အလှတရားအတွက် နှင်းဆီရည်










နှင်းဆီဆိုတာ ပန်းတို့ရဲ့ဘုရင်မပါ။ လူတွေအတွက်ဆိုရင်တော့ အရေပြားအလှအပရဲ့ဆရာတစ်ဆူလို့တောင် တင်စားလို့ရပါတယ်။ နှင်းဆီရည်မှာ အင်တီအောက်ဆီဒင့်၊ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ ဂုဏ်သတ္တိ၊ ဇရာကိုတိုက်ထုတ်ပေးနိုင်တဲ့ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ပြီးတော့ အရေပြားကိုဘယ်လိုကောင်းကျိုးပြုပေးသေးလဲ။
အသားခြောက်သူတွေအတွက်
နှင်းဆီရည်၊ အလှဆီ ရောစပ်ပြီးမျက်နှာပေါ်ဖြန်းပေးရင် ခြောက်သွေ့တဲ့အရေပြားကို စိုပြေစေပါတယ်။
ယားယံတာသက်သာစေတယ်
အရေပြားယားယံနီရဲတာတွေသက်သာစေဖို့ နှင်းဆီရည်လေး တစ်နေ့တစ်ကြိမ်ဖြန်းပေးပါ။
ဝက်ခြံကုသပေးတယ်
အဆီတွေထွက်လွန်းလို့ ဖြစ်လာတဲ့ဝက်ခြံတွေကိုကုသပေးဖို့အတွက် နှင်းဆီရည်နဲ့ သံပုရာရည်ရောစပ်သုံးပေးနိုင်ပါတယ်။
ခြေဖနောင့်ကွဲသက်သာစေတယ်
ကွဲအက်နေတဲ့ခြေဖနောင့်တွေအတွက် ဗီတာမင် A, B3, C, D နဲ့ ပါဝင်တဲ့နှင်းဆီရည်လေး မကြာခဏဆွတ်ဖြန်းပေးပါ။
နှုတ်ခမ်းကိုပန်းနုရောင်သန်းစေတယ်
နေရောင်ဒဏ်ကြောင့် မဲပြာနေတဲ့အရေပြားအတွက် နှုတ်ခမ်းကိုနှင်းဆီရည်လေးဆွတ်ဖျန်းပေးပါ။
မိတ်ကပ်ဖျက်လို့ရတယ်
မျက်နှာကိုမိတ်ကပ်ဒဏ်ကြောင့်မပျက်စီးရလေအောင် နှင်းဆီရည်လေးဖျန်းပေးပြီး ဂွမ်းစလေးနဲ့ မိတ်ကပ်ဖျက်နိုင်ပါတယ်။
ခြောက်သွေ့ကွေးကောက်နေတဲ့ ဆံကေသာအတွက်
ဘယ်လောက်ပဲခြောက်သွေ့ကြမ်းတမ်းပြီး ကွေးကောက်နေပါစေ ဆံသားကိုနှင်းဆီရည်လေး ပုံမှန်ဖြန်းပေးနေရင် ဆံကေသာဖြောင့်ဆင်းလှပစေပါတယ်။
ပင်ပန်းနေတဲ့မျက်ဝန်းအတွက်
နီရဲပြီးပင်ပန်းနေတဲ့မျက်ဝန်းတစ်စုံအတွက် နှင်းဆီရည်လေးဖြန်းလိုက်ရုံနဲ့ ပင်ပန်းတာတွေပျောက်ပြီး တက်ကြွရွှင်လန်းစေပါလိမ့်မယ်။

ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 






Share on Google Plus

0 comments:

Post a Comment