ့မှာပါဝင်တဲ့ ဗီတာမင် A နဲ့ E က မျက်ဝန်းတစ်ဝိုက်ပါးလွှာပြီး ထိလွယ်ရှလွယ်အရေပြားကို ပြန်လည် အားဖြည့်ပေးပါတယ်။ ထောပတ်သီးအသားကို ခပ်ပါးပါးလှီးပြီး မျက်ဝန်းအရေပြားမှာမိနစ် အနည်းငယ် ကြာကပ်ထားပေးပါ။ အရေပြားက ထောပတ်သီးအဟာရတွေကို စုတ်ယူသွားနိုင်ပြီး ရေဓာတ်ဖြည့်ပေး ပါလိမ့်မယ်။

အရေပြားကြေးချွတ်ဖို့အတွက်
ထောပတ်သီးကိုအသုံးပြုပြီး ခန္ဓာကိုယ်ကို ကြေးချွတ်နိုင်ပါတယ်။ ထောပတ်သီးအသားတစ်ဝက်၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်းသေးဇွန်း၊ သကြားတစ်ဇွန်း၊ ပျားရည်အနည်းငယ်ရောစပ်ပြီး အရေပြားပေါ် မှာငြင်သာ စွာလိမ်းပေးပါ။ အရေပြားကိုညင်သာစေတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး လိုအပ်တဲ့ အာဟာ ရနဲ့ အစိုဓာတ်ဖြည့်ပေးပါတယ်။

ကျန်းမာသန်စွမ်းသော ဆံကေသာများအတွက်
ထောပတ်သီးကို ဆံကေသာလှပဖို့အတွက်လည်းသုံးနိုင်ပါတယ်။ ထောပတ်သီးကခြောက်သွေ့ကြမ်း တမ်းပြီး အာဟာရမပြည့်ဝတဲ့ဆံကေသာတွေကို တောက်ပပြီးသန်စွမ်းစေပါတယ်။ ထောပတ်သီးတစ်လုံးကို ခြေပြီး သံလွင်ဆီရောစပ်ကာ ဆံသားနဲ့ဦးရေပြားအနှံ့လိမ်းထားပေးပါ။ မိနစ် (၃၀) ခန့်အကြာမှာ ပုံမှန် လျှော်နေကျခေါင်းလျော်ရည် သုံးပြီးလျှော်လိုက်ပါ။ ဗောက်ထသူများအနေနဲ့ သံပုရာရည်အနည်းငယ်ထည့်ပြီး သုံးပေးနိုင်ပါတယ်။

ဝက်ခြံသမားများအတွက်
ထောပတ်သီးမှာပါဝင်တဲ့ သဘာဝအဆီတွေက မျက်နှာပြင်ပေါ်မှာ ရောင်ကိုင်းနီရဲပြီးကြည့်ရဆိုးတဲ့ ၀က်ခြံတွေကို ကုသပေးနိုင်စွမ်းရှိပါတယ်။ သူ့မှာပါဝင်တဲ့ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ ဂုဏ်သတ္တိက အသားအရေနီရဲခြင်း၊ ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ ထောပတ်သီးကိုခြေပြီး ၄င်းအနှစ်ကို မျက်နှာ ပေါ်မှာ (၁၀) မိနစ်ခန့်လိမ်းထားပေးပါ။ ပြီးမှရေဆေးချလိုက်ပါ။

မိတ်ကပ်ဖျက်ဆေးအနေနဲ့လည်းသုံးနိုင်
ထောပတ်သီးအသားကို မိတ်ကပ်ဖျက်ဆေးနေနဲ့လည်း သုံးနိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ်လှီး ထားတဲ့ ထောပတ်သီးအသားကို ဂွမ်းစနဲ့ပွတ်ပြီး ၄င်းအဆီကိုမျက်နှာပေါ်မှာ ပွတ်ပေးနိုင်ပါတယ်။ သဘာဝ ပစ္စည်းသုံးတဲ့အတွက် အသားအရေအတွက် အန္တရာယ်မရှိရုံသာမက မျက်နှာကိုပါ လိုအပ်တဲ့အာဟာရတွေ ဖြည့်ပေးနိုင်ပါတယ်။

တောက်ပတဲ့အသားအရေကို ပိုင်ဆိုင်ဖို့အတွက်
မွဲခြောက်ကြမ်းတမ်းနေတဲ့ အသားအရေပိုင်ရှင်များအနေနဲ့လည်း ထောပတ်သီးကိုအသုံးပြုနိုင်ပါတယ်။ ထောပတ်သီးတစ်လုံး၊ ပျားရည်၊ အုတ်ဂျုံတို့ကိုရောစပ်ပြီး ရေမချိုးခင်မှာ ခန္ဓာကိုယ်အနှံ့လိမ်းပေးပါ။ ထောပတ်သီး၊ အုတ်ဂျုံမှာပါဝင်တဲ့ သဘာဝအဟာရတွေက အရေပြားပေါ်က ဆဲလ်အသေးလေးတွေကို ဖယ်ရှားသန့်စင်ပေးပြီး အသားအရေကိုကြည်လင်တောက်ပစေပါတယ်။

ပန်းသွေးရောင် နှုတ်ခမ်းသားလေးတစ်စုံအတွက်
ထောပတ်သီးကိုအသားအရေ ဆံကေသာအတွက် သာမကပါဘူး။ ပန်းသွေးရောင်နှုတ်ခမ်းသားလေး ပိုင်ဆိုင်ဖို့အတွက်လည်း သုံးနိုင်ပါတယ်။ ထောပတ်သီးကို သံလွင်ဆီနဲ့ရောစပ်ပြီး နှုတ်ခမ်းသားလေးမှာ ပွတ်ပေး ပါ။ ပုံမှန်လုပ်သွားပေးမယ်ဆိုရင် သွေးလည်ပတ်မှုကောင်းစေပြီး ပန်းသွေးရောင်တောက်ပစေပါ တယ်။

ခြောက်သွေ့အက်ကွဲနေတဲ့ လက်ဖ၀ါးတွေအတွက်
ဆောင်းတွင်းမှာလက်ဖ၀ါး၊ ခြေဖနောင့်တွေကွဲအက်နေလို့လည်း စိတ်မပျက်ပါနဲ့။ ထောပတ်ဆီကိုသုံးနိုင် ပါတယ်။ ထောပတ်သီး၊ ငှက်ပျောသီးတို့ကိုချေပြီး လက်ဖ၀ါးပေါ်မှာပွတ်ပေးပါ။ အသားထဲစိမ့်ဝင်သွားအောင် ပွတ်ပေးပြီး(၁၀)မိနစ်အကြာမှာ ရေဖြင့်ဆေးချလိုက်ပါ။ ပုံမှန်လုပ်ပေးမယ်ဆိုရင် ခြောက်သွေ့တဲ့အသားအရေကို အစိုဓာတ်ပြည့်ဝစေပြီး ချောမွေ့စေပါလိမ့်မယ်။

ဝဿန်

---------------------------------------------
ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့။



Share on Google Plus

0 comments:

Post a Comment