အနက်ရောင်အသားအရေ ပိုင်ရှင်များအတွက်မိတ်ကပ်










မိတ်ကပ်ပညာအများစုကို လေ့လာကြည့်လိုက်ရင်အားလုံးနီးပါးက အသားဖြူတဲ့မိန်းကလေးတွေ အတွက် အသားအရေအဆင်သင့်ရှိတဲ့ မိန်းကလေးတွေအတွက် အမျိုးစုံရေးထားတာကိုသတိထားမိမှာပါ။ အဲဒီတော့ အသားမည်းတဲ့ မိန်းကလေးတွေအတွက်ရေ… အသားမည်းတဲ့ လူတွေအတွက်လည်း မိတ်ကပ် လိမ်းခြယ် ပုံရှိပါတယ်။ ကိုယ့်အသားအရေက မည်းနေလို့စိတ်ပျက် မနေပါနဲ့။ ဒီနက်မှောင်နေတဲ့ အသားအရေကို ဆွဲဆောင်မှုရှိတဲ့ အသားအရေအဖြစ်ပြောင်းလဲပေးဖို့ မိတ်ကပ်ပညာရှိပါတယ်။

နေရောင်ကာလိမ်းဆေးသုံး
ကမ္ဘာမှာလူတိုင်းအသားအရေအမျိုးအစား မတူကွဲပြားကြပေမယ့် အားလုံးတူညီစွာလိုက်နာကြတဲ့ အချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ နေရောင်ကာလိမ်းဆေးသုံးတာပဲဖြစ်ပါတယ်။ အသားမည်းလို့ နေရောင် ကာကွယ်ဆေးမလိုအပ်ဘူးမထင်ပါနဲ့။ သာမန်အသားဖြူသူတွေလောက် နေရောင်ခြည်က အသားကို ထိုးဖောက် မပျက်စီးစေနိုင်ပေမယ့် နေရောင်ကာကွယ်ဆေးမသုံးတာကြာလေ အရွယ်မတိုင်မီ အိုမင်းရင့်ရော် ခြင်းကို ခံစားရမှာကျိန်းသေပါဘဲ။

အစိုဓာတ်ဖြည့်ပေး
အသားမည်းသူတွေအနေနဲ့ အသားခြောက်တဲ့အခါအရေပြားက သိသိသာသာမှိုတက်သလိုဖြစ်လာ ပါတယ်။ ကိုယ့်ရဲ့အသားအရေလေး စိုပြေလှပပြီး ငယ်ရွယ်နုပျိုနေစေဖို့အတွက် နေ့စဉ်ရေချိုးပြီးတိုင်း အစိုဓာတ် ထိန်းခရင်မ်သုံးပေးဖို့လိုပါလိမ့်မယ်။

ဝက်ခြံတွေကိုဂရုစိုက်
အသားမည်းသူတွေအတွက် မကောင်းတဲ့အချက်တစ်ခုကတော့ အလွယ်တကူဝက်ခြံပေါက်လွယ်ပြီး မျက်နှာမှာ သိသာထင်ရှားနေခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် ညအိပ်ရာမ၀င်ခင်မှာ မိတ်ကပ်အညစ်အကြေး တွေကို သန့်စင်ဖယ်ရှားပေးပါ။ အတွင်းပိုင်းအထိ သန့်စင်သွားစေဖို့ Clensing သေချာလုပ်ပေးပါ။ ၀က် ခြံထွက်တဲ့အခါဘယ်တော့မှ မညှစ်ပါနဲ့။ လက်ရာထင်ပြီး အခန့်မသင့်ရင် အမာရွတ်တွေကျန်ခဲ့နိုင်ပါတယ်။

ဖောင်ဒေရှင်းရွေးချယ်ရာဝယ်
အသားမည်းသူတွေအနေနဲ့ ဖောင်ဒေးရှင်းရွေးချယ်မှုက အဓိကကျပါတယ်။ မိတ်ကပ်ဘယ်လောက်ပဲ ကောင်းနေပါစေ မျက်နှာအသားအရေနဲ့ လိုက်ဖက်မှုရှိဖို့လိုပါတယ်။ ဖောင်ဒေးရှင်းရွေးချယ်တဲ့အခါ ကိုယ့် အသားအရေထက် အရောင်ဖျော့တာကို မရွေးချယ်မိဖို့ အဓိကသတိပြုပါ။ အသားအရေထက်ဖျော့တဲ့ အရောင်တွေက မျက်နှာကိုပျာသွားစေပါလိမ့်မယ်။ ဖောင်ဒေးရှင်းဝယ်မိတဲ့အခါတိုင်း မ၀ယ်ခင်မှာ နှာဖူး၊ မေးရိုးတို့မှာ ဖောင်ဒေးရှင်းကို အနည်းငယ်စမ်းသပ်လိမ်းကြည့်ပါ။ အသားမည်းသူတွေအတွက် အကောင်းဆုံး ကတော့ ဖောင်ဒေးရှင်းအရည်ပါဘဲ။ မျက်နှာမှာ သိပ်သည်းမသွားဘဲ အလွယ်တကူပျံ့နှံ့စေပါတယ်။

