မြင်သူတိုင်းအားကျတဲ့ ဘီကီနီခန္ဓာကိုယ်ပိုင်ဆိုင်ချင်တယ်ဆိုရင်











နွေရာသီ… ကျောင်းတွေလည်းပိတ်ပြီဆိုတော့ ခရီးတွေလည်းထွက်ကြပြီပေါ့။ နွေရာသီရဲ့သင်္ကေတက ကမ်းခြေတစ်ခုဖြစ်လို့နေပါပြီ။ ကမ်းခြေကိုခရီးထွက်တော့ ရေကူးဝတ်စုံလှလှလေးတွေဝတ်ချင်ကြတာပေါ့။ ၀တ်ချင်တယ်ဆိုပေမယ့် ကိုယ့်ခန္ဓာကိုယ်ကိုယုံကြည်မှုအားနည်းနေတာပြဿနာတစ်ခုပါ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ နွေရာသီရေကူးဝတ်စုံ ခန္ဓာကိုယ်အတွက်နည်းလမ်းကောင်းလေးတွေရှိပါတယ်။
ကမ်းခြေမှာလည်း သောက်စားပျော်ပါးရမယ့်နေ့ရက်တွေရှိလာဦးမှာပါ။ အဲဒီတော့ ကမ်းခြေမသွားခင် ခဏလောက်အရက်တွေဖြတ်ထားလိုက်တော့ ဘာဖြစ်မှာမို့လို့လဲ။ သာမန်အရက်ပါဝင်တဲ့အချိုရည်တွေထဲမှာ ကယ်လိုရီ ၁၀၀ ကျော်ပါဝင်ပါတယ်။ အချိုနဲ့အရက်ရောလိုက်မှတော့ပိုဆိုးသွားပြီပေါ့။ အရက်က ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကိုနှေးကွေးသွားစေပါတယ်။ အဲဒါကြောင့် ခရီးမထွက်ခင် ၁လ ၂လခန့်အလိုမှာ အရက်ဖြတ်ထားလိုက်ပါ။ 

လမ်းများများလျှောက်
ကမ်းခြေမှာ လူတိုင်းအားကျငေးမောရတဲ့ ဘီကီနီခန္ဓာကိုယ်လေးပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သာမန် လုပ်ရိုးလုပ်စဉ်တွေကနေခွဲထွက်ဖို့လိုပါပြီ။ ဒီလိုပါ …စက်လှေကား၊ ဓာတ်လှေကားသုံးမယ့်အစား ရိုးရိုးလှေကားသုံးပါ။ ကားစီးသွားမယ့်အစား လမ်းများများလျှောက်ပါ။ ခန္ဓာကိုယ်လှုပ်ရှားမှုများလေ ကယ်လိုရီတွေကိုပိုပြီးလောင်ကျွမ်းစေလေဖြစ်တဲ့အတွက် ခန္ဓာကိုယ်ကကျစ်လျစ်လာပါလိမ့်မယ်။ လတ်တလောမှာတော့ ပင်ပန်းကောင်းပင်ပန်းမှာပေါ့။ ဒါပေမဲ့ကိုယ်လိုချင်တဲ့ခန္ဓာကိုယ် အနေအထားရောက်တဲ့အထိ ကြိုးစားသွားရမှာမဟုတ်ဘူးလား။

အမျှင်ဓာတ်များများစား
အမျှင်ဓာတ်များများစားတာက အစာခံစေပါတယ်။ ဟင်းသီးဟင်းရွက်၊ မြေပဲတို့လိုမျိုးများများစားပေးပါ။ အမျှင်ဓာတ်မြင့်မားစွာပါဝင်တဲ့ အစားအသောက်တွေက အချိန်ကြာရှည်စွာပြည့်ဝနေပြီး စွမ်းအင်များပေးစွမ်းနိုင်ပါတယ်။

