အချိန်တိုအတွင်းလှချင်တယ်





မိတ်ကပ်ပြင်ဆင်တယ်ဆိုတာ တာဝန်အရလုပ်နေရတဲ့ အလုပ်တစ်ခုမဟုတ်ပါဘူး။ မိတ်ကပ်ပြင်တယ် ဆိုတာ ပျော်ရွှင်နေဖို့လိုအပ်ပါတယ်။ မိတ်ကပ်ဆိုတာအမျိုးသမီးတစ်ဦးကို အချိန်တိုအတွင်း လှပသွားစေမယ့် ဖြတ်လမ်းနည်းမဟုတ်ပါလား။ အဲဒီတော့ အချိန်နည်းနည်းပေးပြီး များများလှအောင် ဘယ်လိုအားထုတ်ကြမလဲ။

အဖျားနှစ်ခွဆံသားတွေအတွက်

ဆံကေသာထိန်းသိမ်းဖို့ အချိန်မပေးနိုင်တဲ့နေ့မျိုး၊ ဆံပင်အဖျားနှစ်ခွဖြစ်နေတာတွေကိုရှင်းဖို့ အချိန် မပေးနိုင်တဲ့အခါမျိုးမှာ သိပ်ပြီးစိတ်မပူပါနဲ့။ ဆံကေသာကို ပုံမှန်သုံးနေကျ အလှဆီလေးလိမ်းပေးလိုက်ပါ။ ပြီးမှဆံကေသာအဖျားတွေကို ဆီခပ်ပါးပါးလေးနဲ့ လိမ်းပြီးခေါင်းဖြီးချလိုက်ပါ။ ဆံကေသာကလှပသွားပြီး ကျန်းမာသန်စွမ်းသွားသယောင် ထင်ရစေပါတယ်။

လက်သည်းအလှပြင်ဆင်ရာဝယ်


လက်သည်းဆိုးဆေးမညီမညာနဲ့ လှိုင်းထနေတဲ့ လက်သည်းခြေသည်းတွေက ကြည့်ရဆိုးပါတယ်။ လက်သည်းအလှလည်း ပြုပြင်ချင်တယ်။ ဒါပေမဲ့အချိန်ကလည်း မရဖြစ်နေလို့ စိုးရိမ်မနေပါနဲ့။ အ၀တ်စတစ်စ ကိုဗီနီဂါရည်စွတ်ပြီး လက်သည်းမှာပွတ်ပေးပါ။ ပြီးမှ လက်သည်းဆိုးဆေး သုံးလိုက်မယ် ဆိုရင် လက်သည်း ဆိုးဆေးက အချိန်အကြာကြီးခံသလို ညီညီညာညာနဲ့ လှပနေပါလိမ့်မယ်။

Brush (ပါးနီ)ကုန်သွားပါသလား

Brush က မျက်နှာပြင်ကလိမ်းခြယ်ထားတဲ့ မိတ်ကပ်အလှကို ပိုပြီးကြွတက်လာစေတဲ့ ပစ္စည်းတစ်ခုပါ။ Brush ကုန်သွားလို့လည်း မျက်နှာမှာခြယ်စရာမရှိတော့လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့မသွားပါနဲ့။ နှုတ်ခမ်း ဆိုးဆေးအနည်းငယ်ကို ပါးနှစ်ဖက်ပေါ်တင်ပြီး ပါးအနှံ့ခပ်ဖွဖွလေးသာပွတ်ပေးပါ။ ပါးနှစ်ဖက်မှာခပ်စိုစိုလေး နဲ့လှပစေပါလိမ့်မယ်။

လက်သည်းပန်းကုံးလေးတွေ လှချင်တယ်ဆို
လက်သည်းအလှထိန်းသိမ်းသလို လက်သည်းပန်းကုံးလေးတွေကိုလည်း လှပအောင် ထိန်းသိမ်းဖို့လိုပါ တယ်။ ဒါပေမဲ့ လက်ချောင်းလေးတွေ တစ်ချိန်လုံးနူးညံ့နေအောင် ရေဓာတ်ပြည့်ဝပြီး လှပနေစေဖို့ ဆိုတာ မလွယ်ပါဘူး။ အဲဒီအတွက် နှုတ်ခမ်းပေါင်းဆေးကိုသုံးပါ။ နှုတ်ခမ်းမှာ နှုတ်ခမ်းပေါင်းဆေးသုံးတဲ့အခါတိုင်း လက်သည်းပန်းကုံးလေးတွေကိုလိမ်းပေးပါ။

လေးကိုင်သဏ္ဍာန်နှုတ်ခမ်းလေး ဖန်တီးချင်တယ်ဆိုရင်
အမျိုးသမီးတစ်ယောက်ရဲ့ စွဲဆောင်နိုင်စွမ်းမှာ လေးကိုင်းသဏ္ဍာန် နှုတ်ခမ်းလေးလည်း ပါဝင်နေပါ တယ်။ နှုတ်ခမ်းနဲ့ အရောင်ဆင်တူ Lip Liner ကို နှုတ်ခမ်းအလယ်ဗဟိုမှာ X ပုံသဏ္ဍာန် ဆွဲပေးပါ။ ပြီးမှ သူ့လမ်းကြောင်းအတိုင်း အရောင်ထပ် ဖြည့်ပေးလိုက်ပါ။

ထူထဲလှတဲ့မျက်တောင်တစ်စုံအတွက်

မျက်တောင်လေးတွေထူပြီး လှပချင်တယ်ဆိုရင်တော့ အလွယ်ကူဆုံးနည်းလမ်းက ကလေးပေါင်ဒါပါပဲ။ ပထမဆုံးမျက်တောင်ကော့ဆေး(base coat)သုံးပေးပါ။ ပြီးမှ အပေါ်ကနေ ကလေးပေါင်ဒါကို ဘရပ်ရှ်လေးနဲ့ ထပ်ဆင့်သုံးပေးပါ။ ပြီးမှနောက်ဆုံးအဆင့် base coat ဒါမှမဟုတ် အရောင်ပါဝင်တဲ့ Mascara လေးသုံးပေးပါ။ မျက်တောင်တစ်ချောင်းချင်းစီက အချိန်အနည်းငယ် အတွင်းမှာ ကော့ညွတ် လှပသွားပါလိမ့်မယ်။

နှုတ်ခမ်းဆိုးဆေးညီညာဖို့
နှုတ်ခမ်းဆိုးဆေးလေးက ညီညီညာညာလှလှပပလေး ဖြစ်နေစေချင်ရင်တော့ နှုတ်ခမ်းဆိုးဆေး မသုံးခင်မှာ နှုတ်ခမ်းကိုသွားပွတ်တံအနုလေးနဲ့ပွတ်ပေးပါ။ နှုတ်ခမ်းပေါ်က ဆဲလ်အသေတွေကို ဖယ်ရှား ပေးပြီးသားဖြစ်သလို နှုတ်ခမ်းကိုညီညီညာညာနဲ့ လှပနေစေပါလိမ့်မယ်။

မိတ်ကပ်သားတာရှည်ခံဖို့
မိတ်ကပ်လိမ်းပြီး အကြာကြီးနေရမယ့်အချိန်မျိုး Make Up Setting Sproy မရှိလို့ဘာမှစိတ်မပူပါနဲ့။ ဆံပင်ပုံသွင်းဖျန်းဆေးကို မျက်နှာပေါ်မှာ ခပ်ပါးပါးလေးဖျန်းထားပေးလိုက်ပါ။ ဒါပေမဲ့ ဒီလိုအမြဲတမ်းလုပ်လို့ မကောင်းဘူးဆိုတာတော့ သတိပြုပါ။
ဝဿန်



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape
Share on Google Plus

0 comments:

Post a Comment