မျက်ဝန်းခြယ်သတဲ့အခါ
အသားမည်းသူတွေအတွက် အားသာချက်တစ်ခုကတော့ မျက်ဝန်းမိတ်ကပ်ပါဘဲ။ ပိုပြီးအရောင်ရင့် လေ မျက်ဝန်းအလှကို ပိုပြီးပေါ်လွင်လေဖြစ်စေပါတယ်။ မျက်ဝန်းအတွက် အစိမ်းရင့်ရောင်၊ ကြေးနီရောင်၊ အညိုရောင်တို့ရွေးချယ်သုံးစွဲပါ။ မီးခိုးရောင်မျက်ဝန်းလေးကလည်း အသားညိုသူတွေအတွက် လိုက်ဖက် ပါတယ်။ မျက်ဝန်းရဲ့ အတွင်းထောင့်လေးကို အရောင်လတ်ကလေး သုံးပေးမယ်ဆိုရင် မျက်ဝန်းကို ဆွဲဆောင်မှု ရှိပြီးလှပစေပါလိမ့်မယ်။

နှုတ်ခမ်းဆိုးဆေး
နှုတ်ခမ်းဆိုးဆေးအရောင်ရင့်လေ အသားအရေနဲ့ပိုပြီး လိုက်ဖက်လေဖြစ်ပါတယ်။ တောက်ပလွန်း တဲ့အရောင်တွေ၊ Gloss တွေရှောင်ပါ။ ခရမ်းရောင်၊ ရွှေရောင်၊ အနီရောင်၊ အညိုရောင် နှုတ်ခမ်းဆိုး ဆေးလေး တွေက အလိုက်ဖက်ဆုံး အရောင်လေးတွေဖြစ်ပါတယ်။

ကြေးချွတ်ပါ

ကြေးချွတ်တာက အသားအရေကို ပိုပြီးတိုးတက်ကောင်းမွန်စေပါတယ်။ ကြေးချွတ်ပေးတဲ့အတွက် အရေပြားပေါ်ဆဲလ်အသေးလေးတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို သဘာဝအတိုင်းကြည်လင် လာစေပါတယ်။ ချွေးပေါက်ထဲက အညစ်အကြေးတွေကိုပါ သန့်စင်ပေးနိုင်တဲ့အတွက် အရေပြားက ပိုပြီး လှပ စေပါတယ်။

ပေါင်းတင်ပါ
တစ်ပတ်တစ်ကြိမ် Faical Mask သုံးပေးဖို့လည်းလိုပါတယ်။ Mask သုံးပေးတဲ့အတွက် အရေပြားကို အစိုဓာတ်ဖြည့်ပေးပြီး အမည်းစက်များကင်းစင် ကြည်လင်စေပါတယ်။ ပျားရည်၊ ကြက်ဥအနှစ်တို့ကို ရောစပ်ပြီး တစ်ပတ်တစ်ကြိမ်ခန့် ပေါင်းတင်ပေးနိုင်ပါတယ်။

ပေါင်ဒါသုံးပါ
မိတ်ကပ်လိမ်းခြယ်မှုကို အဆုံးသတ်မှာကပေါင်ဒါပါဘဲ။ အသားအရည်က မိတ်ကပ်နဲ့အတူလှပပြီး ဖြစ်တဲ့ အတွက် ပေါင်ဒါအများကြီးမသုံးပါနဲ့။ အသားအရေနဲ့အနီးစပ်ဆုံး အရောင်ဆင်တူပေါင်ဒါကို ခပ်ပါးပါးလေး သုံးပေးပါ။

ဝဿန်

---------------------------------------------
ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့။



Share on Google Plus

0 comments:

Post a Comment