လေ့ကျင့်ခန်းများများလုပ
နံနက်မိုးလင်းတာနဲ့ အိပ်ထမတင်လုပ်တာမျိုး၊ ထိုင်ထလုပ်တာမျိုးကို သာမန်ထက်ပိုပြီးလုပ်ပေးပါ။ ပုံမှန် ၅ ခေါက်လုပ်နေကျဆိုရင် ၁၀ခေါက် ပြောင်းပြီးလုပ်ကြည့်ပါ။ တစ်နေ့နည်းနည်းချင်းစီ ပိုပြီးလုပ်သွားပေးမယ်ဆိုရင် အချိန်သိပ်မကြာခင်မှာဘဲ လူတိုင်းပိုင်ဆိုင်လိုတဲ့ ဘီကီနီခန္ဓာကိုယ်လေးပိုင်ဆိုင်ရမှာပါ။ 

သဘာဝအစားအသောက်များများစား
ကယ်လိုရီနည်းပါးတဲ့အစားအစာများစားပေးဖို့လည်းလိုပါတယ်။ အသင့်စားအစားအစာတွေ၊ Ready Made အသား၊ ငါးတွေစားသုံးတာ အတတ်နိုင်ဆုံးဖြတ်တောက်လိုက်ပါ။ သဘာဝအာဟာရတွေပါဝင်တဲ့ လတ်ဆတ်တဲ့အစားအစာတွေများများစားပေးပါ။ ကြွက်သားတွေသန်မာစေဖို့ ပရိုတိန်းကြွယ်ဝတဲ့အစားအစာတွေများများစားပါ။ ဗီတာမင်အာဟာရပြည့်ဝစေဖို့ သစ်သီး၊ ဟင်းသီးဟင်းရွက်များများစားပေးပါ။ 

ကြိုတင်ပြင်ဆင်
မှန်ကန်တဲ့အစားအသောက် နေ့စဉ်စားနိုင်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်နေ့စဉ်စားသုံးမယ့်အစားအစာတွေကို ကြိုတင်ပြင်ဆင်ပါ။ ဈေးဝယ်ထွက်ချိန်ကစပြီး ဘာဝယ်မယ်ဆိုတာစနစ်တကျစီစဉ်ပါ။ ချက်ပြုတ်တဲ့အခါဘယ်လိုချက်မယ်ဆိုတာစီစဉ်ပါ။ အစားအသောက်တွေကိုစနစ်တကျ သိုလှောင်သိမ်းဆည်းပါ။

ရေဓာတ်ပြည့်ပါစေ
အရင်ကလည်းကြားဖူးပြီးသားဖြစ်မှာပါ။ ခန္ဓာကိုယ်သန်စွမ်းကြံ့ခိုင်ဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့လိုပါတယ်။ ရေများများသောက်ပေးလေ အစာခံလေဖြစ်ပြီး ဆံသားနဲ့အသားအရေကိုရေဓာတ်ပြည့်ဝလှပနေစေပါလိမ့်မယ်။ ဒီလိုလှပနေမှလည်း ကမ်းခြေရောက်လို့ဘီကီနီဝတ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေမှာမဟုတ်ပါလား။

အစပ်စားပေး
အချို၊ အငန်၊ ကယ်လိုရီများတဲ့အစားအစာတွေစားတာထက် စပ်ပြီးစိတ်ကိုလန်းသွားစေတဲ့ အစားအစာမျိုးစားပေးပါ။ ခန္ဓာကိုယ်ကအဆီအတွက်ပါ အစပ်ကြောင့်လောင်ကျွမ်းသွားစေပါလိမ့်မယ်။ 

ဟန်မဆောင်နဲ့
ကိုယ့်ကိုယ်ကိုယ်အမှန်အတိုင်းမြင်တတ်ဖို့လိုပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်ကလည်း ပြောင်းလဲလာပါတယ်။ ဒါစိတ်ပျက်စရာမဟုတ်ပါဘူး။ ကိုယ့်အသက်အရွယ်နဲ့ မှန်ကန်တဲ့ခန္ဒာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားတာပဲ။ အဲဒီတော့ကိုယ့်ကိုယ်ကိုယ်သာယုံကြည်မှုရှိရှိပျော်ရွှင်ပါ။

Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment