ဒီအရည်ဟာ BioAcid တစ်မျိုးပါ…









အပြင်းစား Concentrated နဲ့ ကြိုတင်ရောစပ်ပြီးသား အပျော့စား Dilute ဆိုပြီး ၂ မျိုးကို Other Party Third Party များကထုတ်လုပ်လာကြပြန်တယ်… အသုံးမမှားမိဖို့သိထား ရပါမယ်… ဒီအရည်ဟာ BioAcid တစ်မျိုးပါ…

စက်ကိရိယာအတွင်း ကလီစာများချောမွေ့စွာအလုပ်လုပ်နိုင်ဖို့ Oil တို့ Fluid တို့ဆိုတဲ့ ဆီတို့ အရည်တို့အကြောင်းကို တီးမိခေါက်မိရှိအောင် တင်ပြပြီးပြန်တော့ ပူလောင်စွာအလုပ်လုပ်ပေးရတဲ့ အင်ဂျင်စက်တစ်ခုရဲ့ပြန်လည်အအေးခံစနစ်ကို ခုခေတ်မှာ H2O ဆိုတဲ့ရေအစား အီသိုင်လင်းဂလိုင်ကောဆိုတဲ့ ဓာတုဆေးရည်တစ်မျိုးနဲ့စက်တိုင်းနီးပါးမှာ factory fill အဖြစ် ကျယ်ပြန့်စွာအစားထိုးသုံးစွဲလာကြသည်ကိုတွေ့လာရပါသည်။ ယေဘုယျအခေါ်အဖြစ် Coolant ဆိုပြီး မှည့်ခေါ်လိုက်ပါသည်။ စိမ်းနီပြာ စသဖြင့်အမြင်တင့်တယ်အောင်လည်းအရောင်ဆိုးထားကြပါသည်။ 

ဒါကအရေးမကြီး အဓိကပြောချင်တာက ကိုယ့်တိုင်းပြည်ကရာသီဥတုနဲ့ကိုက်အောင်ရွေးချယ်တတ်ဖို့ဖြစ်ပါတယ်။
အပြင်းစား Concentrated နဲ့ ကြိုတင်ရောစပ်ပြီးသား အပျော့စား Dilute ဆိုပြီး ၂ မျိုးကို Other Party Third Party များကထုတ်လုပ်လာကြပြန်တယ်။
အသုံးမမှားမိဖို့သိထားရပါမယ်။ ဒီအရည်ဟာ BioAcid တစ်မျိုးပါ
အပြင်းစားဆိုပါကတိုက်ရိုက်ထည့်လို့မရပါဘူး။ ရေသန့်နဲ့ရောစပ်သုံးဖို့ 1:10 /50:50 စသဖြင့်ပုံးပေါ်မှာ ညွှန်ကြားပေးထားပါတယ်။ ရေခဲတဲ့တိုင်းပြည်အတွက် Antifreeze ဆိုပြီးတောင်ထုတ်ပေးထားပါတယ်။ မြန်မာပြည်အတွက် အသင့်ရောစပ်ပြီးသား Ready Mix/Dilute ကိုရွေးချယ်ရပါမယ်။
အပြင်းစားကတော့ ခရီးဝေးထွက်ရင်ဆောင်သွားပါ။ 

လမ်းမှာလိုအပ်ရင်သူပြောတဲ့အချိုးအဆတိုင်းရေနဲ့ရောစပ်သုံးပါ။ အပြင်းလားအပျော့လားမခွဲတတ်ရင် ကိုယ်အရေးပေါ်သုံးမယ့်အရည်ကို အနည်းဆုံးဆတူအချိုး 50:50 လောက်ရောစပ်သုံးပါ။ ခုလိုတင်ပြပေးရတာက အချောပြင်ရင်းနဲ့ ခေါပြင်ဖြစ်သွားမှာစိုးလို့ပါ။ မလိုအပ်ပဲရေတိုင်ကီအဖုံးကိုမဖွင့်ပါနဲ့ ရေပြန်ဘူးဆိုတဲ့ Expansion Tank ထဲက Upper Level eJY Lower Level ၂ခုကြားမှာ အရောင်တစ်ခုနဲ့ပြနေတဲ့ အရည်ရှိနေရင်အဆင်ပြေနေပါပြီ။ မိမိကားစက်ကစနစ်ကောင်းနေသ၍ Heat လည်းတက်မည်မဟုတ်ပါ။ ဒီအရည်လည်းများများစားစားလျော့မည်မဟုတ်ပါ။ 

ဒီအကြောင်းလေးတွေကိုအကျယ်တ၀င့် ဒုက္ခကိုအရောင်ဆိုးထားတယ်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ Post ကောင်းလေးတစ်ခု ဟိုးယခင်ကတည်းကတင်ခဲ့ပြီးပါပြီ။ ခုလည်းလိုအပ်လို့ထပ်ပြောလိုက်ပါသည်။ သင့်ကားရေတိုင်ကီထဲက ဒီအရည်တန်ဖိုးဟာ ကားအကြီးအသေးအလိုက် ၃သောင်းမှ၆သောင်းကြားအနည်းဆုံးတန်ပါသည်။ ဒါတောင် Third Party ကထုတ်တဲ့ Coolant ပါ။ ဒါကြောင့်မို့  မသိလို့ပဲဖြစ်ဖြစ်သိလို့ပဲဖြစ်ဖြစ် မူရင်း Coolant ကိုလွယ်လွယ်နဲ့ မြေကြီးပေါ်ဖေါက်ချသင့်ပါသလားခင်ဗျာ။

ကားမိတ်ဆွေများကိုခင်မင်လျက် ကိုသက်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment