အပြာနုရောင်ဂျင်းနဲ့ ဘယ်လိုဖက်ရှင်ဆင်မလဲ …










အပြာရောင်ဂျင်းဝတ်စုံလေးတွေက ယောက်ျားလေး၊ မိန်းကလေးအရွယ်မရွေးဝတ်ဆင်ကြပါတယ်။ ဒါပေမဲ့ ၀တ်စုံတိုင်းနဲ့လိုက်ဖက်လှတာမဟုတ်ပါဘူး။ အထူးသဖြင့်အပြာနုရောင်ဂျင်းဝတ်စုံလေးတွေကပေါ့။ အပြာနုရောင်ဂျင်းဝတ်စုံလေးတွေက အရောင်ရင့်ဂျင်းထက်ပိုပြီးဝတ်ဆင်သူကိုဖက်ရှင်ကျစေပါတယ်။ အဲဒီတော့အပြာနုရောင်ဂျင်းလေးတွေကိုဘယ်လိုဝတ်ဆင်ကြမလဲ။

ဆောင်းရာသီအရောင်ကိုရှောင်
အပြာနုရောင်ဂျင်းလေးတွေကို ရာသီမရွေးဝတ်ဆင်နိုင်ပါတယ်။ ဒါပေမဲ့ ဂျင်းအရောင်လေးက နွေရာသီရဲ့ အငွေ့အသက်ကိုခံစားနိုင်ရင်ပိုပြီးကောင်းပါတယ်။ အပြာနုရောင်ဂျင်းလေးတွေက ကြည့်လိုက်တာနဲ့ သာမန်နဲ့မတူဘဲ ပေါ့ပါးလွတ်လပ်နေသယောင်ထင်ရစေပါတယ်။

ဆောင်းရာသီမှာလည်းဝတ်ဆင်နိုင်တယ်
ဂျင်းအပြာနုရောင်လေးတွေက နွေရာသီရဲ့အငွေ့အသက်လေးတွေကိုခံစားနေတယ်ဆိုပေမယ့် ဆောင်း ရာသီလည်းဝတ်ဆင်နိုင်ပါတယ်။ အပြာနုရောင်ဂျင်းဘောင်းဘီလေးနဲ့ အရောင်ရင့်ကုတ်အင်္ကျီကလေး အနွေးထည်လေးတစ်ထည်နဲ့တွဲဖက်ဝတ်ဆင်မယ်ဆိုရင် ကိုယ်တိုင်လည်းပေါ့ပေါ့ပါးပါးနဲ့ နွေးထွေးနေစေ သလိုမြင်နေသူကိုလည်းနွေးထွေးစေပါတယ်။

နူးညံ့ချိုမြစေတဲ့အသွင်အပြင်
နောက်ထပ်အပြာနုရောင်ဂျင်းဝတ်စုံလေးတွေက ၀တ်ဆင်သူကိုနူးညံ့ပြီးချိုမြတဲ့အသွင်ဆောင်နေစေပါတယ်။ အပြာနုရောင်ဂျင်းဘောင်းဘီလေးနဲ့ ပန်းနုရောင် T-Shint လေးတစ်ထည်၊ အဖြူရောင်ဒေါက်ဖိနပ်လေး တစ်ရံတွဲဖက်ဝတ်ဆင်မယ်ဆိုရင် ၀တ်ဆင်သူကိုနူးညံ့တဲ့မိန်းကလေးတစ်ယောက် အသွင်ဆောင်နေစေ ပါတယ်။

တွဲဖက်ဝတ်ဆင်ပါ
အရောင်ရင့်ဂျင်းဘောင်းဘီနဲ့ အရောင်ရင့်ဂျင်းဂျာကင်ကိုတွဲဖက်ဝတ်ဆင်မယ်ဆိုရင် ကိုယ်တိုင်ရော ၀တ်ဆင်သူကိုပါပူလောင်စေပါတယ်။ အရောင်နုဂျင်းဘောင်းဘီလေးနဲ့ အရောင်ရင့်ဂျင်းဂျာကင်လေး တွဲဖက်ဝတ်ဆင်မယ်ဆိုရင်တော့ အေးမြတဲ့အသွင်ဆောင်စေပါတယ်။ အဲဒီတော့ အရောင်အရင့်နဲ့ အနုကိုနှစ်သက်သလိုတွဲဖက်ဝတ်ဆင်ပါ။

မာကျောတဲ့အသွင်ဆောင်ချင်တယ်ဆိုရင်
ကိုယ့်ရဲ့အသွင်အပြင်ကိုခပ်မာမာမိန်းကလေးတစ်ယောက်အသွင်ဆောင်နေချင်ရင်တော့ အပြာနုရောင်ဂျင်းဘောင်းဘီလေးရယ် ရှပ်အင်္ကျီလက်ရှည်လေးတစ်ထည်တွဲဖက်ဝတ်ဆင်ပြီး ဆံပင်လေးကိုဖြန့်ထားလိုက်မယ်ဆိုရင် ကိုယ့်ရဲ့အသွင်အပြင်ကိုခပ်မာမာလေးနဲ့ ဆွဲဆောင်မှုရှိသွားစေပါလိမ့်မယ်။

အရောင်နုရွေးချယ်ပါ
ဂျင်းအရောင်နုလေးတွေက တခြားအရောင်နုသလေးတွေနဲ့ပိုပြီးလိုက်ဖက်ပါတယ်။ မက်မွန်သီးအရောင်၊ ပန်းရောင်၊ ထောပတ်ရောင်နဲ့ လာဗင်ဒါခရမ်းရောင်တွေက ဂျင်းအပြာနုလေးတွေနဲ့ပိုပြီးလိုက်ဖက်တင့်တယ်ပါတယ်။ ၀တ်ဆင်သူကို နူးညံ့ပျော့ပျောင်းသွားစေတဲ့အသွင်ဆောင်စေပါတယ်။

အနက်ရောင်
ဂျင်းအပြာနုလေးတွေနဲ့တွဲစပ်ဖို့အကောင်းဆုံးကတော့ အနက်ရောင်ပါပဲ။ အနက်ရောင်က ၀တ်ဆင်သူကိုဂန္တ၀င်ဆန်သွားစေသလို ဂျင်းအပြာနုနဲ့တွဲစပ၀တ်ဆင်လိုက်တဲ့အတွက် ဆန့်ကျင်ဘက်နှစ်မျိုးနဲ့ဆွဲဆောင်မှုရှိနေစေပါတယ်။

Crystal
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment